သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အာဆီယံဥက္ကဋ္ဌတာဝန် မယူရေး ကန့်ကွက်ဖို့ HRW တိုက်တွန်း


မြန်မာ အာဆီယံဥက္ကဋ္ဌတာဝန် မယူရေး ကန့်ကွက်ဖို့ HRW တိုက်တွန်း
မြန်မာ အာဆီယံဥက္ကဋ္ဌတာဝန် မယူရေး ကန့်ကွက်ဖို့ HRW တိုက်တွန်း

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်ပြီးလွှတ်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာရေးအတွက် စစ်မှန်တဲ့ ခြေလှမ်းတွေကို မြန်မာအစိုးရက မလှမ်းမချင်း ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက ဆောင်ရွက်လိုတဲ့ ကိစ္စကို အာဆီယံနိုင်ငံတွေက လက်မခံဘဲ ကန့်ကွက်သင့်တယ်လို့ နယူးယောက်ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က မေလ ၅ ရက်နေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးခဲ့မယ်ဆိုရင် အာဆီယံအသင်းကြီး အနေနဲ့ နိုင်ငံတကာအလယ်မှာ ရှက်စရာကောင်းတဲ့ အဖြစ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း အရင်တုန်းက အာဆီယံ ထိပ်သီးညီလာခံတွေမှာ အာဆီယံ ခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရတာတွေအပေါ် မြန်မာအစိုးရက လိုက်နာဆောင်ရွက်ဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ထောက်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံက သမ္မတသစ် ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေပါတယ်။ လာမယ့် စနေ၊ တနင်္ဂနွေနေ့မှာတော့ ဒီနှစ်ရဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို သူဟာ တက်ရောက်မှာ ဖြစ်ပါတယ်။

သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ တွေ့ခဲ့ပြီးတဲ့နောက် ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ လမ်းပြမြေပုံ အဆင့်အတိုင်း ဆောင်ရွက်ခဲ့တာ အောင်မြင်မှုတွေ ရရှိခဲ့ပြီလို့ သမ္မတ ယူဒိုယိုနိုကို ပြောခဲ့တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG