သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး


ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ၀န်ကြီး၊ နိုင်ငံခြားရေး အတွင်းဝန်တို့ အဖွဲ့ တွေ့ဆုံ

လွန်ခဲ့တဲ့ ၂ လလောက်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်စပ်စခန်းတွေ အတိုက်ခိုက်ခံခဲ့ရတဲ့ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဘက်ကို ရိုဟင်ဂျာ မွတ်ဆလင် ၆ သောင်းခွဲလောက် ထွက်ပြေးလာတယ်လို့ ခန့်မှန်းထားကြပြီး ဒီကိစ္စအတွက် စတင်ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ကြာသပတေးနေ့က သဘောတူခဲ့တယ်လို့ Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကရော မြန်မာဘက်ကပါ လက်မခံကြတဲ့အတွက် နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ၂ နိုင်ငံ အစိုးရတို့ကြား အဆင်မပြေဖြစ်နေတာကို ပြေလျော့စေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထူးကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်နေတဲ့ မြန်မာ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်ကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရက ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဒေါ်အေးအေးစိုး ကတော့ ပထမဆုံး နိုင်ငံသား ဟုတ်မဟုတ်စစ်ဆေးတာနဲ့ အချက်အလက် မှန်မမှန် စိစစ်တဲ့ လုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။ တကယ်လို့ သူတို့ဟာ မြန်မာနိုင်ငံဘက်က လူဖြစ်တာကို တွေ့ရရင် သူတို့ကို သင့်တော်တဲ့ အချိန်မှာ ပြန်ပို့ရမယ်လို့လည်း ပြောပါတယ်။

အရင်တုန်းက စိစစ်မှုတွေအရ မြန်မာနိုင်ငံက လာသူ ၂၄၁၅ ဦးပဲ ရှိတယ်လို့ မြန်မာဘက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အခုဆွေးနွေးမှုဟာ မကြာသေးခင်ကမှာ မောင်တောဒေသ တပ်စခန်းတွေ အတိုက်ခိုက်ခံရပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေ အရေးကို ဦးစားပေး ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ဒေါ်အေးအေးစိုး ကပြောကြားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိနေထိုင်တဲ့ ရိုဟင်ဂျာက ၅ သိန်းလောက်အထိ ရှိနေတာ ဖြစ်ပြီး ဒီကိစ္စဟာ ၂ နိုင်ငံကြား ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်နေတာမို့ အခုလို ဆွေးနွေးဖို့ သဘောတူညီမှု ရတာဟာ ထူးခြားတဲ့ မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

ဒုက္ခသည်အရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG