သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံေရာက္ ေရလုပ္သားေတြအတြက္ အလုပ္လုပ္ခြင့္ဗီဇာ ၂ ႏွစ္တိုးေပး


စမြတ္ဆခြန္ျပည္နယ္က Thai Union factory (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ေဒၚလာ ဘီလီယံေပါင္းမ်ားစြာနဲ႔ လည္ပတ္ေနတဲ့ ထိုင္းငါးဖမ္းလုပ္ငန္းမွာ ေရ လုပ္သားေတြလိုအပ္ခ်က္ရွိေနတာေၾကာင့္ ထိုင္းအစိုးရက သူ႔ႏိုင္ငံအတြင္းမွာရွိေနၿပီးသား ျမန္မာအပါအဝင္ အိမ္နီးခ်င္း ၄ႏိုင္ငံေတြကေနလာတဲ့ လုပ္သားေတြထဲက ေရလုပ္သားလက္မွတ္ ကိုင္ေဆာင္ဘူးသူေတြကို ၂ႏွစ္ အလုပ္လုပ္ခြင့္ဗီဇာေပးမယ္လို႔ ဒီရက္ပိုင္းမွာပဲ ထုတ္ျပန္လိုက္ပါတယ္။ ဒါဟာ ထိုင္းႏိုင္ငံအတြင္းမွာ ေရလုပ္သားရွားပါးမူကို ေျဖရွင္းႏိုင္ဖို႔အတြက္ ေနာက္ထပ္ ဖိတ္ေခၚခ်က္ျဖစ္တယ္လို႔လည္း အလုပ္သမားေရးေဆာင္႐ြက္ေနသူေတြက ဆိုပါတယ္။ ဒီအေၾကာင္း ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံဟာ ကမာၻမွာပင္လယ္စာ ထုတ္လုပ္တင္ပို႔မႈ တတိယအႀကီးဆုံး ႏိုင္ငံျဖစ္ၿပီး ေဒၚလာဘီလီယံေပါင္းမ်ားစြာနဲ႔ လည္ပတ္ေနတာပါ ။ႏိုင္ငံဝင္ေငြအမ်ားဆုံးရရွိတဲ့ ပင္လယ္စာလုပ္ငန္းဟာ ေရလုပ္သားေတြအေပၚမွာ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြရွိခဲ့ၿပီး နာမည္ပ်က္ခဲ့တာေၾကာင့္ အီးယူဥေရာပႏိုင္ငံေတြနဲ႔အေနာက္ႏိုင္ငံေတြရဲ႕ပိတ္ဆို႔မႈေတြနဲ႔ ေဝဖန္မႈေတြျပင္းျပင္းထန္ထန္ခံခဲ့ရပါတယ္။ ဒီေနာက္မွာေတာ့ ထိုင္းအစိုးရဟာ ငါးဖမ္းလုပ္ငန္းမွာ ဥပေဒအသစ္ေတြထုတ္ျပန္ၿပီး ၾကပ္ၾကပ္မတ္မတ္ ေျပာင္းလဲသတ္မွတ္ေပးခဲ့ေပမယ့္ လည္း ေရလုပ္ငန္းရွင္ေတြနဲ႔အစိုးရၾကားမွာလည္း ညႇိႏိုင္းမရတာေတြျဖစ္ခဲ့သလို ျမန္မာႏိုင္ငံဘက္ကလည္းေရလုပ္သားေတြ ေခၚယူဖို႔ကိစၥေတြလည္းၾကန႔္ၾကာေနခဲ့ပါတယ္

အခုအခါမွာေတာ့ သူ႔ႏိုင္ငံအတြင္းမွာရွိေနတဲ့ ျမန္မာအပါအဝင္ အိမ္နီးခ်င္း၄ႏိုင္ငံက ေရလုပ္သားအျဖစ္ အလုပ္လုပ္မယ့္သူေတြကို အလုပ္လုပ္ခြင့္၂ႏွစ္ဗီဇာေပးမယ္ဆိုၿပိး ထပ္ၿပီးကမ္းလွမ္းခဲ့တာျဖစ္တယ္လို႔ ေ႐ႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္ရဲ႕ဥကၠ႒ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

“ဟိုးအရင္ကတည္းကလိုအပ္ေနတာကေတာ့ ေရလုပ္သားေတြပဲ။ အဲဒါကို ျမန္မာနဲ႔ တရားဝင္ MOU စာခ်ဳပ္ခ်ဳပ္ၿပီးေခၚယူဖို႔ ညႇိႏိုႈင္းတာလည္း မရခဲ့ဘူး။ ေရမွာေကာ ကုန္းမွာေကာ လုပ္သားေတြရွားပါးျပတ္လတ္တဲ့အတြက္ ၂၀၂၁ ခုႏွစ္မွာ တရားဝင္ အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ ျမန္မာ၊ ကေမာၻဒီးယား၊ လာအိုဝ့္ ႏိုင္ငံေတြကေန တရားဝင္လုပ္သား ၄ သိန္းရေအာင္ တရားဝင္စာခ်ဳပ္ေတြနဲ႔ေခၚမယ္ဆိုၿပီးစီစဥ္ခဲ့ၾကပါတယ္။

အခု MOU နဲ႔ေခၚတဲ့လုပ္သားေတြဝင္လာၾကေပမယ့္ ႏွစ္ႏိုင္ငံ သုံးႏိုင္ငံကေန ေပါ့။ ဒါေပမယ့္ ေရလုပ္သားအေနနဲ႔ တရားဝင္လာတဲ့သူေတြမရွိတဲ့အတြက္ ပင္လယ္ငါးဖမ္းလုပ္ငန္းေတြမွာ လိုအပ္တဲ့လုပ္သားေတြျပတ္လတ္ေနတဲ့လုပ္သားေတြရရွိဖို႔အတြက္ နည္းလမ္းအသစ္ေတြ ဖန္တီးလိုက္တယ္။ ထိုင္းႏိုင္ငံတြင္းေရာက္ရွိေနၾကတဲ့ ၄ႏိုင္ငံက ျမန္မာ၊ ကေမာၻဒီးယား၊ လာအိုဝ့္၊ ဗီယက္နမ္ လုပ္သားေတြထဲက သူတို႔ဆီမွာ တရားဝင္ ပတ္စပို႔လည္းရွိရမယ္၊ ေရလုပ္ သားအျဖစ္ လုပ္ကိုင္ဖူးတဲ့လက္မွတ္ေတြလည္းရွိရမယ္။ အဲဒီပုဂိုလ္မ်ိဳးေတြက ပင္လယ္ငါးဖမ္းလုပ္ငန္းေတြမွာ တိုက္႐ိုက္အလုပ္ေလ်ာက္လို႔ရၿပီ။ ထိုင္းအစိုးရက ခြင့္ျပဳထားတာကေတာ့ ၂ႏွစ္သက္တမ္းရွိတဲ့ အလုပ္လုပ္ခြင့္လက္မွတ္ကို ထုတ္လုပ္ေပးမယ္လို႔ ေၾကညာထားပါတယ္။”

ထိုင္းႏိုင္ငံရဲ႕ဝင္ေငြအရဆုံး ပင္လယ္စာလုပ္ငန္းဟာ ပင္လယ္ငါးဖမ္းလုပ္ငန္းကိုအမွီျပဳေနရတဲ့အတြက္ ငါးဖမ္းလုပ္ငန္းေတြတိုးတက္လာဖို႔ အခုလိုေရလုပ္သားေတြကို ေခၚယူေနရတာျဖစ္ပါတယ္။ ကိုဗစ္ကပ္ေဘးေၾကာင့္ စီးပြာေရးက်ဆင္းေနတာကို ျပန္လည္ထူေထာင္ဖို႔နဲ႔ ရပ္နားထားရတဲ့ငါးဖမ္းေလွေတြအတြက္ေရလုပ္သားေတြလိုအပ္ေနတာေၾကာင့္အခုလိုဖိတ္ေခၚေနတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

“ထိုင္းႏိုင္ငံရဲ႕ပင္လယ္စာလုပ္ငန္းရဲ႕၈၀ ရာခိုင္ႏႈန္းကေတာ့ EU ဥေရာပႏိုင္ငံေတြနဲ႔ အေနာက္ႏိုင္ငံေတြကိုေပးပို႔ၿပီးေတာ့မွ ပင္လယ္စာနဲ႔ရရွိတာကေတာ့ တိုင္းျပည္ ဘ႑ာေငြေတြအမ်ားႀကီးရွိတယ္။ ဒီပင္လယ္စာေတြထုတ္လုပ္ဖို႔ ကလည္း ငါးဖမ္းေလွေတြကလည္း စဥ္ဆက္မျပတ္ပုံမွန္လည္ပတ္ေနမွ ကုန္းေပၚမွာ တိုးတက္ျမင့္မားလာမွာျဖစ္တယ္။ ကိုဗစ္ေၾကာင့္ရပ္နားေနရတဲ့အေနအထားေတြ ေနာက္ထပ္ ေရလုပ္သမားမျပည့္စုံလို႔ ငါးဖမ္းလုပ္ငန္းေတြရပ္တန႔္ေနရတဲ့အေနအထားေတြကို တခါျပန္ၿပီး အသက္သြင္းၿပီး ပုံမွန္လည္ပတ္ဖို႔အခုလိုျပန္ၿပီး ဖိတ္ေခၚလိုက္တာျဖစ္ပါတယ္။”

ထိုင္းပင္လယ္စာ ထုတ္လုပ္တင္ပို႔မႈဟာ ကမာၻမွာ တတိယအႀကီးဆုံး ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလုပ္ငန္းမွာ အမ်ားဆုံးလုပ္ကိုင္ေနတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြအေပၚ ကြၽန္ျပဳခိုင္းေစမႈေတြနဲ႔ လူကုန္ကူးမႈေတြ ရွိေနေၾကာင္း သတင္းေတြ ထြက္လာတဲ့အတြက္ ထိုင္းပင္လယ္စာလုပ္ငန္း တင္ပို႔မႈဟာ မၾကာေသးခင္ႏွစ္ေတြအတြင္းက အေတာ္ေလး နာမည္ပ်က္ခဲ့တာပါ။ အဲဒီမွာအလုပ္လုပ္ကိုင္သူအမ်ားစုက ျမန္မာႏိုင္ငံသားေတြျဖစ္ၾကပါတယ္လို႔လည္း ဦးေအာင္ေက်ာ္က ဆိုပါတယ္။

“ထိုင္းႏိုင္ငံမွာနာမည္ဆိုးနဲ႔ေက်ာ္ၾကားေနတာကေတာ့ ေလွလုပ္ငန္းေတြမွာ ဆိုရင္ အလုပ္သမားေတြက စာ႐ြက္စာတမ္းေတြသိမ္းဆည္းခံရတယ္။ ဘယ္မွ သြားလာလို႔မရဘူး။ လုပ္အားခံေတြကလည္း ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့အခေၾကးေငြအတိုင္းမရဘူး။”

GSP အစီအစဥ္လို႔ေခၚတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးကို ခံစားခြင့္ရွိတဲ့ထိုင္းႏိုင္ငံဟာ ထိုင္းငါးဖမ္းလုပ္ငန္းမွာ ေရလုပ္သားေတြရဲ႕ ရပိုင္ခြင့္ တိုးတက္ေအာင္ ႀကိဳးစားဖို႔ ပ်က္ကြက္ခဲ့တဲ့ေနာက္ပိုင္း ထိုင္းပင္လယ္စာလုပ္ငန္းေတြအတြက္ အေမရိကန္ကေပးထားတဲ့ ကုန္သြယ္ေရးဆိုင္ရာ အထူးအခြင့္အေရးေတြကို အေမရိကန္သမၼတ Donald Trump လက္ထက္ကဆိုင္းငံ့ခဲ့တာေတြလည္းရွိခဲ့ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=======

[[Unicode]]

ထိုင်းနိုင်ငံရောက် ရေလုပ်သားတွေအတွက် အလုပ်လုပ်ခွင့်ဗီဇာ ၂ နှစ်တိုးပေး

ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ရေ လုပ်သားတွေလိုအပ်ချက်ရှိနေတာကြောင့် ထိုင်းအစိုးရက သူ့နိုင်ငံအတွင်းမှာရှိနေပြီးသား မြန်မာအပါအဝင် အိမ်နီးချင်း ၄နိုင်ငံတွေကနေလာတဲ့ လုပ်သားတွေထဲက ရေလုပ်သားလက်မှတ် ကိုင်ဆောင်ဘူးသူတွေကို ၂နှစ် အလုပ်လုပ်ခွင့်ဗီဇာပေးမယ်လို့ ဒီရက်ပိုင်းမှာပဲ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအတွင်းမှာ ရေလုပ်သားရှားပါးမူကို ဖြေရှင်းနိုင်ဖို့အတွက် နောက်ထပ် ဖိတ်ခေါ်ချက်ဖြစ်တယ်လို့လည်း အလုပ်သမားရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာမှာပင်လယ်စာ ထုတ်လုပ်တင်ပို့မှု တတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး ဒေါ်လာဘီလီယံပေါင်းများစွာနဲ့ လည်ပတ်နေတာပါ ။နိုင်ငံဝင်ငွေအများဆုံးရရှိတဲ့ ပင်လယ်စာလုပ်ငန်းဟာ ရေလုပ်သားတွေအပေါ်မှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိခဲ့ပြီး နာမည်ပျက်ခဲ့တာကြောင့် အီးယူဥရောပနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေနဲ့ ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ ထိုင်းအစိုးရဟာ ငါးဖမ်းလုပ်ငန်းမှာ ဥပဒေအသစ်တွေထုတ်ပြန်ပြီး ကြပ်ကြပ်မတ်မတ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပေမယ့် လည်း ရေလုပ်ငန်းရှင်တွေနဲ့အစိုးရကြားမှာလည်း ညှိနိုင်းမရတာတွေဖြစ်ခဲ့သလို မြန်မာနိုင်ငံဘက်ကလည်းရေလုပ်သားတွေ ခေါ်ယူဖို့ကိစ္စတွေလည်းကြန့်ကြာနေခဲ့ပါတယ်

အခုအခါမှာတော့ သူ့နိုင်ငံအတွင်းမှာရှိနေတဲ့ မြန်မာအပါအဝင် အိမ်နီးချင်း၄နိုင်ငံက ရေလုပ်သားအဖြစ် အလုပ်လုပ်မယ့်သူတွေကို အလုပ်လုပ်ခွင့်၂နှစ်ဗီဇာပေးမယ်ဆိုပြိး ထပ်ပြီးကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“ဟိုးအရင်ကတည်းကလိုအပ်နေတာကတော့ ရေလုပ်သားတွေပဲ။ အဲဒါကို မြန်မာနဲ့ တရားဝင် MOU စာချုပ်ချုပ်ပြီးခေါ်ယူဖို့ ညှိနိုှုင်းတာလည်း မရခဲ့ဘူး။ ရေမှာကော ကုန်းမှာကော လုပ်သားတွေရှားပါးပြတ်လတ်တဲ့အတွက် ၂၀၂၁ ခုနှစ်မှာ တရားဝင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုဝ့် နိုင်ငံတွေကနေ တရားဝင်လုပ်သား ၄ သိန်းရအောင် တရားဝင်စာချုပ်တွေနဲ့ခေါ်မယ်ဆိုပြီးစီစဉ်ခဲ့ကြပါတယ်။

အခု MOU နဲ့ခေါ်တဲ့လုပ်သားတွေဝင်လာကြပေမယ့် နှစ်နိုင်ငံ သုံးနိုင်ငံကနေ ပေါ့။ ဒါပေမယ့် ရေလုပ်သားအနေနဲ့ တရားဝင်လာတဲ့သူတွေမရှိတဲ့အတွက် ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ လိုအပ်တဲ့လုပ်သားတွေပြတ်လတ်နေတဲ့လုပ်သားတွေရရှိဖို့အတွက် နည်းလမ်းအသစ်တွေ ဖန်တီးလိုက်တယ်။ ထိုင်းနိုင်ငံတွင်းရောက်ရှိနေကြတဲ့ ၄နိုင်ငံက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုဝ့်၊ ဗီယက်နမ် လုပ်သားတွေထဲက သူတို့ဆီမှာ တရားဝင် ပတ်စပို့လည်းရှိရမယ်၊ ရေလုပ် သားအဖြစ် လုပ်ကိုင်ဖူးတဲ့လက်မှတ်တွေလည်းရှိရမယ်။ အဲဒီပုဂိုလ်မျိုးတွေက ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ တိုက်ရိုက်အလုပ်လျောက်လို့ရပြီ။ ထိုင်းအစိုးရက ခွင့်ပြုထားတာကတော့ ၂နှစ်သက်တမ်းရှိတဲ့ အလုပ်လုပ်ခွင့်လက်မှတ်ကို ထုတ်လုပ်ပေးမယ်လို့ ကြေညာထားပါတယ်။”

ထိုင်းနိုင်ငံရဲ့ဝင်ငွေအရဆုံး ပင်လယ်စာလုပ်ငန်းဟာ ပင်လယ်ငါးဖမ်းလုပ်ငန်းကိုအမှီပြုနေရတဲ့အတွက် ငါးဖမ်းလုပ်ငန်းတွေတိုးတက်လာဖို့ အခုလိုရေလုပ်သားတွေကို ခေါ်ယူနေရတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် စီးပွာရေးကျဆင်းနေတာကို ပြန်လည်ထူထောင်ဖို့နဲ့ ရပ်နားထားရတဲ့ငါးဖမ်းလှေတွေအတွက်ရေလုပ်သားတွေလိုအပ်နေတာကြောင့်အခုလိုဖိတ်ခေါ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ထိုင်းနိုင်ငံရဲ့ပင်လယ်စာလုပ်ငန်းရဲ့၈၀ ရာခိုင်နှုန်းကတော့ EU ဥရောပနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကိုပေးပို့ပြီးတော့မှ ပင်လယ်စာနဲ့ရရှိတာကတော့ တိုင်းပြည် ဘဏ္ဍာငွေတွေအများကြီးရှိတယ်။ ဒီပင်လယ်စာတွေထုတ်လုပ်ဖို့ ကလည်း ငါးဖမ်းလှေတွေကလည်း စဉ်ဆက်မပြတ်ပုံမှန်လည်ပတ်နေမှ ကုန်းပေါ်မှာ တိုးတက်မြင့်မားလာမှာဖြစ်တယ်။ ကိုဗစ်ကြောင့်ရပ်နားနေရတဲ့အနေအထားတွေ နောက်ထပ် ရေလုပ်သမားမပြည့်စုံလို့ ငါးဖမ်းလုပ်ငန်းတွေရပ်တန့်နေရတဲ့အနေအထားတွေကို တခါပြန်ပြီး အသက်သွင်းပြီး ပုံမှန်လည်ပတ်ဖို့အခုလိုပြန်ပြီး ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။”

ထိုင်းပင်လယ်စာ ထုတ်လုပ်တင်ပို့မှုဟာ ကမ္ဘာမှာ တတိယအကြီးဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းမှာ အများဆုံးလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ကျွန်ပြုခိုင်းစေမှုတွေနဲ့ လူကုန်ကူးမှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်လာတဲ့အတွက် ထိုင်းပင်လယ်စာလုပ်ငန်း တင်ပို့မှုဟာ မကြာသေးခင်နှစ်တွေအတွင်းက အတော်လေး နာမည်ပျက်ခဲ့တာပါ။ အဲဒီမှာအလုပ်လုပ်ကိုင်သူအများစုက မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်လို့လည်း ဦးအောင်ကျော်က ဆိုပါတယ်။

“ထိုင်းနိုင်ငံမှာနာမည်ဆိုးနဲ့ကျော်ကြားနေတာကတော့ လှေလုပ်ငန်းတွေမှာ ဆိုရင် အလုပ်သမားတွေက စာရွက်စာတမ်းတွေသိမ်းဆည်းခံရတယ်။ ဘယ်မှ သွားလာလို့မရဘူး။ လုပ်အားခံတွေကလည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့အခကြေးငွေအတိုင်းမရဘူး။”

GSP အစီအစဉ်လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ခံစားခွင့်ရှိတဲ့ထိုင်းနိုင်ငံဟာ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ရေလုပ်သားတွေရဲ့ ရပိုင်ခွင့် တိုးတက်အောင် ကြိုးစားဖို့ ပျက်ကွက်ခဲ့တဲ့နောက်ပိုင်း ထိုင်းပင်လယ်စာလုပ်ငန်းတွေအတွက် အမေရိကန်ကပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေကို အမေရိကန်သမ္မတ Donald Trump လက်ထက်ကဆိုင်းငံ့ခဲ့တာတွေလည်းရှိခဲ့ပါတယ်ရှင်။

=======

XS
SM
MD
LG