{{Zawgyi/Unicode}}
ျမန္မာနိုင္ငံရဲ့လူ႔အခြင့္အေရးအေျခအေန ဆိုးရြားလာတာမို ့အေရွ႕ေတာင္အာရွနို္င္ငံမ်ားအဖြဲ႔ (ASEAN) အေနနဲ ့ဆယ္စုနွစ္ေတြနဲ႔ခ်ီၿပီးက်င့္သံုးလာတဲ့့ အဖြဲ႔ဝင္နိုင္ငံေတြရဲ့ျပည္တြင္းေရးကို ဝင္မစြက္ ေရး မူဝါဒအေပၚ ျပန္ျပီး သံုးသပ္သင့္တယ္လို႔ မေလးရွားနိုင္ငံျခားေရးဝန္ႀကီးက ေျပာလိုက္ပါတယ္။
ျမန္မာျပည္အေရးဟာ ျပည္တြင္းနဲ ့ေဒသတြင္းအေပၚ သက္ေရာက္မႈရွိေနတာမို႔ က်န္တဲ့ အာဆီယံ ကိုးနိုင္ငံရဲ့ စိုးရိမ္မႈကို အသိအမွတ္ျပဳသင့္တယ္လို ့ဒီကေန႔လုပ္တဲ့ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာ အြန္လိုင္းေဆြးေႏြးပြဲတခုအတြင္း မေလးရွားနိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ေျပာသြားပါတယ္။
အာဆီယံအေနနဲ ့ လက္ရွိ ကိုင္တြယ္ေျဖရွင္းေနတဲ့ကိစၥရပ္ေတြကို ေရွာင္လႊဲတဲ့အေနနဲ ့ ဝင္မစြက္ေရးမူဝါဒကို ဒိုင္းတခုအေနနဲ ့ အသံုးမျပဳနိုင္ဘူးဆိုတဲ့အခ်က္ကိုလည္း ဝန္ႀကီး Abdullah က ထည့္သြင္းေျပာၾကားသြားပါတယ္။
အဲဒီ ဝင္မစြက္ေရးမူဝါဒက အာဆီယံကို လ်င္ျမန္ထိေရာက္တဲ့ ဆံုးျဖတ္ခ်က္ ခ်မွတ္နိုင္စြမ္း မရွိေတာ့တဲ့ အေျခအေန ေရာက္သြားေစခဲ့တယ္လို ့ဝန္ႀကီး Abdullah ကဆိုပါတယ္။
ဒါေၾကာင့္ အာဆီယံအေနနဲ႔ အျပဳသေဘာေဆာင္ ဆက္သြယ္ေဆာင္ရြက္တဲ့ ဒါမွမဟုတ္ လ်စ္လ်ူ႐ႈ ပစ္ပယ္မထားဘဲ ကိုင္တြယ္ေဆာင္ရြက္တဲ့ မူဝါဒအသစ္တခုကို ခ်မွတ္သင့္တယ္လို႔လည္း ဝန္ႀကီး Abdullah က အဆိုျပဳ ေျပာဆိုခဲ့ပါတယ္။
အာဆီယံ ဘံုသေဘာတူညီခ်က္ ၅ ခ်က္ အေကာင္အထည္ေဖာ္ေရး တိုးတက္မႈမရွိတဲ့အေပၚ တံု႔ျပန္တဲ့အေနနဲ႔ မၾကာခင္က်င္းပမယ့္ အာဆီယံထိပ္သီးေဆြးေႏြးပြဲမွာ စစ္ေကာင္စီေခါင္းေဆာင္ကို မဖိတ္ဖို႔ အာဆီယံက ျပီးခဲ့တဲ့ ေသာၾကာေန႔ကပဲ ဆံုးျဖတ္ခဲ့တာပါ။ အဲဒီအစား နိင္ငံေရးပိုင္းကမဟုတ္ တဲ့ ပုဂၢိဳလ္တဦးကိုသာ ဖိတ္မယ္လုိ႔လည္း ဆံုးျဖတ္ထားပါတယ္။ ဒီလိုဆံုးျဖတ္ခ်က္မ်ဳိးဟာ အာဆီယံအတြက္ ရွားရွားပါးပါးျဖစ္ပါတယ္။
စစ္ေကာင္စီ ေျပာေရးဆိုခြင့္ရွိသူကေတာ့ အာဆီယံရဲ့ ဆံုးျဖတ္ခ်က္နဲ႔ပတ္သက္ျပီး အေမရိကန္နဲ ့ဥေရာပတို ့ရဲ့ ျပည္ပစြက္ဖက္မႈအျဖစ္ ျပစ္တင္ ေျပာဆိုထားပါတယ္။
=========
{{Unicode}}
ပြည်တွင်းရေးဝင်မစွက်တဲ့ အာဆီယံမူ ပြန်သုံးသပ်သင့် - မလေးရှားဝန်ကြီး
မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာတာမို့အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ဆယ်စုနှစ်တွေနဲ့ချီပြီးကျင့်သုံးလာတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းရေးကို ဝင်မစွက် ရေး မူဝါဒအပေါ် ပြန်ပြီး သုံးသပ်သင့်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
မြန်မာပြည်အရေးဟာ ပြည်တွင်းနဲ့ဒေသတွင်းအပေါ် သက်ရောက်မှုရှိနေတာမို့ ကျန်တဲ့ အာဆီယံ ကိုးနိုင်ငံရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုသင့်တယ်လို့ဒီကနေ့လုပ်တဲ့မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲတခုအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသွားပါတယ်။
အာဆီယံအနေနဲ့ လက်ရှိ ကိုင်တွယ်ဖြေရှင်းနေတဲ့ကိစ္စရပ်တွေကို ရှောင်လွှဲတဲ့အနေနဲ့ ဝင်မစွက်ရေးမူဝါဒကို ဒိုင်းတခုအနေနဲ့ အသုံးမပြုနိုင်ဘူးဆိုတဲ့အချက်ကိုလည်း ဝန်ကြီး Abdullah က ထည့်သွင်းပြောကြားသွားပါတယ်။
အဲဒီ ဝင်မစွက်ရေးမူဝါဒက အာဆီယံကို လျင်မြန်ထိရောက်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း မရှိတော့တဲ့ အခြေအနေ ရောက်သွားစေခဲ့တယ်လို့ဝန်ကြီး Abdullah ကဆိုပါတယ်။
ဒါကြောင့် အာဆီယံအနေနဲ့ အပြုသဘောဆောင် ဆက်သွယ်ဆောင်ရွက်တဲ့ ဒါမှမဟုတ် လျစ်လျူရှု ပစ်ပယ်မထားဘဲ ကိုင်တွယ်ဆောင်ရွက်တဲ့ မူဝါဒအသစ်တခုကို ချမှတ်သင့်တယ်လို့လည်း ဝန်ကြီး Abdullah က အဆိုပြု ပြောဆိုခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး တိုးတက်မှုမရှိတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ မကြာခင်ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ဖို့ အာဆီယံက ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီအစား နိင်ငံရေးပိုင်းကမဟုတ် တဲ့ ပုဂ္ဂိုလ်တဦးကိုသာ ဖိတ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ ဒီလိုဆုံးဖြတ်ချက်မျိုးဟာ အာဆီယံအတွက် ရှားရှားပါးပါးဖြစ်ပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ အာဆီယံရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ဥရောပတို့ရဲ့ ပြည်ပစွက်ဖက်မှုအဖြစ် ပြစ်တင် ပြောဆိုထားပါတယ်။
#WhatIsHappeningInMyanmar #ASEAN #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #အာဆီယံ #ဗွီအိုအေမြန်မာပိုင်း
=========