သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်ဝံကလေး ညဏ်ထူး လ ျှာရောဂါ ပြည်ပ အထူးကုတွေ အောင်မြင်စွာခွဲစိတ်


ကုသမှုခံယူခဲ့ရတဲ့ ဝက်ဝံလေး ညဏ်ထူး။ (ဓာတ်ပုံ - Edinburgh တက္ကသိုလ်)
ကုသမှုခံယူခဲ့ရတဲ့ ဝက်ဝံလေး ညဏ်ထူး။ (ဓာတ်ပုံ - Edinburgh တက္ကသိုလ်)

မြန်မာပြည်ထဲက ဝက်ဝံအမဲ အငယ်၂ကောင်ကို တရုတ်ပြည်ထဲကို တရားမဝင် ရောင်းစားဖို့ ကြိုးပမ်းကြသူတွေ လက်ကနေ မြန်မာဘုန်းကြီးတွေက ကယ်တင်ခဲ့ပြီး ဘုန်းကြီးကျောင်း တခုမှာ မွေးမြူထားပါတယ်။

အဲဒီ ဝက်ဝံလေးတွေကို ညဏ်ထူးနဲ့ ကံထူး လို့လည်း နာမည်ပေးထား ပါတယ်။ အခု အဲဒီ၂ ကောင်ထဲက ၁၈ လသား ညဏ်ထူးရဲ့ လျှာမှာ ဆိုးဝါးတဲ့ ရောဂါဝေဒနာ ခံစားနေရပြီး သူ့ရဲ့လျှာက ၇ ပေါင်လောက် ကြီးမား ယောင်ကိုင်းနေတာကို ခွဲစိတ်ကုသမှု လုပ်နေကြတယ်လို့ အောက်တို ဘာလ ၂၃ ရက်နေ့ထုတ် ဒေးလီးမေလ်း သတင်းမှာ ဖေါ်ပြထားပါတယ်။

အင်္ဂလန်နိုင်ငံ Edinburgh တက္ကသိုလ် တိရိစ ္ဆာန် ဆေးကု သရေး ကျောင်းက အဖွဲ့ဝင်တချို့ ရဲ့ အကူအညီနဲ့ ခွဲစိတ်ကုသမှု လုပ်နေတာပါ။ ဝက်ဝံလေး ညဏ်ထူး ရဲ့ လျှာမှာ ဖြစ်နေတဲ့ အနာက ကြီးမားလွန်းလို့ကြမ်းပြင်ပေါ်အထိတောင် ကျနေတာပါ။

၄ နာရီကြာ ခွဲစိတ်ကုသမှု လုပ်ခဲ့ရပြီး လျှာထဲက ကျောက်တည်နေတာကို ခွဲထုတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၆ ခုနှစ် တုန်းကလည်း ပထမအကြိမ် ခွဲစိတ်ကုသမှု လုပ်ခဲ့ပါ သေးတယ်။ အဲဒီ ခွဲစိတ်မှုအပြီး ညဏ်ထူးက ဆော့ကစားနိုင်ခဲ့တယ် ဆိုပေမယ့် အခုနှစ်၂၀၁၇မှာ အခြေအနေက တော်တော် ဆိုးလာခဲ့တာပါ။

ခြင်ကိုက်ခံရလို့ဖြစ်တဲ့ ရောဂါလို့ စစ်ဆေးတွေ့ရှိရတဲ့ အကြောင်း ကုသရေးအဖွဲ့က ပြောပါတယ်။ဒီလို ရောဂါက လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ ဆိုပေမယ့် ဝက်ဝံတွေဆီမှာ ဖြစ်တယ်ဆိုတဲ့ မှတ်တမ်းတွေ မရှိဘူးလို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG