သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့လက္နက္ကိုင္တိုက္ပြဲ သင္ခန္းစာမ်ား


ျမန္မာ့လက္နက္ကိုင္တိုက္ပြဲ သင္ခန္းစာမ်ား
please wait

No media source currently available

0:00 0:12:02 0:00

ဒီမိုကေရစီ ျဖစ္ေပၚတိုးတက္မႈနဲ႔ လက္နက္ကိုင္ေတာ္လွန္ေရးရဲ႕ အဆက္အစပ္က ဘယ္လိုရွိပါသလဲ။ ႏွစ္ေပါင္း ၂၀ ေက်ာ္ လက္နက္ကိုင္ ေတာ္လွန္ေရး အေတြ႕အႀကဳံရွိခဲ့တဲ့ ျမန္မာ့ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးသန္းစိုးႏိုင္ရဲ႕ အျမင္ေတြကို ဒီသီတင္းပတ္မွာ ၾကားၾကရမွာပါ။ ဦးတင္ေမာင္သန္းက ေမးျမန္းေဆြးေႏြးထားပါတယ္။

စစ္ဆိုတာ ႏိုင္ငံေရးရဲ႕အဆက္ ျဖစ္တာမို႔ ျမန္မာ့ျပည္တြင္းစစ္ကလည္း မေျဖရွင္းႏိုင္ေသးတဲ့ ျမန္မာ့ ႏိုင္ငံေရးရဲ႕ အက်ိဳးဆက္သာ ျဖစ္ပါတယ္။ ဒီမိုကေရစီ လူ႔အခြင့္အေရးနဲ႔ တိုင္းရင္းသား လူနည္းစုေတြရဲ႕ အခြင့္အေရးကို အသိအမွတ္ျပဳဖို႔ ညႇိႏိႈင္းေဆြးေႏြးတာေတြဟာ တပ္မေတာ္က အာဏာသိမ္းတာနဲ႔ အဆုံးသတ္ ရပါတယ္လို႔ ဦးသန္းစိုးႏိုင္က ဆိုပါတယ္။ ဒီအာဏာသိမ္းတာကို ေျဖရွင္းႏိုင္ဖို႔က အေရးႀကီးတဲ့အေၾကာင္း ျဖစ္ပါတယ္။

မိမိတို႔ရဲ႕ အခြင့္အေရးကို လက္နက္စြဲကိုင္ တိုက္ပြဲဝင္ေနတဲ့ လက္နက္ကိုင္ ေတာ္လွန္ေရးမွာ ေျပာက္ၾကားစစ္ကေန ပုံမွန္စစ္ကို ကူးေျပာင္းဖို႔နဲ႔ ပုံမွန္တပ္ေတြ တပ္ေပါင္းစုဖြဲ႕ႏိုင္ဖို႔ ဆိုတဲ့ ၂ ခ်က္ ဟာ လက္နက္ကိုင္ လႈပ္ရွားမႈအတြက္ အဓိကက်တဲ့ အခ်က္ ၂ ခ်က္ ျဖစ္တယ္လို႔ ဦးသန္းစိုးႏိုင္က ေဆြးေႏြးသြားပါတယ္။

ဒါေပမဲ့ ဒီမိုကေရစီအေၾကာင္းေလ့လာတဲ့ သုေတသန ျပဳခ်က္ေတြမွာေတာ့ လက္နက္ကိုင္ တိုက္ပြဲေတြဟာ အာဏာရွင္ဆန္တဲ့ ေနာက္အစိုးရအသစ္ တစ္ရပ္နဲ႔ပဲ အဆုံးသတ္တတ္ၾကတာကို ေတြ႕ရပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ဒီအလားအလာကို ကာကြယ္ဖို႔ဆိုရင္ ေတာ္လွန္ေရး ဆင္ႏႊဲေနၾကတဲ့ တပ္ဖြဲ႕ေတြကို ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးေတြကို ေလးစားၿပီး၊ စည္းကမ္းရွိတဲ့ ပုံမွန္ေခ်မႈန္းေရးတပ္ေတြအျဖစ္ ဖြဲ႕စည္းၿပီး ႏိုင္ငံေရး ဦးေဆာင္မႈေပးႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ဦးသန္းစိုးႏိုင္ က ယူဆပါတယ္။

ျမန္မာႏိုင္ငံဟာ လက္နက္ကိုင္ လမ္းေၾကာင္းေပၚမွာ ေရာက္ေနၿပီး၊ လက္နက္ကိုင္တပ္ဖြဲ႕ေတြကို ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ ဖက္ဒရယ္ စနစ္အေပၚ ေလးစားတန္ဖိုးထားတဲ့ အင္စတီက်ဴးရွင္း အျဖစ္ ခိုင္မာေအာင္ မတည္ေဆာက္ႏိုင္ရင္ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ဟာ ယခုထက္ပိုၿပီး အလြန႔္ကို အႏၲရာယ္ ႀကီးမားလွတယ္လို႔ ဦးသန္းစိုးႏိုင္က သတိေပးေျပာၾကားသြားပါတယ္။
-----
[UNICODE VERSION]
မြန်မာ့လက်နက်ကိုင်တိုက်ပွဲ သင်ခန်းစာများ

စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက် ဖြစ်တာမို့ မြန်မာ့ပြည်တွင်းစစ်ကလည်း မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ နိုင်ငံရေးရဲ့ အကျိုးဆက်သာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့ ညှိနှိုင်းဆွေးနွေးတာတွေဟာ တပ်မတော်က အာဏာသိမ်းတာနဲ့ အဆုံးသတ် ရပါတယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။ ဒီအာဏာသိမ်းတာကို ဖြေရှင်းနိုင်ဖို့က အရေးကြီးတဲ့အကြောင်း ဖြစ်ပါတယ်။

မိမိတို့ရဲ့ အခွင့်အရေးကို လက်နက်စွဲကိုင် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ ပြောက်ကြားစစ်ကနေ ပုံမှန်စစ်ကို ကူးပြောင်းဖို့နဲ့ ပုံမှန်တပ်တွေ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ ဆိုတဲ့ ၂ ချက် ဟာ လက်နက်ကိုင် လှုပ်ရှားမှုအတွက် အဓိကကျတဲ့ အချက် ၂ ချက် ဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က ဆွေးနွေးသွားပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီအကြောင်းလေ့လာတဲ့ သုတေသန ပြုချက်တွေမှာတော့ လက်နက်ကိုင် တိုက်ပွဲတွေဟာ အာဏာရှင်ဆန်တဲ့ နောက်အစိုးရအသစ် တစ်ရပ်နဲ့ပဲ အဆုံးသတ်တတ်ကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီအလားအလာကို ကာကွယ်ဖို့ဆိုရင် တော်လှန်ရေး ဆင်နွှဲနေကြတဲ့ တပ်ဖွဲ့တွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လေးစားပြီး၊ စည်းကမ်းရှိတဲ့ ပုံမှန်ချေမှုန်းရေးတပ်တွေအဖြစ် ဖွဲ့စည်းပြီး နိုင်ငံရေး ဦးဆောင်မှုပေးနိုင်ဖို့ အရေးကြီးတယ်လို့ ဦးသန်းစိုးနိုင် က ယူဆပါတယ်။

မြန်မာနိုင်ငံဟာ လက်နက်ကိုင် လမ်းကြောင်းပေါ်မှာ ရောက်နေပြီး၊ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ် စနစ်အပေါ် လေးစားတန်ဖိုးထားတဲ့ အင်စတီကျူးရှင်း အဖြစ် ခိုင်မာအောင် မတည်ဆောက်နိုင်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ယခုထက်ပိုပြီး အလွန့်ကို အန္တရာယ် ကြီးမားလှတယ်လို့ ဦးသန်းစိုးနိုင်က သတိပေးပြောကြားသွားပါတယ်။
XS
SM
MD
LG