သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္အေရး အၾကမ္းဖက္လုပ္ရပ္ကိုပါ အေလးထားဖို႔ အတိုင္ပင္ခံပုဂၢိဳ လ္ ေထာက္ျပ


ုႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (Source - Myanmar State Counselor Office )

( Zawgyi/ Unicode ) " အခုေလာေလာဆယ္မွာေတာ့ က်မတို႔ရဲ႕ ဒီမိုကေရစီစနစ္က မျပည့္စုံ ေသးပါဘူး။ ေ႐ြးေကာက္မခံရဘဲ ရွိေနတဲ့ လႊတ္ေတာ္ထဲက ကိုယ္စားလွယ္၂၅ ရာခိုင္ႏႈန္းက သိပ္ ထင္ရွားတဲ့ ဥပမာတစ္ခုပါ။"

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ရခိုင္အေရးမွာ အၾကမ္းဖက္သမား အစုအဖြဲ႕ေတြေၾကာင့္ ျဖစ္ေပၚေနတဲ့ ျပႆနာေတြကို ႏိုင္ငံတကာ အသိုက္အဝန္းက အေလးေပး စဥ္းစားျခင္း မရွိလို႔ စိတ္ပ်က္မိေၾကာင္းနဲ႔ ရခိုင္ျပည္နယ္အတြင္း လူ႔အခြင့္အေရး ဆိုင္ရာ စိုးရိမ္ပူပန္မႈေတြ ရွိေနတယ္ဆိုတာကိုလည္း သူ႔အေနနဲ႔ နားလည္ေၾကာင္း ေျပာပါတယ္။ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕မွာ ဂ်ပန္ ဧကရာဇ္ Naruhito ရဲ႕ ဘိသိတ္ခံပြဲကို တက္ေရာက္ၿပီး တစ္ရက္အၾကာမွာ The Nikkei Asian Review သတင္းဌာနနဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ သူက ရခိုင္အေရးနဲ႔အတူ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ ႏိုင္ငံျခား ဆက္ဆံေရးကိစၥေတြကိုလည္း ေျဖၾကား ေဆြးေႏြးခဲ့ပါတယ္။ အျပည့္အစုံကို ကိုရဲမင္းထြန္းက တင္ျပထားပါတယ္။

ဂ်ပန္ဧကရာဇ္ Naruhito ရဲ႕ဘိသိတ္ခံပြဲအၿပီး ေနာက္တစ္ရက္ ေအာက္တိုဘာလ၂၃ ရက္ေန႔မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ဟာ The Nikkei Asian Review အယ္ဒီတာခ်ဳပ္ Tetsuya Iguchi ရဲ႕ ရခိုင္အေရးကိစၥ ေမးျမန္းခ်က္ကို အခုလို ေျဖၾကားခဲ့ပါတယ္။

" က်မ အစိုးရ တက္လာကတည္းက ရခိုင္ျပည္နယ္မွာ ေရရွည္ ေျဖရွင္းရမယ့္ ျပႆနာေတြ ရွိေနတယ္ဆိုတာ သိေနပါတယ္။ ကြၽန္မတို႔ အစိုးရ က ၂၀၁၆ ခုႏွစ္ မတ္လမွာ အာဏာရယူခဲ့ၿပီးတဲ့ေနာက္ ေမလထဲမွာပဲ ရခိုင္မွာ တရားဥပေဒ စိုးမိုးေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး ဗဟိုေကာ္မရွင္ကို ဖြဲ႕ခဲ့တယ္။ တရားဥပေဒစိုးမိုးမႈ မရွိတာနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်တာေၾကာင့္ ဒီျပႆနာေတြကို ေရရွည္ေျဖရွင္းရမယ္လို႔ ကြၽန္မတို႔ နားလည္ထားခဲ့ပါတယ္။ ဒီ ျပႆနာဟာ တစ္ခ်ိဳ႕လူေတြထင္ေနသလို ဘာသာေရးျပႆနာ မဟုတ္ပါဘူး။ စီးပြားေရးနဲ႔ လူမႈေရးျပႆနာပါ။ စီးပြားေရး က်ပ္တည္းမႈနဲ႔ အတူ လူမႈေရး စီးပြားေရး ျပႆနာေတြ ပိုျဖစ္လာပါတယ္။ ရခိုင္ဟာ အဆင္းရဲဆုံး ျပည္နယ္တစ္ခုျဖစ္ေပမဲ့ စီးပြားေရး အလားအလာေတြ အမ်ားႀကီး ရွိေနပါတယ္။ နည္းလမ္းမွန္မွန္နဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈ မရွိခဲ့တာေလးပါ။ ဒါေၾကာင့္ လူမႈေရးျပႆာနာေတြ ေျဖရွင္း ေပးဖို႔ ကိုဖီအာနန္ကို ခ်ဥ္းကပ္ၿပီး ေကာ္မရွင္တစ္ရပ္ ထူေထာင္ခဲ့တာပါ။

ကြၽမတို႔ ဒီလို လုပ္ၿပီးၿပီးခ်င္းပဲ အၾကမ္းဖက္ တိုက္ခိုက္မႈ ပထမဆုံး စျဖစ္ေတာ့တာပါပဲ။ ဒီလိုဆိုေတာ့ ၿငိမ္းခ်မ္းေရး မလိုလားတဲ့ လူစုေတြ ရခိုင္ျပည္နယ္ထဲ ရွိေနတယ္လို႔ ကြၽန္မတို႔ ျမင္မိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အၾကမ္းဖက္သမား အမ်ားစုဟာ ျပႆနာေတြထဲကေန ရွင္သန္ႀကီးထြားလာတာပါ။"

" NVC (national verification cards) နဲ႔ ပတ္သက္ၿပီးေတာ့လည္း ရခိုင္ကလူေတြကို ပစ္မွတ္ထား လုပ္ေနတယ္လို႔ ေျပာေနတာေတြ ရွိပါတယ္။ ဒါဟာ မမွန္ပါဘူး။ တစ္ႏိုင္ငံလုံးမွာ ဒီလို လုပ္ေနတာပါ။ အားလုံး ဒီ ျဖစ္စဥ္ကိုပဲ ျဖတ္ေက်ာ္ရတာပါ။ က်မတို႔ တိုင္းရင္းသား မိဘႏွစ္ပါးက ေမြးဖြားသူေတြလည္း ဒီ ျဖစ္စဥ္အတိုင္း လုပ္ရတာပါပဲ။ က်မတို႔တစ္ေတြ အသက္ ၁၂ ႏွစ္မွာ တစ္ႀကိမ္၊ ၁၈ ႏွစ္မွာ တစ္ႀကိမ္နဲ႔ အသက္ ၃၀ ေတြမွာ ဒီလို စိစစ္ေရး လုပ္ငန္းစဥ္ကို ျဖတ္သန္းရတာပါပဲ။ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ လုပ္တာပါ။ ဒါကို နားမလည္တဲ့လူေတြ သူတို႔ စိတ္ဝင္စားရာ ေနရာေလးကိုပဲ ကြက္ၿပီး အေလးထားေျပာေနတာပါ။ က်မတို႔အတြက္ကေတာ့ တစ္ႏိုင္ငံလုံး အတြက္ စဥ္းစားရပါတယ္။ ရခိုင္ကိစၥက ကြၽန္မတို႔ ႀကဳံေတြ႕ေနရတဲ့ စိန္ေခၚမႈေတြထဲက တခုသာ ျဖစ္ပါတယ္။ ကြၽန္မတို႔ တိုင္းျပည္ ႀကဳံေတြ႕ေနရတဲ့ စိန္ေခၚမႈေတြအားလုံးကို ကိုယ္စား မျပဳပါဘူး။"

ျမန္မာ့ ႏိုင္ငံေရးမွာ အေရးပါတဲ့ အေျခခံဥပေဒ ျပင္ဆင္ေရးကိစၥနဲ႔ ေရွ႕ေ႐ြးေကာက္ပြဲ မတိုင္ခင္ အေျခခံ ဥပေဒ ျပင္ဆင္ေရး ျဖစ္ႏိုင္ မျဖစ္ႏိုင္ ေမးျမန္းခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္က အခုလို ေျဖၾကားပါတယ္။

" အခုေလာေလာဆယ္မွာေတာ့ က်မတို႔ရဲ႕ ဒီမိုကေရစီစနစ္က မျပည့္စုံ ေသးပါဘူး။ ေ႐ြးေကာက္မခံရဘဲ ရွိေနတဲ့ လႊတ္ေတာ္ထဲက ကိုယ္စားလွယ္၂၅ ရာခိုင္ႏႈန္းက သိပ္ ထင္ရွားတဲ့ ဥပမာတစ္ခုပါ။ ျပည့္စုံတဲ့ ဒီမိုကေရစီစနစ္ရွိဖို႔ ကိုယ္စားလွယ္ေတြအားလုံး ေ႐ြးေကာက္ခံ ေတြ ျဖစ္ဖို႔ လိုပါတယ္။ ဒါက အေျခခံပါပဲ။ ျပည္သူလူေတြရဲ႕ လက္ထဲ အခ်ဳပ္အျခာအာဏာ ရွိေစဖို႔အတြက္ ျပင္ဆင္ဖို႔ လိုေနေသးတဲ့ အေျခခံ ဥပေဒထဲက တျခား အခ်က္ေတြလည္း ရွိေနပါေသးတယ္။ ဒါေပမဲ့ ဒီလို ျပင္ဆင္တဲ့အခါမွာ ညီၫြတ္ေရးနဲ႔ တည္ၿငိမ္မႈကို မထိခိုက္ေစဖို႔လည္း သတိထား ရမွာျဖစ္ပါတယ္။ "
ဒါ့အျပင္ ေနာက္ႏွစ္ ေ႐ြးေကာက္ပြဲမတိုင္ခင္ အေျခခံ ဥပေဒ ျပင္ဆင္ေရး ေျပာဖို႔ ခက္ေၾကာင္း၊ ေနာက္လာမယ့္ ေ႐ြးေကာက္ပြဲ မတိုင္ခင္ တႏွစ္အတြင္း အေျခခံ ဥပေဒ ျပင္ဆင္ႏိုင္လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ မေပးခ်င္ေၾကာင္းလည္း ေျပာပါတယ္။

အန္အယ္လ္ဒီ အစိုးရလက္ေအာက္မွာ ႏိုင္ငံေရးနဲ႔ စီးပြားေရး ျပဳျပင္ေျပာင္းလဲမႈ ေႏွးေကြးတယ္လို႔ ေဝဖန္ေနၾကတဲ့ကိစၥနဲ႔ တစ္ခ်ိဳ႕ အာရွႏိုင္ငံေတြမွာ စီးပြားေရးတိုးတက္ေအာင္ လုပ္ရာမွာ ဒီမိုကေရစီ အစိုးရ လက္ေအာက္မွာထက္ အာဏာနဲ႔ အုပ္ခ်ဳပ္တဲ့အစိုးရေတြ လက္ေအာက္မွာ ပိုၿပီး ေကာင္းေအာင္လုပ္ေနတယ္လို႔ ေလ့လာသုံးသပ္မႈေတြ ရွိေနတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေမးျမန္းခ်က္ အေပၚမွာလည္း ေဒၚေအာင္ဆန္းစုၾကည္က သူ႔ရဲ႕အျမင္ကို ေျပာပါတယ္။

" က်မတို႔က ေရရွည္တည္တံ့ေရးကို ဦးစားေပးပါတယ္။ ျမန္တာနဲ႔ ေရရွည္တည္တံ့တာ ႏွစ္ခုမွာ ေရရွည္တည္တံ့တာကို ပို သေဘာက် ပါတယ္။ ဒါေၾကာင့္ ေရရွည္တည္တံ့တဲ့ အေျပာင္းအလဲေတြ လုပ္ခ်င္ပါတယ္။ တိုင္းျပည္ရဲ႕ ညီၫြတ္ေရးနဲ႔ တည္ၿငိမ္ေရးကို မထိခိုက္ေစတဲ့ နည္းလမ္းေတြနဲ႔ လုပ္ေဆာင္ခ်င္ပါတယ္။ ဒါဘာကို ဆိုလိုသလဲဆိုေတာ့ ေႏွးေႏွးနဲ႔ သြားဖို႔လိုရင္ ေႏွးေႏွးသြားပါတယ္။"

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္ဖို႔ အေျခခံ အေဆာက္အအုံ တည္ေဆာက္ေရးက႑မွာ ဂ်ပန္ႏိုင္ငံရဲ႕ အကူအညီေပးႏိုင္တဲ့ အခန္းက႑ကို ဘယ္လို ေမွ်ာ္လင့္ထား သလဲဆိုတဲ့ ေမးျမန္းခ်က္အေပၚမွာလည္း ျမန္မာႏိုင္ငံအတြင္း ဆက္သြံယ္ေရးနဲ႔ စြမ္းအင္က႑တိုတက္ေရးဟာ အေရးအႀကီးဆုံးျဖစ္ေၾကာင္း၊ ဂ်ပန္ႏိုင္ငံက စြမ္းအင္ က႑မွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ စိတ္ဝင္စားရင္ ႏွစ္ဘက္ အက်ိဳး ရွိေစမယ့္ သေဘာတူညီခ်က္မ်ိဳး ရရွိဖို႔ အတူ လုပ္ေဆာင္ႏိုင္ေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္း ႀကီးထြားလာတဲ့ တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈအေပၚ ဘယ္လို ျမင္ပါသလဲဆိုတဲ့ ေမးခြန္းကိုလည္း အခုလို ေျဖၾကားခဲ့ပါတယ္။

" ဂ်ပန္ကို မိတ္ေဆြအျဖစ္ ျမင္သလို တ႐ုတ္ကိုလည္း မိတ္ေဆြလို႔ သေဘာထားပါတယ္။ ဘယ္မိတ္ေဆြကို ေ႐ြးမလဲဆိုၿပီး ေ႐ြးခ်ယ္ခိုင္းတာ မွန္ကန္တဲ့ လုပ္ရပ္ မဟုတ္ဘူးလို႔ ထင္ပါတယ္။ က်မတို႔ႏိုင္ငံက ဘက္မလိုက္တဲ့ အေနအထားမွာ ရပ္တည္ေနလာခဲ့တာပါ။ က်မအထင္ လြတ္လပ္ေရး ရၿပီးကတည္းက ဘက္မလိုက္တဲ့ ႏိုင္ငံျခားေရးမူဝါဒနဲ႔ ရပ္တည္လာတာပါ။ ျမန္မာႏိုင္ငံဟာ ေသးငယ္ၿပီး ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံလည္း ျဖစ္တာေၾကာင့္ ျဖစ္ေစခ်င္သလို လုပ္ခိုင္းလို႔ရတဲ့ အေနအထားမ်ိဳးမွာ မရွိပါဘူး။"

ေနာက္ဆုံးအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနရာမွာ ဆက္ခံမယ့္သူ ဘယ္သူျဖစ္မလဲဆိုတဲ့ ေမးျမန္းခ်က္ အေပၚမွာေတာ့ လူ အမ်ား သိထားတဲ့အတိုင္း NLD ပါတီမွာ တိက်တဲ့ ရာထူးအဆင့္ေတြရွိေၾကာင္း၊ ဒီလို ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္မိေၾကာင္း၊ ပါတီတြင္း ရာထူးအဆင့္ေတြ ပုံမွန္နဲ႔ တည္ၿငိမ္တဲ့ အဆင့္ဆင့္ တိုးတက္မႈ ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာေၾကာင္းပါ။

(unicode)

ရခိုင်အရေး အကြမ်းဖက်လုပ်ရပ်ကိုပါ အလေးထားဖို့ အတိုင်ပင်ခံပုဂ္ဂို လ် ထောက်ပြ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေးမှာ အကြမ်းဖက်သမားအစုအဖွဲ့တွေကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နိုင်ငံတကာ အသိုက်အဝန်းက အလေးပေး စဉ်းစားခြင်း မရှိလို့ စိတ်ပျက်မိကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာကိုလည်း သူ့အနေနဲ့ နားလည်ကြောင်း ပြောပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဂျပန် ဧကရာဇ် Naruhito ရဲ့ ဘိသိတ်ခံပွဲကို တက်ရောက်ပြီး တစ်ရက်အကြာမှာ The Nikkei Asian Review သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ရခိုင်အရေးနဲ့အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံခြား ဆက်ဆံရေးကိစ္စတွေကိုလည်း ဖြေကြား ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။

ဂျပန်ဧကရာဇ် Naruhito ရဲ့ဘိသိတ်ခံပွဲအပြီး နောက်တစ်ရက် အောက်တိုဘာလ၂၃ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ The Nikkei Asian Review အယ်ဒီတာချုပ် Tetsuya Iguchi ရဲ့ ရခိုင်အရေးကိစ္စ မေးမြန်းချက်ကို အခုလို ဖြေကြားခဲ့ပါတယ်။

" ကျမ အစိုးရ တက်လာကတည်းက ရခိုင်ပြည်နယ်မှာ ရေရှည် ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေတယ်ဆိုတာ သိနေပါတယ်။ ကျွန်မတို့ အစိုးရ က ၂၀၁၆ ခုနှစ် မတ်လမှာ အာဏာရယူခဲ့ပြီးတဲ့နောက် မေလထဲမှာပဲ ရခိုင်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မရှင်ကို ဖွဲ့ခဲ့တယ်။ တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာကြောင့် ဒီပြဿနာတွေကို ရေရှည်ဖြေရှင်းရမယ်လို့ ကျွန်မတို့ နားလည်ထားခဲ့ပါတယ်။ ဒီ ပြဿနာဟာ တစ်ချို့လူတွေထင်နေသလို ဘာသာရေးပြဿနာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ လူမှုရေးပြဿနာပါ။ စီးပွားရေး ကျပ်တည်းမှုနဲ့ အတူ လူမှုရေး စီးပွားရေး ပြဿနာတွေ ပိုဖြစ်လာပါတယ်။ ရခိုင်ဟာ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပေမဲ့ စီးပွားရေး အလားအလာတွေ အများကြီး ရှိနေပါတယ်။ နည်းလမ်းမှန်မှန်နဲ့ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့တာလေးပါ။ ဒါကြောင့် လူမှုရေးပြဿာနာတွေ ဖြေရှင်း ပေးဖို့ ကိုဖီအာနန်ကို ချဉ်းကပ်ပြီး ကော်မရှင်တစ်ရပ် ထူထောင်ခဲ့တာပါ။

ကျွမတို့ ဒီလို လုပ်ပြီးပြီးချင်းပဲ အကြမ်းဖက် တိုက်ခိုက်မှု ပထမဆုံး စဖြစ်တော့တာပါပဲ။ ဒီလိုဆိုတော့ ငြိမ်းချမ်းရေး မလိုလားတဲ့ လူစုတွေ ရခိုင်ပြည်နယ်ထဲ ရှိနေတယ်လို့ ကျွန်မတို့ မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်သမား အများစုဟာ ပြဿနာတွေထဲကနေ ရှင်သန်ကြီးထွားလာတာပါ။"

" NVC (national verification cards) နဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်ကလူတွေကို ပစ်မှတ်ထား လုပ်နေတယ်လို့ ပြောနေတာတွေ ရှိပါတယ်။ ဒါဟာ မမှန်ပါဘူး။ တစ်နိုင်ငံလုံးမှာ ဒီလို လုပ်နေတာပါ။ အားလုံး ဒီ ဖြစ်စဉ်ကိုပဲ ဖြတ်ကျော်ရတာပါ။ ကျမတို့ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားသူတွေလည်း ဒီ ဖြစ်စဉ်အတိုင်း လုပ်ရတာပါပဲ။ ကျမတို့တစ်တွေ အသက် ၁၂ နှစ်မှာ တစ်ကြိမ်၊ ၁၈ နှစ်မှာ တစ်ကြိမ်နဲ့ အသက် ၃၀ တွေမှာ ဒီလို စိစစ်ရေး လုပ်ငန်းစဉ်ကို ဖြတ်သန်းရတာပါပဲ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်တာပါ။ ဒါကို နားမလည်တဲ့လူတွေ သူတို့ စိတ်ဝင်စားရာ နေရာလေးကိုပဲ ကွက်ပြီး အလေးထားပြောနေတာပါ။ ကျမတို့အတွက်ကတော့ တစ်နိုင်ငံလုံး အတွက် စဉ်းစားရပါတယ်။ ရခိုင်ကိစ္စက ကျွန်မတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေထဲက တခုသာ ဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းပြည် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ကိုယ်စား မပြုပါဘူး။"

မြန်မာ့ နိုင်ငံရေးမှာ အရေးပါတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့ ရှေ့ရွေးကောက်ပွဲမတိုင်ခင် အခြေခံ ဥပဒေ ပြင်ဆင်ရေး ဖြစ်နိုင် မဖြစ်နိုင် မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားပါတယ်။

" အခုလောလောဆယ်မှာတော့ ကျမတို့ရဲ့ ဒီမိုကရေစီစနစ်က မပြည့်စုံ သေးပါဘူး။ ရွေးကောက်မခံရဘဲ ရှိနေတဲ့ လွှတ်တော်ထဲက ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းက သိပ် ထင်ရှားတဲ့ ဥပမာတစ်ခုပါ။ ပြည့်စုံတဲ့ ဒီမိုကရေစီစနစ်ရှိဖို့ ကိုယ်စားလှယ်တွေအားလုံး ရွေးကောက်ခံ တွေ ဖြစ်ဖို့ လိုပါတယ်။ ဒါက အခြေခံပါပဲ။ ပြည်သူလူတွေရဲ့ လက်ထဲ အချုပ်အခြာအာဏာ ရှိစေဖို့အတွက် ပြင်ဆင်ဖို့ လိုနေသေးတဲ့ အခြေခံ ဥပဒေထဲက တခြား အချက်တွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီလို ပြင်ဆင်တဲ့အခါမှာ ညီညွတ်ရေးနဲ့ တည်ငြိမ်မှုကို မထိခိုက်စေဖို့လည်း သတိထား ရမှာဖြစ်ပါတယ်။ "
ဒါ့အပြင် နောက်နှစ် ရွေးကောက်ပွဲမတိုင်ခင် အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြောဖို့ ခက်ကြောင်း၊ နောက်လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် တနှစ်အတွင်း အခြေခံ ဥပဒေ ပြင်ဆင်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် မပေးချင်ကြောင်းလည်း ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်အောက်မှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှေးကွေးတယ်လို့ ဝေဖန်နေကြတဲ့ကိစ္စနဲ့ တစ်ချို့ အာရှနိုင်ငံတွေမှာ စီးပွားရေးတိုးတက်အောင် လုပ်ရာမှာ ဒီမိုကရေစီ အစိုးရ လက်အောက်မှာထက် အာဏာနဲ့ အုပ်ချုပ်တဲ့အစိုးရတွေ လက်အောက်မှာ ပိုပြီး ကောင်းအောင်လုပ်နေတယ်လို့ လေ့လာသုံးသပ်မှုတွေ ရှိနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းချက် အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့အမြင်ကို ပြောပါတယ်။

" ကျမတို့က ရေရှည်တည်တံ့ရေးကို ဦးစားပေးပါတယ်။ မြန်တာနဲ့ ရေရှည်တည်တံ့တာ နှစ်ခုမှာ ရေရှည်တည်တံ့တာကို ပို သဘောကျ ပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့တဲ့ အပြောင်းအလဲတွေ လုပ်ချင်ပါတယ်။ တိုင်းပြည်ရဲ့ ညီညွတ်ရေးနဲ့ တည်ငြိမ်ရေးကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ချင်ပါတယ်။ ဒါဘာကို ဆိုလိုသလဲဆိုတော့ နှေးနှေးနဲ့ သွားဖို့လိုရင် နှေးနှေးသွားပါတယ်။"

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖို့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ အကူအညီပေးနိုင်တဲ့ အခန်းကဏ္ဍကို ဘယ်လို မျှော်လင့်ထား သလဲဆိုတဲ့ မေးမြန်းချက်အပေါ်မှာလည်း မြန်မာနိုင်ငံအတွင်း ဆက်သွံယ်ရေးနဲ့ စွမ်းအင်ကဏ္ဍတိုတက်ရေးဟာ အရေးအကြီးဆုံးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက စွမ်းအင် ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားရင် နှစ်ဘက် အကျိုး ရှိစေမယ့် သဘောတူညီချက်မျိုး ရရှိဖို့ အတူ လုပ်ဆောင်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ကြီးထွားလာတဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအပေါ် ဘယ်လို မြင်ပါသလဲဆိုတဲ့ မေးခွန်းကိုလည်း အခုလို ဖြေကြားခဲ့ပါတယ်။

" ဂျပန်ကို မိတ်ဆွေအဖြစ် မြင်သလို တရုတ်ကိုလည်း မိတ်ဆွေလို့ သဘောထားပါတယ်။ ဘယ်မိတ်ဆွေကို ရွေးမလဲဆိုပြီး ရွေးချယ်ခိုင်းတာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျမတို့နိုင်ငံက ဘက်မလိုက်တဲ့ အနေအထားမှာ ရပ်တည်နေလာခဲ့တာပါ။ ကျမအထင် လွတ်လပ်ရေး ရပြီးကတည်းက ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ရပ်တည်လာတာပါ။ မြန်မာနိုင်ငံဟာ သေးငယ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံလည်း ဖြစ်တာကြောင့် ဖြစ်စေချင်သလို လုပ်ခိုင်းလို့ရတဲ့ အနေအထားမျိုးမှာ မရှိပါဘူး။"

နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာမှာ ဆက်ခံမယ့်သူ ဘယ်သူဖြစ်မလဲဆိုတဲ့ မေးမြန်းချက် အပေါ်မှာတော့ လူ အများ သိထားတဲ့အတိုင်း NLD ပါတီမှာ တိကျတဲ့ ရာထူးအဆင့်တွေရှိကြောင်း၊ ဒီလို ဆက်ရှိနေမယ်လို့ မျှော်လင့်မိကြောင်း၊ ပါတီတွင်း ရာထူးအဆင့်တွေ ပုံမှန်နဲ့ တည်ငြိမ်တဲ့ အဆင့်ဆင့် တိုးတက်မှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြောင်းပါ။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG