သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူးခက်မှာ မြေပြိုမှုကြောင့် သေဆုံးသူတွေထဲ မြန်မာအလုပ်သမား ၉ ဦးပါဝင်


ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် မြေပြိုကျတဲ့ နေရာတနေရာ
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် မြေပြိုကျတဲ့ နေရာတနေရာ

ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့ ဖူးခက်ဒေသမှာ မိုးအကြီးအကျယ် ရွာသွန်းပြီး မြေပြိုကျတာကြောင့် မြန်မာ ၉ ဦး အပါအဝင် လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မိုးအကြီးအကျယ် ရွာသွန်းခဲ့တာကြောင့် ဖူးခက်ဒေသမှာ မြေပြိုကျခဲ့တာဖြစ်တယ်လို့ ဖူးခက်ခရိုင် အုပ်ချုပ်ရေးမှူး Sophon Suwannarat က ပြောပါတယ်။

သေဆုံးသွားတဲ့ မြန်မာ ၉ ယောက်ဟာ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပြီး၊ ဒါ့အပြင် ရုရှားစုံတွဲ ၁ တွဲနဲ့ ထိုင်းနိုင်ငံသား ၂ ယောက် တို့လည်း သေဆုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မြေပြိုကျမှုကြောင့် နောက်ထပ် လူ ၂၀ ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၂၀၉ လုံး ထိခိုက်ပျက်စီးသွားတယ်လိုလည်း သတင်းထုတ်ပြန်ထားတာပါ။

ထိခိုက်သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုဆွေမျိုးတွေ နဲ့ သက်ဆိုင်ရာ သံရုံးတွေကို ထိုင်းအာဏာပိုင်တွေဘက်က ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဖူးခက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မြေပြိုကျမှုကြောင့် လူနေအိမ်အဆောက်အအုံတွေအပြင် လမ်း၊ တံတားတွေလည်း ထိခိုက်ပျက်စီးသွားခဲ့တာတွေကို ထိုင်းနိုင်ငံက လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့ရပါတယ်။ အပျက်အစီးတွေကို လိုက်လံရှင်းလင်း ဖယ်ရှားတာတွေကို ဆက်လက်လုပ်ဆောင်နေပေမယ့်၊ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေတာတွေတော့ ရပ်ဆိုင်းလိုက်ပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Forum

XS
SM
MD
LG