သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ပြဿနာ ဘင်္ဂလား-မြန်မာ ဆွေးနွေးမည်


영국의 법관들이 웨스트민스터 성당에서 새 법정연도의 시작을 알리는 미사에 참석한 후 국회의사당으로 향하고 있다.
영국의 법관들이 웨스트민스터 성당에서 새 법정연도의 시작을 알리는 미사에 참석한 후 국회의사당으로 향하고 있다.
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဒီသီတင်းပတ်ထဲမှာကျင်းပမယ့် နယ်စပ်လုံခြုံရေး အစည်းအဝေးမှာ ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂ နိုင်ငံကြား တင်းမာမှုတွေဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ အပြန်အလှန်စွပ်စွဲနေချိန်မှာ ပြဿနာတွေ ထပ်မဖြစ်အောင်နဲ့ ဆက်ဆံရေးတွေကို မထိခိုက်အောင် ရည်ရွယ် ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကိုမအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ မောင်တောမြို့နယ်တွင်းက ၂ နိုင်ငံ နယ်စပ်ဒေသမှာ အမည်မသိ လက်နက်ကိုင်တချို့ကို တွေ့ရတယ်ဆိုပြီး မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေပစ်ခတ်ရာက သေဆုံးသွားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်ကို အခုသီတင်းပတ်ကုန်မှာပဲ မြန်မာနိုင်ငံဘက်က ပြန်လည် လွဲှပြောင်းပေးအပ်ခဲ့တာပါ။

နယ်စပ်ပဋိပက္ခ ဖြစ်ပွားခဲ့ပေမဲ့ ၂ နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုတွေ မပျက်ရအောင် တွေ့ဆုံဆွေးနွေးရေး အစီအစဉ်တွေအတိုင်း ဆက်လက် ဆောင်ရွက်မှာ ဖြစ်သလို ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ Ashud Ahmed ကဗွီအိုအေကိုပြောပါတယ်။

“နှစ်နိုင်ငံအတွက် ဒီကိစ္စဟာ ပြသနာမဟုတ်ပါဘူး။ နယ်စပ်မှာ နှစ်ဘက် လုံခြုံရေးတပ်ဖွဲ့တွေကြား နားလည်မှု လွဲတဲ့ ပြဿနာတခုပါ။ အခုတော့ အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပါပြီ။ ပစ်ခတ်မှုမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးသေဆုံးခဲ့ပြီး သူ့ရဲ့အလောင်းကိုလည်း မြန်မာဘက်က ပြန်ပေးပြီပါပြီ။ နောက်ပြီ လာမယ့်ဇွန်လ (၅) ရက်နေ့မှာ အလံတင် အစည်းအဝေးတစ်ခုကျင်းပဖို့ နှစ်နိုင်ငံ နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေ သဘောတူညီခဲ့ပါတယ်။ အဲဒီမှာ ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်ဆွေးနွေးဖို့ ရှိပါတယ်။”

အခုလို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို မြန်မာဘက်က RSO ရိုဟင်ဂျာအဖွဲ့ဝင်တွေအဖြစ် မှားယွင်းပစ်ခတ်ခဲ့တယ် ဆိုတဲ့ အကြောင်းပြချက်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း Mr. Ahmed ကပြောပါတယ်။

“RSO ရိုဟင်ဂျာအဖွဲ့နဲ့ပတ်သက်လို့ မြန်မာဘက်က စွပ်စွဲပြောဆိုချက်သက်သက်ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ RSO အဖွဲ့ အခြေပြု လှုပ်ရှားနေတယ်လို့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒါဟာ မှားယွင်းနေတဲ့စွပ်စွဲချက်သာဖြစ်တယ်လို့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တုံ့ပြန်ထားပြီးသားပါ။ အကြမ်းဖက်လှုပ်ရှားမှုမှန်သမျှကို ဘင်္ဂလားဒေ့ရှ်က ဘယ်တော့မှ လက်မခံပါဘူး။”

ဒါပေမယ့် ရိုဟင်ဂျာအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲမှာ အခြေပြုလှုပ်ရှားနေတယ်ဆိုတာကို မြန်မာအစိုးရဘက်က အများသိအောင် ထုတ်ဖေါ်ပြောဆိုထားပြီးသာဖြစ်တယ်လို့ မြန်မာအစိုးရပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“RSO အနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာလည်း နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ။ သိပ်မကြာခင်က ကျနော်တို့ဘက်က တပ်ဖွဲ့ဝင်တွေကို ဖမ်းသွားခဲ့တဲ့ဖြစ်စဉ်တွေ၊ ဒီဘက်ကို ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်တွေ ရှိလို့ကျနော်တို့ ထုတ်ဖော်ပြောကြားခဲ့တာတွေ ရှိတယ်။ နောက်ပြီး ဒုချီရားတန်းဖြစ်စဉ်မှာလည်း RSO အဖွဲ့မှာ သင်တန်းတက်ခဲ့တာတွေရှိတယ်လို့ ကျနော်တို့ လူသိရှင်ကြား ရှင်းလင်းပြောကြားခဲ့ပြီးတော့မှ ဘင်္ဂလားဒေ့ရှ် သံရုံးက တာဝန်ရှိသူတွေတောင် တက်ရောက်ခဲ့တာပဲ။ ကျနော်တို့ကတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ RSO ကို ထောက်ပံ့ကြေး ပေးတယ်။ မပေးဘူး၊ အကူအညီပေးတယ်။ မပေးဘူးလို့ ပြောတာ မဟုတ်ပါဘူး။ သေချာတာတစ်ခုကတော့ RSO လို့ အမည်ခံထားတဲ့ အကြမ်းဖက် သောင်းကြမ်းသူများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံက နယ်မြေကို အသုံးပြုပြီးတော့မှ ကျနော်တို့နိုင်ငံထဲကို ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတဲ့ အချက်အလက်ကတော့ အမှန်ပဲလေ။ အဲဒီတော့ သူတို့ဘက်က ပြောစရာတွေ ရှိသလို ကျနော်တို့ဘက်ကလည်း လာမယ့် ဆွေးနွေးပွဲတွေ၊ သွားရောက်တွေ့ဆုံမှုတွေမှာ ကျနော်တို့ဘက်ကလည်း ပြောစရာ အချက်အလက်တွေ အများကြီး ရှိပါတယ်။”

မကြာခင်ကျင်းပမယ့် နှစ်ဘက်ဆွေးနွေးပွဲတွေမှာတော့ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံမှုရှိဖို့ဆိုတဲ့အချက်တွေပေါ်မှာ အခြေခံ ဆွေးနွေးသွားမယ်လို့ မြန်မာအစိုးရပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“ကျနော်တို့က ဖြစ်စဉ်ကို ရှင်းပြဖို့ပဲရှိတယ်။ တောင်းပန်ဖို့တော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံထဲကို သူတို့က ဝင်လာတာကိုးဗျ။ ဝင်လာတဲ့အခါကျတော့ RSO လှုပ်ရှားမှု ရှိတဲ့နေရာတခုမှာ ခြံစည်းရိုးကိုကျော်ပြီးတော့ လက်နက်ကိုင်ဝင်လာတဲ့သူတစ်ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက တွေ့တဲ့အခါမှာ ဘယ်နိုင်ငံမဆို ဒီလိုပဲ တုံ့ပြန်ဆောင်ရွက်ရမှာပဲလေ။”

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံ မောင်တောမြို့နယ်တွင်းက ၂ နိုင်ငံ နယ်စပ်ဒေသမှာ ဖြစ်ခဲ့တဲ့ပစ်ခတ်မှုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်နယ်မြေတွင်းက တပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ရာက နယ်ခြားစောင့် တပ်ဖွဲ့ဝင် သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင် အမှတ်အသား ဝတ်ဆင်ထားခြင်းမရှိဘူးလို့ ကြေညာချက်မှာ တုံ့ပြန်ထားပါတယ်။
XS
SM
MD
LG