သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ် အရေးပေါ်ဆင်းဖို့ ဘယ်လို ဆုံးဖြတ်ခဲ့လဲ


မြန်မာအမျိုးသားလေကြောင်းလိုင်း Embraer 190 လေယာဉ်ဟာ ရှေ့ဘီးချမရလို့ ဦးစိုက်ပြီး ရှပ်တိုက်ဆင်းသက်ခဲ့(MOI)
မြန်မာအမျိုးသားလေကြောင်းလိုင်း Embraer 190 လေယာဉ်ဟာ ရှေ့ဘီးချမရလို့ ဦးစိုက်ပြီး ရှပ်တိုက်ဆင်းသက်ခဲ့(MOI)

မြန်မာအမျိုးသားလေကြောင်းလိုင်း Embraer 190 လေယာဉ်ဟာ မနေ့တုန်းက ရန်ကုန်ကနေ မန္တလေးတံတားဦးလေဆိပ်အဆင်းမှာ ရှေ့ဘီးချမရလို့ ဦးစိုက်ပြီး ရှပ်တိုက်ဆင်းသက်ခဲ့ရပါတယ်။ ခရီးသည် ၈၂ ဦး ရော လေယာဉ်ဝန်ထမ်းတွေပါ ကြီးကြီးမားမားထိခိုက်ဒဏ်ရာ ရတာ မရှိဘဲ ဆင်းသက်နိုင်ခဲ့တဲ့အတွက် လေယာဉ်မှူး နဲ့ ဝန်ထမ်းတွေကို ပြည်တွင်းပြည်ပသတင်းတွေမှာ ချီးကျူးရေးသားဖော်ပြခဲ့ပါတယ်။ လေယာဉ်ရှေ့ဘီးချမရတာကြောင့် ဘယ်လို ဆုံးဖြတ်ခဲ့ရတယ်၊ မြေပြင်နဲ့ ဘယ်လိုညှိနှိုင်းဆောင် ရွက်ခဲ့ရသလဲဆိုတာတွေကို လေယာဉ်မှူး ဦးမြတ်မိုးအောင် ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရန်နိုင် ။ ။ Captain ကို မြတ်မိုးအောင်ရေ မန္တလေးတံတားဦးလေဆိပ်မှာ ဖြစ်သွားတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ CNN အပါအဝင် နိုင်ငံတကာ သတင်းမီဒီယာကြီးတွေမှာ အကြီးအကျယ်ဖော်ပြနေကြတယ် ။ ကိုမြတ်မိုးအောင်ကလည်း လေယာဉ်ကို အောင်အောင်မြင်မြင်ဆင်းသက်ပြီးတော့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်လိုက်တယ်ဆိုပြီးတော့ Hero တယောက်အနေနဲ့ ဖော်ပြနေကြတယ်။ အဲဒီတော့ ဖြစ်သွားတဲ့အခိုက်အတန့်လေးပေါ့ ကိုမြတ်မိုးအောင်က ဒါကို သိလိုက်တဲ့အချိန်မှာ ဒီဆုံးဖြတ်ချက်ကို ဘယ်လိုချခဲ့သလဲ။

ဦးမြတ်မိုးအောင်။ ။ လေယာဉ် ၃ ဘီးလုံးမကျရင် ဘာလုပ်မလဲပေါ့ ဒါက ဆုံးဖြတ်တာတခုပေါ့နော်။ အခုဟာက ၂ ဘီးကျတယ်၊ တဘီးက Nose wheel မကျတဲ့အတွက် impact ရှိတယ်။ ဒါပေမယ့် ဒီ impact ကို ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတဲ့ ဟာမျိုးတွေ လုပ်တယ်။ နံပတ် ၁ ကတော့ ခရီးသည်တွေရဲ့ safe အတွက်ပါပဲ။ ဆင်းတဲ့အချိန်မှာလည်း ကျနော့် Touch down တွေကောင်းမွန်ရမယ်။ Stabilize approach ဖြစ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ Stabilize approach မဖြစ်ပဲနဲ့ ကျနော် သွားမယ်ဆိုရင် ကျနော်အတွက်က တမှုကနေ နှစ်မှုဖြစ်သွားမယ်။ စောစောက burn down လုပ်ထားတာကြောင့် အထဲမှာ ဆီက မကျန်တော့ဘူးလေ အဲဒီအချိန်မှာ စိုးရိမ်စိတ် ထပ်ပြီးတော့ worry တွေက ထပ်ဖြစ်နေမယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ အနည်းဆုံး impact ဖြစ်ဖို့ပဲ ရည်ရွယ်ထားတယ်။ နောက်တခုက Nose ထိမယ်၊ second ကတော့ အင်ဂျင်ထိမယ်။ အင်ဂျင်ထိရင် spark ထွက်မယ် ပြီးရင် leak ဖြစ်မယ် နောက်တခုကတော့ damage ဖြစ်မယ် (လေယာဉ်ဆီ) leak ဖြစ်ရင် မီးလောင်မယ်။ ဒါကတော့ အစွန်းစွန်ဆုံးအထိ ကျနော်မျှော်မှန်းထားပါတယ်။

ကိုရန်နိုင် ။ ။ ဒီလိုရွေးချယ်လိုက်ပြီးတဲ့အခါမှာ လေကြောင်းထိန်းသိမ်းရေးနဲ့ရော ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ခဲ့သလဲ။

ဦးမြတ်မိုးအောင်။ ။ ကျနော်ပထမစပြီးတော့ လုပ်ကတည်းကိုက ကျနော်သူတို့နဲ့ contact လုပ်တယ် ကျနော်လုပ်မယ့် intention တွေကိုလည်း ကျနော်သူ့ကိုပြောတယ်။ ကျနော် fuel burn down လုပ်မယ် ၊ သူက Heading တခုပေးတယ် အဲဒီ Heading အတိုင်း ကျနော်သွားတယ်။ နောက် အခု ကျနော်ဆင်းမယ် Nose wheel မကျဘူး။ ဒီ information တွေအားလုံးကို သူ့ကို ကျနော်ပေးခဲ့ပါတယ် နောက်ဆုံး evacuation ဖြစ်တဲ့ အထိ ကျနော်ကိုယ်တိုင်ပြောပြီးတော့မှ evacuation လုပ်ခဲ့တာဖြစ်ပါတယ်။

ကိုရန်နိုင် ။ ။ ကိုမြတ်မိုးအောင်က ဒါကိုဆုံးဖြတ်ပြီးတဲ့ အချိန်မှာ Crew တွေ ခရီးသည်တွေကို အသိပေးရတဲ့အချိန်မှာ သူတို့ဘက်က တုံ့ပြန်မှုကရော ဘယ်လိုရှိပါသလဲ။

ဦးမြတ်မိုးအောင်။ ။ ကောင်းပါတယ်ခင်ဗျ သူတို့ဘက်က တုံ့ပြန်မှုကတော့ အရမ်းကောင်းတယ်။ ကျနော်တို့ဆီမှာ Knowledge ပေါ့နော် ပြီးခဲ့တဲ့ ဖြစ်သွားတာ အကိုတို့လည်း သိမှာပဲ၊ passenger တွေကို evacuate လုပ်တယ်၊ တချို့တွေက hand carry တွေ သယ်လာတာတွေရှိတယ်။ အခု cabin crew တွေကလည်း ပြောထားတယ်။ အရေးပေါ်အခြေအနေမှာ သူတို့ထားရမယ့် brace position က ဘယ်လိုဖြစ်ပါတယ်ဆိုတာတွေကို ပြပြီးသားဖြစ်တယ်။ တကယ့် တကယ် အဲဒီအချိန်မှာ brace position နဲ့ အကုန်လုံးကျနော်တို့လုပ်ပြီးတော့ ကျနော်တို့ဆင်းတယ်။ ဆင်းပြီးသွားတဲ့အချိန်မှာ အကိုတို့လည်း video clip တွေကြည့်ရမှာပါ သူတို့လုံး၀ ထိုင်နေပါတယ်။ ကျနော့်အသံလည်း ကြားရပါလိမ့်မယ်။ cabin crew evacuate (ညွှန်ကြားချက်) ရမှသာ သူတို့ထသွားကြတယ်။ ဒါကတော့ appreciate ပါ၊ ခရီးသည်တွေ တယောက်ချင်းစီ ကို ကျနော် ကျေးဇူးတင်ပါတယ်။

ကိုရန်နိုင် ။ ။ ဒါပေမယ့် တကယ်တမ်း အဲလိုဖြစ်တဲ့အခါမှာ လူတွေရဲ့စိတ်က တော်တော်ပြောရခက်တယ်လေ။ ကြောက်ပြီးတော့ ထိန်းချုပ်ဖို့ဆိုတာ တော်တော်ကို မလွယ်ပါဘူး ခရီးသည်တွေဘက်က ဒါကို အတိအကျလိုက်နာလို့ တော်တော်လေးကို အဆင်ပြေပြေဖြစ်ခဲ့တယ်လို့ ပြောရမှာပေါ့နော်။

ဦးမြတ်မိုးအောင်။ ။ ဟုတ်ကဲ့ပါ။

ကိုရန်နိုင် ။ ။ နောက်တခုက ဒီဟာက ဘယ်လိုကြောင့်ဖြစ်သွားတာလဲ လေယာဉ် system ကြောင့်လား ၊ ဒါမှမဟုတ် လေယာဉ် ပြုပြင်ထိန်းသိမ်းရေးအပိုင်းမှာ အားနည်းသွားလို့လား ဘယ်လိုကြောင့်လို့ သုံးသပ်မိပါသလဲ။

ဦးမြတ်မိုးအောင်။ ။ အခုဟာကို ကျနော်တို့ စုံစမ်းစစ်ဆေးရေးတွေ လုပ်နေတယ်။ လုပ်နေတယ်ဆိုတာကလည်း နောက်မဖြစ်အောင် ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို ကျနော်တို့မှာ ဒီ system အပိုင်းမှာ အားနည်းသလား ၊ Maintenance အပိုင်းမှာအားနည်းသလားဆိုတာကို ကျနော်တို့ ဆောင်ရွက်နေတယ်။ မနေ့က ကျနော်တို့ လေယာဉ်ရွှေ့ဖို့ ကရိန်းကားနဲ့ မတယ် ။ ပြီးတော့ ကျနော်တို့ ဂီရာကို ဆွဲထုတ်တယ် အဲဒီမှာ Nose wheel ပေါ့နော် အဲဒါကို ကျနော်တို့ ဆွဲထုတ်တယ် ။ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ လေယာဉ်ဘီးက ကန့်လန့်ဖြစ်နေတယ်။ သူ့ ဘီးအပေါ်ဘက်မှာ ကန့်လန့်ဖြစ်နေတယ်။ သူက Vertical အလိုက်ထောင်နေရမှာ လေယာဉ်ဘီးတော့မပေါက်ဘူး ဘာမှတော့မဖြစ်ဘူး လေယာဉ်ဘီးကြီးက ဒါကလည်း ဖြစ်တောင့်ဖြစ်ခဲတာမျိုးဖြစ်တယ်။ mechanism error ဆိုတော့ ဘယ်လိုဖြစ်သွားသလဲ စဉ်းစားလို့ပဲ ကျနော်တို့မရဘူး ဒD Embraer ဆိုတာကလည်း ကျနော်တို့ သိထားသလောက် ကမ္ဘာမှာ 3rd လောက်ရှိတယ် တကယ့်ကို manufacture ကလည်း နာမည်ကြီးပဲ ။ အခုနောက်ပိုင်းထွက်တဲ့ E2 ဆိုရင် ကျနော်အရမ်းကို interest ဖြစ်တာ ။ ဒီလိုဘာကြောင့်ဖြစ်သလဲဆိုတာ ကျနော်တို့ စုံစမ်းနေပါတယ်။ နောက်ပိုင်းမဖြစ်အောင်လို့ပေါ့နော်။

ကိုရန်နိုင် ။ ။ ထိခိုက်ဒဏ်ရာရတာ ဘာမှမရှိဘူး ကျနော်သိရသလောက်ဆိုရင် ဦးမြတ်မိုးအောင်။ ။

ဦးမြတ်မိုးအောင်။ ။ မရှိပါဘူး။

ကိုရန်နိုင် ။ ။ လေယာဉ်ကလည်း တကယ့်ကို smooth ပါပဲ။ အပြင်ကနေ ရိုက်ပြထားတာမှတော့ ဘာမှ မဖြစ်သလောက်ကို တွေ့ရတယ်။ ဘီးမကျတာပဲ ရှိတာပေါ့နော်။ အခုလို ကျနော်တို့ VOA မြန်မာပိုင်းကို ဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။

လေယာဉ်မှူး ဦးမြတ်မိုးအောင် ကို ကိုရန်နိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

လေယာဉ် အရေးပေါ်ဆင်းဖို့ ဘယ်လို ဆုံးဖြတ်ခဲ့လဲ
please wait

No media source currently available

0:00 0:05:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG