သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ပြဿ နာ ဖြေရှင်းရေး နိုင်ငံ တကာ ဆွေးနွေး မည်


သောကြာနေ့နှောင်းပိုင်းက Vienna မြို့မှာ သတင်းထောက်တွေနဲ့ ကန်-ဝန်ကြီးကယ်ရီ တွေ့ဆုံ။
သောကြာနေ့နှောင်းပိုင်းက Vienna မြို့မှာ သတင်းထောက်တွေနဲ့ ကန်-ဝန်ကြီးကယ်ရီ တွေ့ဆုံ။

သေကြေ ထိခိုက်မှုများပြားတဲ့ ဆီးရီးယားနိုင်ငံရဲ့ ရေရှည် ပြည်တွင်းစစ် ကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ရေး သံတမန်ရေးဆိုင်ရာ လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ လာမယ့် သီတင်းပတ်အတွင်း ဆီးရီးယားဆိုင်ရာ ကျယ်ပြန့်တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲ ပြုလုပ်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တွေ့ဆုံအပြီး သောကြာနေ့နှောင်းပိုင်းက Vienna မြို့မှာ သတင်းထောက်တွေကို ဝန်ကြီးကယ်ရီက အဲဒီလို ပြောကြား လိုက်တာပါ။ ဆီးရီးယားနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှားအကြား ဘုံရပ်တည်ချက်ကို ဝန်ကြီး ၂ ဦး ရှာဖွေခဲ့ကြတာလို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ဝန်ကြီး ၂ ဦးစလုံးဟာ တူရကီနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အဲဒီ တွေ့ဆုံမှုတွေဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုရှိတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ ထွက်ပေါ် လာရေး ရည်ရွယ်တဲ့ ကျယ်ပြန်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာရေးအတွက် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကို အစောဆုံး လာမယ့် သောကြာနေ့လောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီး ကယ်ရီက ပြောပါတယ်။

ဒါဟာ ဘက်ပေါင်းစုံပါဝင်ပြီး အားလုံး စုပေါင်း ဆောင်ရွက်တဲ့ အစီအစဉ်ဖြစ်ပြီး ကိုယ့်ဟာကို ခေါင်းဆောင်ခန့်ထားတဲ့သူတွေ မပါကြောင်း၊ အကြံဉာဏ်တွေ ဝိုင်းရှာကြဖို့အတွက်ဖြစ်ကြောင်း၊ စည်းဝေးပွဲမှာ တက်ရောက်သူအားလုံးဟာ တန်းတူဖြစ်ကြောင်း ဝန်ကြီးကယ်ရီက ပြောပါတယ်။ ဘယ်နေရာမှာ တွေ့ဆုံမယ် ဆိုတာတော့ ကြေညာခြင်း မရှိသေးပါဘူး။

XS
SM
MD
LG