သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်


ညွန့်ပေါင်းဖွဲ့မယ့် ပါတီ ၇ ခုက ခေါင်းဆောင်တွေနဲ့အတူ သတင်းစာရှင်းပွဲမှာတွေ့ရတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ လင်မ်ချာရိုအင်လတ်
ညွန့်ပေါင်းဖွဲ့မယ့် ပါတီ ၇ ခုက ခေါင်းဆောင်တွေနဲ့အတူ သတင်းစာရှင်းပွဲမှာတွေ့ရတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ လင်မ်ချာရိုအင်လတ်

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ မျှော်လင့်မထားလောက်အောင် အနိုင်ရခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်က ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ အခြေအနေကောင်းနေပြီလို့ ပြောကြားလိုက်ပါတယ်။ တည်ငြိမ်ပြီး မျှတတဲ့ အစိုးရတရပ်ဖွဲ့နိုင်အောင် နောက်ထပ်ပါတီတွေရဲ့ ထောက်ခံမှုရမယ်လို့ အခိုင်အမာယုံကြည်တယ်လို့ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat (ပီတာ လင်မ်ချာရိုအင်လတ်) ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ အတော်လေးရုပ်လုံးပေါ်လာနေပြီဆိုတာ ပြည်သူလူထုကို အာမခံပြောချင်ပါတယ်။ သူဝန်ကြီးချုပ်ဖြစ်လာတဲ့ နေ့ရောက်တဲ့အထိ ရှင်းလင်းပြတ်သားတဲ့ လမ်းပေါ်မှာ အရှိန်အဟုန်နဲ့ ရှေ့ဆက်သွားနေပါပြီ"

သူ့ပါတီနဲ့အတူ ညွန့်ပေါင်းဖွဲ့မယ့် ပါတီ ၇ ခုက ခေါင်းဆောင်တွေနဲ့အတူ ဒီနေ့သတင်းစာရှင်းပွဲကို လုပ်ပြီး စည်းလုံးမှုရှိတယ်ဆိုတာကိုလည်း ပြသခဲ့ပါတယ်။ လွှတ်တော်အမတ်နေရာ ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ လောလောဆယ်အထိ ညွန့်ပေါင်းဖွဲ့မယ့် ပါတီ ၈ ပါတီပေါင်းရင် လွှတ်တော်အမတ် ၃၁၃ ယောက် နေရာရှိမှာဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လူငယ်အများစုရဲ့ ထောက်ခံမှုနဲ့ Move Forward ပါတီ အမတ်နေရာ အများစုအနိုင်ရခဲ့တာပါ။ အမတ်နေရာ ဒုတိယ အများဆုံးရထားတဲ့ Pheu Thai ပါတီလည်း ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူထားတဲ့ထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ ၈ ပါတီခေါင်းဆောင်တွေ မေလ ၂၂ ရက်နေ့မှာ လက်မှတ်ထိုးကြမယ့် ညွန့်ပေါင်းဖွဲ့ရေး နားလည်မှုစာချွန်လွှာ MoU ပါ အချက်တချို့နဲ့ပါတ်သက်လို့ Pheu Thai နဲ့ Move Forward ကြား သဘောထားကွဲမှုတွေ ရှိနေပါတယ်။

ထိုင်းတော်ဝင်မိသားစုတွေအပေါ် ဝေဖန်ရင် ထောင် ၃ နှစ်ကနေ ၁၅ နှစ်အထိ ထောင်ချခံရနိုင်တဲ့ lese-majeste ဥပဒေကို Move Forward ပါတီက ပြင်ဆင်မယ့် အစီအစဉ်အပါအဝင် တချို့ကိစ္စတွေကို Pheu Thai ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပါတီခေါင်းဆောင်က သတင်းစာရှင်းပွဲမှာ ပြောကြားတာကို BKK Post သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG