သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Move Forward ပါတီကို လူထုပါတီ Prachachon အဖြစ် အမည်ပြောင်း ဖွဲ့စည်း


Prachachon ပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် Natthaphong Ruengpanyawut နဲ့ ပါတီခေါင်းဆောင်များ ပါတီမိတ်ဆက်ပွဲမှာတွေ့ရစဉ် (ဩဂုတ် ၉၊ ၂၀၂၄)
Prachachon ပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် Natthaphong Ruengpanyawut နဲ့ ပါတီခေါင်းဆောင်များ ပါတီမိတ်ဆက်ပွဲမှာတွေ့ရစဉ် (ဩဂုတ် ၉၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ တရားရုံးအမိန့်နဲ့ ဖျက်သိမ်းခဲ့ရတဲ့ အဓိက အတိုက်အခံပါတီက နာမည်သစ် ခေါင်းဆောင်သစ်နဲ့ ပါတီကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရခဲ့တဲ့ Move Forward ပါတီကို လူထုပါတီလို့ အဓိပ္ပါယ်ရတဲ့ Prachachon လို့နာမည်သစ်ပေးပြီး နည်းပညာပိုင်း စွန့်ဦးတီထွင်သူ အသက် ၃၇ နှစ်အရွယ် Natthaphong Ruengpanyawut ကိုခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေ၊ အတွေးအခေါ်တွေ၊ မူဝါဒတွေအတိုင်း ရှေ့ဆက်သွားပြီး ထိုင်းပြည်သူတွေရဲ့ ဘဝတွေ သာယာဝပြောလာအောင် လုပ်နိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။ နိုင်ငံရေးပါတီဟောင်းတွေနဲ့ ဆက်ဆံနိုင်ဖို့ အပြောင်းအလဲ လုပ်မှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအခြေအနေ ပိုကောင်းလာဖို့နဲ့၊ ထိုင်းလူမှုအသိုင်းတွေ ပိုမိုကောင်းမွန်လာဖို့ အပြောင်းအလဲတွေကို လုပ်မှာဖြစ်ပါတယ်။ ထိုင်းပြည်သူတွေနဲ့ ကမ္ဘာကြီးက ကျွန်တော်တို့ကို ယုံကြည်မှုရှိစေချင်ပါတယ်"

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်ရင် ရာဇဝတ်မှုမြောက်တဲ့ ဥပဒေ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ကတိကြောင့် Move Forward ပါတီကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်ခဲ့ပြီး ၂ ရက်အကြာမှာ ပါတီကို နာမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ လွှတ်တော်အမတ် Pita Limjaroenrat အပါအဝင် Move Forward ပါတီအမှုဆောင်ဘုတ်အဖွဲ့ဝင်တွေကိုတော့ ၁၀ နှစ် နိုင်ငံရေးမလုပ်ရလို့ တရားရုံးက တားမြစ်ထားပါတယ်။

တရားဝင်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေသူအားလုံး ပါတီသစ်ကို ပြောင်းလဲပါဝင်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ အထိမခံနိုင်တဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေးကိုတော့ လွှတ်တော်တွင်း အများသဘောနဲ့ ဆွေးနွေး အဖြေရှာ သွားနိုင်မယ်လို့ ထင်မြင်ကြောင်း ပါတီသစ်ခေါင်းဆောင်က ဒီနေ့ ဘန်ကောက်မြို့မှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Move Forward ပါတီကို လူထုပါတီ Prachachon အဖြစ် အမည်ပြောင်း ဖွဲ့စည်း
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG