သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီယက်တဲလ် မြေပြိုမှု ၈ ယောက်သေ၊ ၁၀၈ ဦး ပျောက်ဆုံးဆဲ


လူ ၈ ဦးသေဆုံး၊ ၁၀၀ ကျော်ပျောက်ဆုံးနေဆဲ ဝါရှင်တန်ပြည်နယ်၊ ဆီယတ်တဲလ် မြေပြိုမှု။ (မတ်လ ၂၄၊ ၂၀၁၄)
လူ ၈ ဦးသေဆုံး၊ ၁၀၀ ကျော်ပျောက်ဆုံးနေဆဲ ဝါရှင်တန်ပြည်နယ်၊ ဆီယတ်တဲလ် မြေပြိုမှု။ (မတ်လ ၂၄၊ ၂၀၁၄)
လူ ၈ ယောက်ထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူ ၁၀၈ ယောက်အထိရှိနေတဲ့ အမေရိကန်က မြေပြိုကျတဲ့ ဖြစ်ရပ်တစ်ခုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့မျှော်လင့်ချက် မှေးမှိန်လာနေပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်မှာ သဲတွေလိုကျွံကျထားတဲ့ ရွှံ့နွံ့အပျက်အစီးပုံကြီးထဲမှာ ကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေရေး ဆက်လုပ်နေကြပါတယ်။ တချို့နေရာတွေမှာဆိုရင် အကျယ်အဝန်းက ၁ မိုင်ကျော်ရှိပြီး ၁၉ ပေကျော်နက်ပြီးတော့ ရွှံ့နွံတွေနဲ့ သစ်ပင်တွေနဲ့ ရောထွေး ဖုံးလွှမ်းနေပါတယ်။

စနေနေ့မနက်ပိုင်းမှာ ပြင်းထန်တဲ့အင်အားနဲ့ မြေပြိုကျခဲ့ချိန်က ဆီယက်တဲလ်မြို့တော်မြောက်ဘက် ကျေးလက်ဒေသလေးမှာ နေထိုင်ခဲ့ဖွယ် ဒါမှမဟုတ် ကား ဖြတ်မောင်းသွားဖွယ်ရှိတဲ့ လူ ၁၀၈ ယောက်ရဲ့ အမည်စာရင်းကို တာဝန်ရှိသူတွေက ထုတ်ပြန် ကြေညာထားပါတယ်။ စနေနေ့မှာ အခင်းဖြစ်ခဲ့ပြီးကတည်းက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကိုမှ မတွေ့ရသေးပါဘူး။

အပျက်အစီးပုံတွေကြားမှာ သက်ရှိထင်ရှားရှိနေသူ တစ်ယောက်ယောက်ရဲ့ ဘယ်လို အရိပ်လက္ခဏာမျိုးကိုမှ ကယ်ဆယ်ရေး လုပ်သားတွေ မကြားရသေးဘူးလို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြောပါတယ်။

မြေပြိုကျတဲ့လမ်းကြောင်းတလျှောက် အိမ် အလုံး ၃၀ ထက်မနည်း ပျက်စီးပြီး ဒဏ်ရာရသူ ၈ ယောက်ရှိပါတယ်။ မကြာသေးခင်က အပြင်းအထန်မိုးရွာပြီး မြေအောက်ရေ ပြည့်လျှံလာတာကြောင့် မြေပြိုကျတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။
XS
SM
MD
LG