သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကလေးထိန်းကျောင်း သေဆုံးခဲ့သူတွေအတွက် ရေစက်ချ အမျှဝေ


Portraits of young victims of a mass shooting in a nursery are displayed atop their coffins as funeral preparations get underway at Wat Si Uthai temple in Thailand's northeastern Nong Bua Lam Phu province.
Portraits of young victims of a mass shooting in a nursery are displayed atop their coffins as funeral preparations get underway at Wat Si Uthai temple in Thailand's northeastern Nong Bua Lam Phu province.

ထိုင်းနိုင်ငံမြောက်ပိုင်းက နေ့ကလးထိန်းကျောင်းမှာ ဓါးနဲ့ခုတ် သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတဲ့ ကလေးငယ်တွေ အပါအဝင် သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ ဒီနေ့ ဘုန်းကြီးကျောင်းတွေမှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်အမျှဝေခဲ့ကြပါတယ်။

ကလေးငယ်တွေရဲ့ အလောင်းလေးတွေကို ဘုန်းကြီးကျောင်းတွေမှာ သူတို့ရဲ့ ဓာတ်ပုံနဲ့ အမှတ်တရ ပစ္စည်းလေးတွေ၊ ပန်းတွေနဲ့အတူ အခုလို ရေစက်ချအမျှဝေ ဆုတောင်းပေးခဲ့ကြတာပါ။

Nong Bua Lamphu ပြည်နယ်က ဒီကျောင်းထဲ နေ့လည်တရေးအိပ်ချိန် ရဲဝန်ထမ်းဟောင်းလက်ချက်နဲ့ အသတ်ခံခဲ့ရတဲ့ ကလေးငယ် ၂၄ ဦးအပါအဝင် လူပေါင်း ၃၆ ဦးရဲ့ အလောင်းတွေကို ဘုန်းကြီးကျောင်း ၃ ခုမှာ စုပြီးလုပ်တဲ့ ဘာသာရေးပွဲထဲ မိသားစုဝင်တွေ ငိုကြီးရှိုက်ငင် ဖြစ်ခဲ့ရပါတယ်။

ဒီလထဲ မွေးဖို့ရှိနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ကျောင်းဆရာမပါ သေဆုံးခဲ့ရတာအတွက်လည်း ခင်ပွန်းဖြစ်သူ အသက် ၂၈ နှစ်အရွယ် Seksan Sriraj က မျက်ရည် ခမ်းခြောက်လုနီး ငိုကြွေးရတယ်လို့ ပြောပါတယ်။ ဇနီးနဲ့ ဝမ်းထဲက ကလေးလေး ကောင်းရာသုဂတိလား ပါစေလို့ ဆုတောင်ပေးတာကို AP သတင်းက ဖော်ပြခဲ့ပါတယ်။

မူးယစ်မှုနဲ့ အလုပ်ကထုတ်ခံထားရတဲ့ ရဲဝန်ထမ်းဟောင်းတယောက်က တနေ့တုန်းက ကျောင်းတွင်းဝင် ပစ်ခတ်ခံခဲ့ရသူတွေအတွက် အခုလို ဝမ်းနည်းခြင်း အခမ်းအနား ၃ ရက်ကြာလုပ်ပြီးမှ အသုဘအခမ်းအနားတွေကို ကျင်းပမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Prayuth Chan-Ocha နဲ့ ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းနဲ့ မိဖုရားတို့လည်း မနေ့က Uthai Sawan မြို့ရှိ ဒီကျောင်းနဲ့ ဒဏ်ရာရသူတွေရှိရာ ဆေးရုံကို လာရောက်ပြီး ကျန်ရစ်သူ မိသားစုတွေကို ထောက်ပံ့ငွေတွေနဲ့အတူ နှစ်သိမ့်အားပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို ကလေးငယ်အများအပြားပါတဲ့ အစုလိုက် သတ်ဖြတ်ခံရမှုအတွက် နိုင်ငံတဝန်းအပြင်၊ ပြည်ပရောက်ထိုင်းတွေလည်း ပူဆွေးသောက ရောက်နေကြပါတယ်။

==== Unicode =====









XS
SM
MD
LG