သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦး အဓိကရုဏ်း လူ တဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရ


မြောက်ဦးပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတဦး (ဓါတ်ပုံ- မြောက်ဦးမြို့ခံလူငယ်တဦး) ၁၆ ဇန်နဝါရီလ ၂၀၁၈
မြောက်ဦးပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတဦး (ဓါတ်ပုံ- မြောက်ဦးမြို့ခံလူငယ်တဦး) ၁၆ ဇန်နဝါရီလ ၂၀၁၈

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ အခု ညပိုင်း လုံခြုံရေးရဲတပ်ဖွဲ့နဲ့ ဒေသခံ တက်ကြွလှုပ်ရှား သူ လူငယ်တွေအကြား ထိပ်တိုက်ဖြစ်ပြီး ရဲက ပစ်ခတ်လူစုခွဲခဲ့လို့ လူ တဦးသေဆုံးပြီး ၁၀ ဦး ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မြောက်ဦး နန်းရာကုန်းမှာ ပြုလုပ်မယ့် ဟောပြောပွဲကို ငြိမ်းစုစီ ဥပဒေအရ ခွင့်မပြုနိုင်ဘူးလို့ အာဏာပိုင်တွေဘက်က တားမြစ်ရာကနေ ဒေသခံလူငယ်တွေနဲ့ ရဲလုံခြုံရေးအကြား ပဋိပက္ခတွေဖြစ်ခဲ့တာပါ။ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးတဲ့နေ့ ဆိုပြီး ပြုလုပ်မယ့် ဟောပြောပွဲကို အာဏာပိုင်တွေက တားမြစ်ရာကနေ၊ ဒါကို မကျေနပ်ဘဲ မြောက်ဦးမြို့မှာ တက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တွေ ညပိုင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြ ပါတယ်။

အဲဒီလို လှည့်လည်ဆန္ဒပြရင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက်မှာ လုံခြုံရေး အာဏာပိုင်တွေနဲ့ ထပ်တိုက်ဖြစ်ပြီး ရဲက လူစုခွဲလို့ တဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီက မျက်မြင်တဦးက ဗွီအိုအေကို ပြောပါတယ်။

ဒီ ပွဲအတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီးသား ဖြစ်ပေမယ့် အချိန်ကပ်ပြီးတော့မှ ခွင့်ပြုချက် မပေးနိုင်ဘူးဆိုပြီး အာဏာပိုင်တွေက အကြောင်းကြားခဲ့တယ်လို့ ဟောပြော ပွဲမှာ ပါဝင်ဖို့ရှိတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဗွီအိုအေကို ပြောပါတယ်။ အခု နောက်ဆုံးချိန်အထိ မြောက်ဦးမြို့ထဲမှာ မတည်မငြိမ် ရှိနေပြီး ဒဏ်ရာရ သူတွေကတော့ မြောက်ဦးဆေးရုံ ရောက်ရှိနေပါတယ်။ မြန်မာ အာဏာပိုင်တွေဘက် ကတော့ တစုံတရာ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

XS
SM
MD
LG