သုံးရလွယ်ကူစေသည့် Link များ

မိုဟာမက်အလီရဲ့ နောက်ဆုံးခရီး


မိုဟာမက်အလီရဲ့ နောက်ဆုံးခရီး။
မိုဟာမက်အလီရဲ့ နောက်ဆုံးခရီး။

ကွယ်လွန်သူ နာမည်ကျော် လက်ဝှေ့ချံပီယံ မိုဟာမက်အလီရဲ့ နောက်ဆုံး ခရီးအဖြစ် သူ့ရဲ့ ရုပ်ကလာပ်ကို သောကြာနေ့က Kentucky ပြည်နယ် Louisville က Cave Hillသုဿန်ကို ပို့ဆောင်ရာမှာ ယာဉ်တန်း ဝဲယာတလျှောက် ပြည်တွင်းပြည်ပက လာရောက်ကြတဲ့ သူ့ပရိတ်သတ်တွေနဲ့ ပြည့်နေပြီးကလေးငယ်တွေက လက်အိပ်တွေနဲ့ လက်ဝှေ့ထိုးတဲ့ပုံတွေ လုပ်ပြီး ဘေးကနေ ပြေးလိုက်လာကြသလို အလီ၊ အလီလို့ ဟစ်အော် ဂုဏ်ပြုခဲ့ ကြပါတယ်။

အလီရဲ့ ရုပ်ကလာပ်ကို ကား ၁၇ စီးပါတဲ့ ကားတန်းကနေ ၁၉ မိုင်ခရီးကို သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒီနေရာဟာ သူ့ရဲ့ ကလေး ဘဝက ကျင်လည် ကျက်စားခဲ့တဲ့ နေအိမ်ရှိရာ နေရာဖြစ်သလို လက်ဝှေ့ ကစားနည်းကို စတင်သင်ကြားခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

သူမသေဆုံးခင်မှာ သူ့ဘဝ တစိတ်တပိုင်းအဖြစ် အမြဲ အမှတ်ရနေတဲ့ Louisville မှာ အခုလို သူ့ဈာပနကို ကျင်းပဖို့ သူကိုယ်တိုင် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှိနေပြီး သူချန်ရစ်တဲ့ ငြိမ်းချမ်ရေးအမွေဟာ အမြဲတည်တံ့ ကျန်ရစ်မှာ ဖြစ်သလို ကမ္ဘာတဝှမ်းကို သူ့ရဲ့ လွှမ်းမိုး ရိုက်ခတ်မှုက မယုံနိုင်အောင်ဖြစ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုဿန်ကို သွားရာ လမ်းတလျှောက်မှာ သူ့နာမည်ကို ဟစ်ကျွေးသံတွေ၊ လက်ဝှေ့ထိုးတဲ့ဟန် နဲ့ နှုတ်ဆက်တာတွေ၊ ပန်းတွေနဲ့ ဝေနေပါတယ်။

သူနောက်ဆုံး နားခိုမယ့် Cave Hill သုဿန်နေရာကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက သူကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဒီနေရာဟာ အမျိုးသား သမိုင်းဝင်နေရာတွေ ထဲက တခုဖြစ်ပါတယ်။

မိုဟာမက်အလီရဲ့ ဈာပန အပြီး သူ့အတွက် အောက်မေ့ဘွယ် အခန်းအနားကို Louisville မြို့ အားကစားကွင်းမှာ ဆက်လက် ကျင်းပခဲ့ရာမှာ ကျန်ရစ်သူဇနီး Lonnie Ali နဲ့ သမ္မတဟောင်း Bill Clinton အစရှိတဲ့ အထင်ကရ ပုဂ္ဂိုလ်တို့က အမှတ်ရစရာ စကားတွေနဲ့ ဂုဏ်ပြုခဲ့ကြ ပါတယ်။ တက်ရောက်လာတဲ့ ပြည်တွင်းပြည်ပက ပရိတ်သတ်က တသောင်းခွဲလောက် ရှိပါတယ်။

သမ္မတဟောင်း Bill Clinton က အလီဟာ သူကိုးကွယ်ချင်တဲ့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ် နိုင်ခဲ့သူ ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမားကတော့ သူ့သမီး ကျောင်းဆင်းပွဲ ရှိတဲ့အတွက် ဈာပနအခန်းအနားကို မတက်ရောက်ပေမယ့် သူ့ရဲ့ အနီးကပ်ဆုံး လက်ထောက်ဖြစ်သူ Jarredd ကိုစေလွှတ်ကာ သူ့ကိုယ်စား သူပေးအပ်တဲ့ စာကို ဖတ်ကြားစေပါတယ်။ တခြားတက်ရောက်လာတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေထဲ မှာ ဂျော်ဒန်ဘုရင် Abdullah၊ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ Thomas Bach၊ မိုဟာမက် အလီရဲ့ ပြိုင်ဘက်ဟောင်း George Foreman တို့လည်း တက်ရောက်ခဲ့ပါတယ်။

ဟဲဗီးဝိတ်ချံပီယံကို ၃ ကြိမ်တိုင်တိုင် ဆွတ်ခူးခဲ့တဲ့ အလီဟာ နှစ်ပေါင်း ၃၀ လောက် ပါကင်ဆင် ရောဂါခံစားခဲ့ရပြီးတဲ့နောက် အသက် ၇၄ နှစ်အရွယ်မှာ Arizona က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက်အလီရဲ့ နောက်ဆုံးခရီး
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG