သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း မူဘာရက်နဲ့သားများ ထိန်းသိမ်းခံရ


သမ္မတဟောင်း မူဘာရက်နဲ့သားများ ထိန်းသိမ်းခံရ
သမ္မတဟောင်း မူဘာရက်နဲ့သားများ ထိန်းသိမ်းခံရ

အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) အပေါ် အဂတိလိုက်စားမှုအတွက် စုံစမ်းစစ်ဆေးဖို့ ၁၅ ရက်ကြာ ထိန်းသိမ်းလိုက်ပါတယ်။ ပင်လယ်နီဒေသက အပမ်းဖြေမြို့ဖြစ်တဲ့ ရှမ်အယ်လ်ရှိက် (Sharm el-Sheikh) မှာ အာဏာပိုင်တွေက မေးမြန်းစစ်ဆေးမှုတွေ လုပ်နေတုန်း နှလုံးရောဂါ ဖောက်လာတဲ့အတွက် သမ္မတဟောင်းကို ဆေးရုံတင်လိုက်ရပြီး သိပ်မကြာခင် ဒီကနေ့မှာပဲ အစိုးရရှေ့နေတွေက ထိန်းသိမ်းမယ့် အကြောင်း ကြေညာလိုက်တာပါ။

သူ့ရဲ့သား ၂ ယောက်ဖြစ်တဲ့ အာလာ (Alaa) နဲ့ ဂမဲလ် (Gamal) တို့ကိုလည်း မေးမြန်းမှုတွေလုပ်ဖို့ ၁၅ရက် ကြာ ထိန်းသိမ်းလိုက်တဲ့အကြောင်း အီဂျစ်နိုင်ငံ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီနှစ်ဆန်းပိုင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွလှုပ်ရှားသူတွေကို အင်အားသုံး နှိမ်နင်းရာမှာ အာဏာသုံး ဆောင်ရွက်ခဲ့တာ၊ လူထုရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်တာတွေ ရှိတယ်ဆိုပြီး သမ္မတဟောင်း မူဘာရက်နဲ့အတူ တခြား ထိပ်တန်း အစိုးရတာဝန်ရှိသူတွေအပေါ် စွပ်စွဲထားကြတာပါ။ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတကတော့ သူ့အပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိသလို သူ့ရဲ့ဂုဏ်သိက္ခာနဲ့ မိသားစုအတွက် ကာကွယ်သွားဖို့ အခွင့်အရေးရှိကြောင်းလည်း တုံ့ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလက လူထုဆန္ဒပြပွဲတွေကနေ သူ့ကို ဖယ်ရှားခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ပြောလိုက်တဲ့ ဒီတုံ့ပြန်ချက်ကိုတော့ တနင်္ဂနွေနေ့က Al Arabiya သတင်းဌာနမှာ ပြသခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG