သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Move Forward ပါတီဖျက်သိမ်းဖို့ ထိုင်းဖွဲ့စည်းပုံဥပဒေတရားရုံး ဆုံးဖြတ်


 ပါတီခေါင်းဆောင်တဦးဖြစ်သူ Pita Limjaroenrat ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရှေ့တွေ့ရစဉ် (ဩဂုတ် ၇၊ ၂၀၂၄)
ပါတီခေါင်းဆောင်တဦးဖြစ်သူ Pita Limjaroenrat ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရှေ့တွေ့ရစဉ် (ဩဂုတ် ၇၊ ၂၀၂၄)

ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ Move Forward Party ကို ဖျက်သိမ်းဖို့ ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ အများကြည်ညိုလေးစားတဲ့ ပါတီခေါင်းဆောင် Pita Limjaroenrat နဲ့ တခြား ထိပ်တန်းခေါင်းဆောင် ၁၀ ယောက်ကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ပါတယ်။

တော်ဝင်မိသားစု ဂုဏ်သိက္ခာ ထိခိုက်အောင် ပြောဆိုမှုတွေအတွက် အရေးယူလေ့ရှိတဲ့ ပြင်းထန်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲမှာ ကတိပြုခဲ့တယ်ဆိုပြီး Move Forward Party ကို ဖျက်သိမ်းဖို့ ထိုင်းတရားရုံးက ဆုံးဖြတ်လိုက်တာပါ။

Move Forward ပါတီဟာ ပြီးခဲ့တဲ့နှစ် မေလ ရွေးကောက်ပွဲမှာ ထိုင်းပြည်သူတွေရဲ့ ထောက်ခံမှု အများစု ရခဲ့တဲ့ ပါတီဖြစ်သလို လွှတ်တော်နေရာ အများစု ရခဲ့တဲ့ ပါတီဖြစ်ပေမဲ့လည်း ရှေးရိုးစွဲနိုင်ငံရေး သမားတွေရဲ့ ဆန့်ကျင်မှုတွေကြောင့် အစိုးရမဖွဲ့နိုင်ခဲ့ပါဘူး။ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို ထိခိုက်စေတဲ့ ပြောဆိုမှုတွေဟာ ထိုင်းနိုင်ငံမှာ နှစ်ရှည်ကျင့်သုံးခဲ့တဲ့ စည်းမျဉ်းခံ ဘုရင် စနစ်ကို ဖျက်ဆီးတာဆိုပြီး ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပြောဆိုပါတယ်။

ပါတီရုံးချုပ်မှာတွေ့ရတဲ့ ထောက်ခံသူများ (ဩဂုတ် ၇၊ ၂၀၂၄)
#Thailand #Moveforward
ပါတီရုံးချုပ်မှာတွေ့ရတဲ့ ထောက်ခံသူများ (ဩဂုတ် ၇၊ ၂၀၂၄)

Move Forward ပါတီဟာ ထိုင်း ဘုရင်စနစ်ကို ဝေဖန်ခွင့်ပိတ်ပင်တဲ့ ဥပဒေကို ပြင်ဆင်ဖို့အပြင် စစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေကို ပြုပြင်ပြောင်းလဲဖို့ ပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ကတိပြုခဲ့ပါတယ်။

ဒေသအတွင်း လူ့အခွင့်အရေးအဖွဲ့တွေကတော့ Move Forward Party ကို ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီအခြေခံမှုတွေကို တိုက်ခိုက်တဲ့ လုပ်ရပ်ဆိုပြီး ကန့်ကွက် ဝေဖန်နေပါတယ်။ ဒီမိုကရေစီရေး တိုးတက်အောင် လုပ်ဆောင်ဖို့ ထိုင်းအစိုးရ ပေးထားတဲ့ ကတိကဝတ်တွေကို သေးသိမ်အောင် လုပ်တာလို့လည်း ပြေဆို ဝေဖန်နေကြပါတယ်။

Move Forward ပါတီဖျက်သိမ်းဖို့ ထိုင်းဖွဲ့စည်းပုံဥပဒေတရားရုံး ဆုံးဖြတ်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG