သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် တရုတ် ဂျက်တိုက်လေယာဉ်တွေ တရုတ်မှာ စမ်းသပ်ပျံသန်း


 JF-17/FC-1 အမျိုးအစား ဂျက်တိုက်လေယာဉ်။ ဓာတ်ပုံ - James.com
JF-17/FC-1 အမျိုးအစား ဂျက်တိုက်လေယာဉ်။ ဓာတ်ပုံ - James.com

မြန်မာနိုင်ငံ လေတပ်အတွက် ပါကစ္စတန် လေယာဉ် ကုမ္ပဏီက ပထမဦးဆုံး ထုတ်လုပ်တဲ့ JF-17 Thunder FC-1 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေ စမ်းသပ် ပျံသန်းနေတာကို တရုတ်အွန်လိုင်း မီဒီယာမှာ တွေ့ရတယ်လို့ ကာကွယ်ရေး သတင်းတွေကို ရေးသားနေတဲ့ James.com ကဖေါ်ပြပါတယ်။

တရုတ်နိုင်ငံ ချန်ဒူး လေယာဉ်ကွင်းမှာ ဒီ JF 17 လေယာဉ် စမ်းသပ်ပျံသန်းနေပုံကို ဇွန်လ ၁၃ ရက်နေ့ ကဖေါ်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစင်းကို အမေရိကန် ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ဒီလေယာဉ်မျိုး ၁၆ စီး ဝယ်ယူဖို့ မြန်မာနိုင်ငံဟာ ၂၀၁၆ ခုနှစ် အစောပိုင်းမှာ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်လို့ သံတမန်တွေကို ကိုးကားပြီး ဖေါ်ပြထားပါတယ်။

ဒီလေယာဉ် ထုတ်လုပ်တဲ့ CAC ကုမ္ပဏီရဲ့မိခင် ကုမ္ပဏီ ဖြစ်တဲ့ တရုတ်နိုင်ငံ ပိုင် AVIC ကုမ္ပဏီဟာ မြန်မာလေတပ်က လေယောဉ်ဟောင်း တွေကို ဒီလေယာဉ်သစ်တွေနဲ့ အစားထိုး နိုင်ဖို့ နည်းပညာ အထောက်အပံ့ တွေလည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ တရုတ် - ပါကစ္စတန်လုပ် ပူးတွဲ တိုက်လေယာဉ်တွေကို ဝယ်ယူတဲ့ ပထမဦးဆုံး ဖေါက်သည် နိုင်ငံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG