သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူလက်ထပ်ခွင့်ဥပဒေ ထိုင်းအထက်လွှတ်တော် အတည်ပြု


လိင်တူလက်ထပ်ခွင့်ဥပဒေ ထိုင်းအထက်လွှတ်တော် အတည်ပြုပြီးတဲ့နောက် LGBTQ+ အသိုင်းအဝိုင်းအဖွဲံဝင်များကို ဘန်ကောက်မြို့ အစိုးရဧည့်ရိပ်သာရှေ့တွင်တွေ့ရစဉ် (ဇွန် ၁၈၊ ၂၀၂၄)
လိင်တူလက်ထပ်ခွင့်ဥပဒေ ထိုင်းအထက်လွှတ်တော် အတည်ပြုပြီးတဲ့နောက် LGBTQ+ အသိုင်းအဝိုင်းအဖွဲံဝင်များကို ဘန်ကောက်မြို့ အစိုးရဧည့်ရိပ်သာရှေ့တွင်တွေ့ရစဉ် (ဇွန် ၁၈၊ ၂၀၂၄)

ထိုင်းနိုင်ငံမှာ လိင်တူ စုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့် ဥပဒေကြမ်းကို ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ ထိုင်း အထက်လွှတ်တော်က တခဲနက် မဲခွဲ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို မတ်လကုန်ကတည်းက ထိုင်းအောက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး အခုအထက်လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် ထိုင်းဘုရင်မင်းမြတ် လက်မှတ်ရေးထိုးပြီးရင် ရက်ပေါင်း ၁၂၀ အတွင်းမှာ ဥပဒေအဖြစ် စတင်အသက်ဝင်မှာဖြစ်ပါတယ်။

အခုလို ထိုင်းလွှတ်တော်က အတည်ပြုပေးလိုက်တာကြောင့် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ LGBTQ+ တွေ အိမ်ထောင်ပြုမှုဆိုင်ရာ အခွင့်အရေး တန်းတူရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။ ဆယ်စုနှစ် တခုကျော် ရေးဆွဲခဲ့တဲ့ LGBTQ+ လိင်တမူကွဲ၊ လိင်တူ စုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့် ဥပဒေကြမ်းကို ထိုင်းနိုင်ငံက အဓိကနိုင်ငံရေးပါတီကြီးတွေအားလုံးက ထောက်ခံထားတာပါ။

ဥပဒေအရ လိင်တူစုံမက်သူတွေဟာ သမားရိုးကျ အမျိုးသားနဲ့ အမျိုးသမီးအကြား လက်ထပ်တဲ့ အိမ်ထောင်ဘက်တွေလို နိုင်ငံသား အခွင့်အရေး ရပိုင်ခွင့်တွေ၊ ကလေးမွေးစားခွင့်နဲ့ အမွေဆက်ခံပိုင်ခွင့်တွေ တန်းတူရရှိဖို့ အာမခံထားပါတယ်။

Forum

XS
SM
MD
LG