သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာသတင္းသမားေတြကို ဖိႏွိပ္သူေတြ အေရးယူမခံရတဲ့အေျခအေန အကဲခတ္ေတြေထာက္ျပ


Myanmar Japan

ျမန္မာႏိုင္ငံမွာ သတင္းသမားေတြ သတ္ျဖတ္ခံရေပမဲ့ အျပစ္ေပးအေရးယူတာ မရွိတဲ့အေပၚ သတင္းမီဒီယာ လြတ္လပ္ခြင့္ လႈပ္ရွားသူေတြ ေထာက္ျပေနၾကပါတယ္။ သတင္းသမားေတြအေပၚ ရာဇ၀တ္မႈ က်ဳးလြန္သူေတြ အျပစ္ေပး အေရးယူမခံရတဲ့ အေျခအေနေတြ အဆုံးသတ္ေရး ႏိုင္ငံတကာေန႔ျဖစ္တဲ့ ဗုဒၶဟူးေန႔မွာပဲ ျမန္မာႏိုင္ငံက သတင္းလြတ္လပ္ခြင့္ အေျခအေနကို ေထာက္ျပခဲ့ၾကတာပါ။ အျပည့္အစုံကိုေတာ့ ကိုဥာဏ္၀င္းေအာင္ တင္ျပထားပါတယ္။

နယူးေယာက္အေျခစိုက္ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ CPJ ရဲ႕ ၂၀၂၂ ခုႏွစ္ အၫႊန္းကိန္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း သတင္းမီဒီယာသမား ၅ ေယာက္ အသတ္ခံခဲ့ရေၾကာင္း၊ အဲဒီထဲက ၃ ဦးဟာ စစ္တပ္က ဖမ္းဆီးစဥ္ ေသဆုံးခဲ့ရေၾကာင္း ေဖာ္ျပထားတာပါ။

သတင္းမီဒီယာေတြအေပၚ ဖိႏွိပ္မႈရွိေပမဲ့ အျပစ္ေပးအေရးယူ မခံရပဲ ကင္းလြတ္ေနတဲ့ စာရင္းမွာ ျမန္မာႏိုင္ငံကို ပထမဆုံးအႀကိမ္ အျဖစ္ ထည့္သြင္းေဖၚျပ လိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆႏၵျပသူေတြနဲ႔ သတင္းေဖာ္ျပဖို႔ ႀကိဳးပမ္းသူေတြအေပၚ ဘယ္ေလာက္အထိ ျပင္းထန္တဲ့ ဖိႏွိပ္မႈ လုပ္ေနတယ္ဆိုတာ ျပသရာေရာက္တယ္လို႔ CPJ အဖြဲ႕ ဥကၠဌ Jodie Ginsberg က VOA ကို ေျပာထားပါတယ္။

အာဏာပိုင္ေတြ ဖမ္းဆီးထားစဥ္ ေသဆုံးခဲ့တယ္ဆိုတဲ့ သတင္းသမား ဦးစိုးႏိုင္နဲ႔ ဦးေအးေက်ာ္ တို႔ဟာ က်န္းမာေရး ျပႆနာေၾကာင့္ ေသဆုံးခဲ့တာသာျဖစ္ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။ သတင္းသမားေတြအျဖစ္ ပစ္မွတ္ထား အေရးယူတာမ်ဳိးလည္း မရွိဘူးလို႔ ေျပာပါတယ္။

" ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြနဲ႔ ပတ္သက္လို႔ ဒါသတင္းစာဆရာမျဖစ္လို႔ ဖမ္းဆီးတာမဟုတ္ပါဘူး။ အၾကမ္းဖက္မႈကိစၥေတြ၊ ဆူပူလႈံ႔ေဆာ္မႈကိစၥေတြနဲ႔ပတ္သက္ၿပီး ဖမ္းဆီးရျခင္းျဖစ္တယ္လို႔ပဲေျပာခ်င္ပါတယ္။"

CPJ ရဲ႕ ၿပီးခဲ့တဲ့ႏွစ္ ေႏွာင္းပိုင္း ထုတ္ျပန္တဲ့ အစီရင္ခံစာမွာေတာ့ သတင္းသမားေတြကို ဖမ္းဆီးမႈ အမ်ားဆုံး ႏိုင္ငံစာရင္းမွာလည္း ျမန္မာႏိုင္ငံကို ထည့္သြင္း ေဖၚျပခဲ့တာပါ။ ၂၀၂၂ ခုႏွစ္အတြက္ CPJ အၫႊန္းကိန္းမွာေတာ့ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း ကမာၻတလႊား သတင္းသမား ၂၆၃ ေယာက္ အသတ္ခံခဲ့ရေပမဲ့ အမႈအားလုံးရဲ႕ ၈၀ ရာခိုင္ႏႈန္း နီးပါးအတြက္ အျပစ္ေပး အေရးယူခံရတာမ်ိဳး မရွိဘူးလို႔လည္း ေဖာ္ျပပါတယ္။ အဲဒီႏိုင္ငံေတြကေတာ့ ျမန္မာအပါအဝင္ ဆိုမာလီယာနဲ႔ မကၠဆီကို တို႔လို ႏိုင္ငံေတြလည္း ပါဝင္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလထဲ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာပိုင္ေတြ ဖမ္းဆီးခံရၿပီး ေနာက္ပိုင္းမွာ ျပန္လြတ္လာတဲ့ ကမာရြတ္သတင္းဌာန တည္ေထာင္သူ ဦးေနသန္ေမာင္ကေတာ့ ျမန္မာႏိုင္ငံမွာ သတင္းသမားေတြအေပၚ ဖိႏွိပ္မႈေတြဟာ အစဥ္အဆက္ ရွိေနတယ္လို႔ ေျပာပါတယ္။

" က်ေနာ္တို႔ ဒီသတင္းမီဒီယာအပါအ၀င္ေပ့ါေနာ္၊ ျမန္မာျပည္သူေတြအားလုံးဟာ ဒီအာဏာသိမ္း ျမန္မာစစ္တပ္ရဲ ႔ ဖိႏွိပ္သတ္ျဖတ္္မႈ၊ ဖမ္ဆီး ညွဥ္းပန္းႏွိပ္စက္မႈအားလုံးကို က်ေနာ္တို႔ ေန႔စဥ္နဲ႔အမ ွ်၊ နာရီနဲ႔အမ ွ် ရင္ဆုိင္ေနရတာျဖစ္ပါတယ္။ ၿပီးေတာ့ ေနာက္တခုက ျမန္မာႏုိင္ငံက အျပစ္ေပးအေရးယူျခင္းခံရတဲ့ ကင္းလြတ္ေနတဲ့ စစ္ဗိုလ္ခ်ဳပ္ေတြက အဲတာ အခုမွမဟုတ္ဘူးဗ်၊ က်ေနာ္တို႔ ၁၉၆၂ ခုႏွစ္ကတည္းကၿပီးခဲ့တဲ့ကာလတေလ ွ်ာက္လုံးၾကည့္လိုက္ရင္ သူတို႔က စစ္ရာဇ၀တ္ေတြ၊ genocide လို႔ေခၚတဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြ၊ ေနာက္ လူသားဆန္မႈကိုဆန္႔က်င္တဲ့ ရာဇ၀တ္မႈေတြအားလုံးဟာ သူတို႔ေတာက္ေလ ွ်ာက္က်ဴးလြန္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔သည္ဘယ္တုန္းကမွ အျပစ္ေပးအေရးယူျခင္းမခံရဘူး။ သူတို႔သည္ အျပစ္ေပးအေရးယူျခင္းကေန ကင္းလြတ္ေအာင္္ဘယ္ေလာက္ထိလုပ္ထားလဲဆိုေတာ့ သူတို႔ေရးထားတဲ့ ၂၀၀၈ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံ မွာကို အျပစ္ေပးအေရးယူျခင္းမခံရေအာင္ ပုဒ္မအတိအက်ပါပါတယ္။ "

သတင္းသမားေတြ သတ္ျဖတ္ခံရမႈ အမ်ားစုမွာ တာ၀န္ရွိတဲ့သူေတြကို အျပစ္ေပးအေရးယူခံရတာ မရွိခဲ့ေၾကာင္း ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈအဖဲြ႕ (UNESCO) ကလည္း ဗုဒၶဟူးေန႔မွာပဲ အစီရင္ခံစာထုတ္ျပန္ ေျပာဆိုခဲ့တာပါ။ သတင္းသမားေတြကို သတ္ျဖတ္သူေတြ အျပစ္ေပး အေရးယူမခံရတဲ့ႏႈန္းဟာ ၈၆ ရာခိုင္ႏႈန္းအထိ ရွိေနၿပီး၊ လက္မခံႏိုင္ေလာက္ေအာင္ ျမင့္မားေနတယ္လို႔လည္း ေျပာဆိုထားပါတယ္။ သတင္းသမားေတြကို သတ္ျဖတ္မႈေတြ မေဖာ္ထုတ္ႏိုင္သမွ် လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကာကြယ္ႏိ္ုင္မွာ မဟုတ္ေၾကာင္းလည္း UNESCO ၫႊန္ၾကားေရးမွဴးခ်ဳပ္ Audrey Azoulay က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာနိုင်ငံမှာ သတင်းသမားတွေ သတ်ဖြတ်ခံရပေမဲ့ အပြစ်ပေးအရေးယူတာ မရှိတဲ့အပေါ် သတင်းမီဒီယာ လွတ်လပ်ခွင့် လှုပ်ရှားသူတွေ ထောက်ပြနေကြပါတယ်။ သတင်းသမားတွေအပေါ် ရာဇဝတ်မှု ကျုးလွန်သူတွေ အပြစ်ပေး အရေးယူမခံရတဲ့ အခြေအနေတွေ အဆုံးသတ်ရေး နိုင်ငံတကာနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် အခြေအနေကို ထောက်ပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ရဲ့ ၂၀၂၂ ခုနှစ် အညွှန်းကိန်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သတင်းမီဒီယာသမား ၅ ယောက် အသတ်ခံခဲ့ရကြောင်း၊ အဲဒီထဲက ၃ ဦးဟာ စစ်တပ်က ဖမ်းဆီးစဉ် သေဆုံးခဲ့ရကြောင်း ဖော်ပြထားတာပါ။

သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုရှိပေမဲ့ အပြစ်ပေးအရေးယူ မခံရပဲ ကင်းလွတ်နေတဲ့ စာရင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ထည့်သွင်းဖေါ်ပြ လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေနဲ့ သတင်းဖော်ပြဖို့ ကြိုးပမ်းသူတွေအပေါ် ဘယ်လောက်အထိ ပြင်းထန်တဲ့ ဖိနှိပ်မှု လုပ်နေတယ်ဆိုတာ ပြသရာရောက်တယ်လို့ CPJ အဖွဲ့ ဥက္ကဌ Jodie Ginsberg က VOA ကို ပြောထားပါတယ်။

အာဏာပိုင်တွေ ဖမ်းဆီးထားစဉ် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းသမား ဦးစိုးနိုင်နဲ့ ဦးအေးကျော် တို့ဟာ ကျန်းမာရေး ပြဿနာကြောင့် သေဆုံးခဲ့တာသာဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ သတင်းသမားတွေအဖြစ် ပစ်မှတ်ထား အရေးယူတာမျိုးလည်း မရှိဘူးလို့ ပြောပါတယ်။

"ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သတင်းထောက်တွေနဲ့ ပတ်သက်လို့ ဒါသတင်းစာဆရာမဖြစ်လို့ ဖမ်းဆီးတာမဟုတ်ပါဘူး။ အကြမ်းဖက်မှုကိစ္စတွေ၊ ဆူပူလှုံ့ဆော်မှုကိစ္စတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးရခြင်းဖြစ်တယ်လို့ပဲပြောချင်ပါတယ်။ "

CPJ ရဲ့ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ သတင်းသမားတွေကို ဖမ်းဆီးမှု အများဆုံး နိုင်ငံစာရင်းမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်း ဖေါ်ပြခဲ့တာပါ။ ၂၀၂၂ ခုနှစ်အတွက် CPJ အညွှန်းကိန်းမှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကမ္ဘာတလွှား သတင်းသမား ၂၆၃ ယောက် အသတ်ခံခဲ့ရပေမဲ့ အမှုအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း နီးပါးအတွက် အပြစ်ပေး အရေးယူခံရတာမျိုး မရှိဘူးလို့လည်း ဖော်ပြပါတယ်။ အဲဒီနိုင်ငံတွေကတော့ မြန်မာအပါအဝင် ဆိုမာလီယာနဲ့ မက္ကဆီကို တို့လို နိုင်ငံတွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာပိုင်တွေ ဖမ်းဆီးခံရပြီး နောက်ပိုင်းမှာ ပြန်လွတ်လာတဲ့ ကမာရွတ်သတင်းဌာန တည်ထောင်သူ ဦးနေသန်မောင်ကတော့ မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေဟာ အစဉ်အဆက် ရှိနေတယ်လို့ ပြောပါတယ်။

"ကျနော်တို့ ဒီသတင်းမီဒီယာအပါအဝင်ပေ့ါနော်၊ မြန်မာပြည်သူတွေအားလုံးဟာ ဒီအာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှု၊ ဖမ်ဆီး ညှဉ်းပန်းနှိပ်စက်မှုအားလုံးကို ကျနော်တို့ နေ့စဉ်နဲ့အမ ျှ၊ နာရီနဲ့အမ ျှ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြီးတော့ နောက်တခုက မြန်မာနိုင်ငံက အပြစ်ပေးအရေးယူခြင်းခံရတဲ့ ကင်းလွတ်နေတဲ့ စစ်ဗိုလ်ချုပ်တွေက အဲတာ အခုမှမဟုတ်ဘူးဗျ၊ ကျနော်တို့ ၁၉၆၂ ခုနှစ်ကတည်းကပြီးခဲ့တဲ့ကာလတလေ ျှာက်လုံးကြည့်လိုက်ရင် သူတို့က စစ်ရာဇဝတ်တွေ၊ genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ နောက် လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအားလုံးဟာ သူတို့တောက်လေ ျှာက်ကျူးလွန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့သည်ဘယ်တုန်းကမှ အပြစ်ပေးအရေးယူခြင်းမခံရဘူး။ သူတို့သည် အပြစ်ပေးအရေးယူခြင်းကနေ ကင်းလွတ်အောင်ဘယ်လောက်ထိလုပ်ထားလဲဆိုတော့ သူတို့ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ မှာကို အပြစ်ပေးအရေးယူခြင်းမခံရအောင် ပုဒ်မအတိအကျပါပါတယ်။ "

သတင်းသမားတွေ သတ်ဖြတ်ခံရမှု အများစုမှာ တာဝန်ရှိတဲ့သူတွေကို အပြစ်ပေးအရေးယူခံရတာ မရှိခဲ့ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ကလည်း ဗုဒ္ဓဟူးနေ့မှာပဲ အစီရင်ခံစာထုတ်ပြန် ပြောဆိုခဲ့တာပါ။ သတင်းသမားတွေကို သတ်ဖြတ်သူတွေ အပြစ်ပေး အရေးယူမခံရတဲ့နှုန်းဟာ ၈၆ ရာခိုင်နှုန်းအထိ ရှိနေပြီး၊ လက်မခံနိုင်လောက်အောင် မြင့်မားနေတယ်လို့လည်း ပြောဆိုထားပါတယ်။ သတင်းသမားတွေကို သတ်ဖြတ်မှုတွေ မဖော်ထုတ်နိုင်သမျှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်နိုင်မှာ မဟုတ်ကြောင်းလည်း UNESCO ညွှန်ကြားရေးမှူးချုပ် Audrey Azoulay က ပြောပါတယ်။

XS
SM
MD
LG