သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာင္းဖြင့္ရာသီမွာ ဆုံးျဖတ္ရခက္ေနတဲ့ မိဘမ်ား


"ျမန္မာျပည္မွာ ျဖစ္ေနတာက ၿမိဳ႕နယ္ေပါင္း (၃၃၀) ရွိတဲ့အထဲမွာ တိုင္းနဲ႔ျပည္နယ္အလိုက္ ခြဲေျပာရင္ေတာ့ ေက်ာင္းတက္လို႔ ရေနတဲ့ ေနရာေတြရွိသလို၊ ေက်ာင္းတက္လို႔ အဆင္မေျပတဲ့ ေနရာေတြကလည္း ရွိေနတယ္။ အဲဒီအေပၚမွာ မူတည္ၿပီး ဆုံးျဖတ္ရမွာေပါ့။ တနသၤာရီတိုင္းအေနနဲ႔ ဆိုရင္ေတာ့ အေျခအေနက ေတာ္ေတာ္ေလးဆိုးတယ္။ ေက်ာင္းထားဖို႔၊ ေက်ာင္းပို႔ဖို႔က ေတာ္ေတာ္ခက္ခဲတဲ့ အေနအထားနဲ႔ ရင္ဆိုင္ေနရတယ္"လို႔ စာသင္ၾကားတဲ့အ႐ြယ္ေတြကို ေက်ာင္းပို႔ရမွာ ျဖစ္ေပမဲ့၊ မတည္ၿငိမ္တဲ့ ေဒသေတြမွာေတာ့ ကေလးရဲ႕အသက္အႏၲရာယ္နဲ႔ ပညာေရး ဒီႏွစ္ခုကို ေ႐ြးခ်ယ္ရခက္ခဲေၾကာင္း တနသၤာရီတိုင္းက မိဘတစ္ဦး ေျပာၾကားတာကို VOA က ေဖာ္ျပခဲ့ပါတယ္။

ဇြန္လဆန္းဟာ ျမန္မာႏိုင္ငံမွာ အေျခခံပညာေက်ာင္းေတြျဖစ္တဲ့ မူလတန္း၊ အလယ္တန္းနဲ႔ အထက္တန္းေက်ာင္းေတြ ဖြင့္တဲ့အခ်ိန္ပါ။ ဒီႏွစ္ေက်ာင္းဖြင့္ရာသီကေတာ့ အရင္ႏွစ္ေတြနဲ႔ မတူပါဘူး။ ကေလးေတြကို ေက်ာင္းအပ္မလား၊ မအပ္ဘူးလားဆိုတာ ေက်ာင္းသားမိဘေတြ ဗ်ာမ်ားရတဲ့ႏွစ္လို႔ ဆိုရမွာပါ ။ဒါေတြဟာ ပုံမွန္အေျခအေနမွာဆိုရင္ ထူးထူးေထြေထြ စဥ္းစားစရာ မလိုတဲ့ ကိစၥရပ္ပါ။ ဒါေပမဲ့ ၂၀၂၁ ေဖေဖာ္ဝါရီ (၁) ရက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာေတာ့ ေက်ာင္းတက္ေရး၊ မတက္ေရး။ ေက်ာင္းအပ္ေရး၊ မအပ္ေရးဟာ အေရးပါတဲ့ အေၾကာင္းတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စစ္အာဏာသိမ္းတာကို ဆန႔္က်င္တဲ့အေနနဲ႔ "စစ္အာဏာရွင္လက္ေအာက္ ပညာေရးကိုဆန႔္က်င္ေရး" "ေက်ာင္းမတက္ေရး"လႈပ္ရွားေတာင္းဆိုမႈေတြ ေပၚေပါက္လာခဲ့ၿပီး တကၠသိုလ္ေက်ာင္းသားအမ်ားစုဟာ ေက်ာင္းမတက္ေရး လႈပ္ရွားမႈမွာ ပါဝင္ခဲ့ၾကလို႔ပါ။

ထို႔အတူပါပဲ ဆရာ၊ဆရာမေတြဟာလည္း CDM လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့ၾကပါတယ္။ စစ္ေကာင္စီ ပညာေရးဝန္ႀကီးဌာနရဲ႕ ၂၀၂၁ ဧၿပီ (၂၃) ရက္ေန႔ ထုတ္ျပန္ခ်က္အရ အေျခခံပညာေရးဦးစီးဌာနမွာ သင္ၾကားေရးနဲ႔ စီမံေရးရာဝန္ထမ္း (၂၇) ရာခိုင္ႏႈန္း CDM လုပ္ခဲ့တယ္။ အဆင့္ျမင့္ပညာဦးစီးဌာနမွာေတာ့ သင္ၾကားေရးနဲ႔စီမံေရးရာဝန္ထမ္း (၅၆) ရာခိုင္ႏႈန္း CDM လုပ္ခဲ့တယ္။ အဆင့္ျမင့္ပညာတကၠသိုလ္အဆင့္ ဆရာ၊ ဆရာမနဲ႔ စီမံဝန္ထမ္း ၁၁,၀၀၀-ဦး အလုပ္ထုတ္ပစ္ျခင္း ခံခဲ့ရတယ္လို႔ ISP-Myanmar ရဲ႕ ၂၀၂၁ ေမလ (၁၄) ရက္
ေန႔က ေဖာ္ျပခ်က္မွာ ေတြ႕ရပါတယ္။

ဒီႏွစ္ အေျခခံပညာေက်ာင္းဖြင့္ခ်ိန္ ေက်ာင္းအပ္တဲ့အေနအထားကို စစ္ေကာင္စီရဲ႕အာေဘာ္ ေၾကးမုံသတင္းစာမွာေတာ့ ၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္ ေက်ာင္းအပ္ႏွံေရး သီတင္ပတ္အတြင္း ေက်ာင္းသား၊ေက်ာင္းသူ ၅၆ သိန္းေက်ာ္ ေက်ာင္းအပ္ႏွံတယ္လို႔ ဇြန္လ (၁) ရက္ေန႔ထုတ္မွာ ေဖာ္ျပထားပါတယ္။

ဒီႏွစ္ေက်ာင္းဖြင့္ရာသီမွာ ထူးထူးျခားျခား ထြက္ေပၚလာတာကေတာ့ ဗမာျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (BPLA)ရဲ႕ ျပည္သူမ်ားသို႔ အသိေပးထုတ္ျပန္ျခင္းျဖစ္ပါတယ္။ ၂၀၂၂ ေမလ ၃၀ ရက္ေန႔က ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ေၾကညာခ်က္မွာ ကေလးငယ္မ်ားနဲ႔ လူငယ္မ်ားရဲ႕ ပညာေရးကို ေရရွည္တြင္လ်စ္လ်ဴရႈ၍ မရေၾကာင္း၊ ေက်ာင္းျပန္တက္လိုသူမ်ာကိုလည္း ေမြးရာပါအခြင့္အေရးအျဖစ္ အသိအမွတ္ျပဳေၾကာင္း၊ စစ္ေကာင္စီယႏၲယားေအာက္က ေက်ာင္းမ်ားကို မတက္ေရာက္ဘဲ အစားထိုးေ႐ြးခ်ယ္တဲ့ ေတာ္လွန္ပညာေရးကိုလည္း အားေပးေထာက္ခံေၾကာင္း၊ အစားထိုးေ႐ြးခ်ယ္ေရးနည္းလမ္းမ်ားကို လက္လွမ္းမမီ၊ မတတ္ႏိုင္သူမ်ား စစ္ေကာင္စီလက္ေအာက္ ေက်ာင္းမ်ားကို ျပန္လည္ပို႔ေဆာင္ရတဲ့ မိဘျပည္သူမ်ား၊ ေက်ာင္းသူေက်ာင္းသားမ်ား၊ ဆရာဆရာမမ်ားနဲ႔ စာသင္ေက်ာင္းမ်ားရဲ႕ လုံၿခဳံေရးကို လုံးဝရန္ျပဳ ထိခိုက္ေစမွာ မဟုတ္ေၾကာင္း ရွင္းလင္းစြာေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

ဒါေပမဲ့လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အေနနဲ႔ အေျခခံပညာေက်ာင္းေတြ ဖြင့္ခ်ိန္မွာ ေက်ာင္းအပ္ေရး၊ မအပ္ေရးနဲ႔ သက္ဆိုင္တဲ့ သေဘာထား တစုံတရာ ထုတ္ျပန္ခဲ့တာ မေတြ႕ရပါဘူး။ ဇြန္လ (၃) ရက္ေန႔မွာေတာ့ NUG ရဲ႕ ပညာေရးဝန္ႀကီးဌာနနဲ႔ လူ႔အခြင့္အေရးဝန္ႀကီးဌာနတို႔ ပူးတြဲထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္တာ ေတြ႕ရပါတယ္။ အဲဒီထုတ္ျပန္ခ်က္မွာေတာ့ စစ္ေကာင္စီလက္ေအာက္က ေက်ာင္းေတြကို ဆက္လက္သပိတ္ေမွာက္ဖို႔နဲ႔ NUG က ဖြင့္လွစ္တဲ့ Online နဲ႔ On Ground ေက်ာင္းမ်ားကိုတက္ေရာက္ၾကဖို႔ကို တိုက္တြန္းထားပါတယ္။ ဒါ့အျပင္ စာသင္ေက်ာင္းေတြကို ဘယ္အုပ္စု၊ ဘယ္အင္အားစုကမွ တိုက္ခိုက္တာကို လက္မခံႏိုင္ေၾကာင္း ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာမသိမ္းခင္ကာလကလည္း ကိုဗစ္ကပ္ေရာဂါအေျခအေနေၾကာင့္ ေက်ာင္းေတြ တစ္ႏွစ္ၾကာ ပိတ္ထားခဲ့ရပါတယ္။ အာဏာသိမ္းၿပီးေနာက္မွာလည္း ေက်ာင္းေတြအမ်ားစုဟာ ျပန္မဖြင့္ႏိုင္ခဲ့ပါဘူး။ ဒီအေျခအေနကို "ကပ္ေရာဂါနဲ႔ လုံၿခဳံမႈမရွိေတာ့တဲ့ အေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ ေက်ာင္းမတက္ႏိုင္တဲ့
ကေလးအေရအတြက္က (၂) ႏွစ္အတြင္းမွာ ႏွစ္ဆေက်ာ္ ေလာက္ တိုးလာတယ္" လို႔ Save the Children က ဇြန္လ (၁) ရက္ေန႔က ထုတ္ျပန္ခဲ့တာေတြ႕ရပါတယ္။ ေက်ာင္းမတက္ႏိုင္တဲ့ ကေလးအရည္အတြက္ဟာ (၇.၈) သန္းေလာက္ ရွိတယ္လို႔လည္း Save the Children ရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါအျပင္ GCPEA လို႔ေခၚတဲ့ ပညာေရးက႑ တိုက္ခိုက္ခံရမႈ ကာကြယ္ေရး ကမာၻလုံးဆိုင္ရာ ၫႊန႔္ေပါင္းအဖြဲ႕ႀကီးကလည္း ၿပီးခဲ့တဲ့ (၂) ႏွစ္အတြင္း ကမာၻတလႊား ပညာေရးက႑ တိုက္ခိုက္ခံရမႈ ပိုတိုးလာတယ္လို႔ GCPEA ရဲ႕ အစီရင္ခံစာက ေထာက္ျပထားပါတယ္။ ကမာၻတလႊား စာသင္ေက်ာင္းေတြ တိုက္ခိုက္ခံရတဲ့ ႏိုင္ငံစာရင္းထဲမွာ ျမန္မာႏိုင္ငံကိုလည္း ထည့္သြင္းေဖၚျပထားပါတယ္။ GCPEA အဖြဲ႕ရဲ႕ ေလ့လာမႈအရ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ (၂) ႏွစ္ အတြင္းအထူးသျဖင့္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း စာသင္ေက်ာင္းေတြကို တိုက္ခိုက္တာ၊ စစ္စခန္းေတြအျဖစ္ အသုံးခ်တာစတဲ့ လုပ္ရပ္ေပါင္း (၂၀၀) ေက်ာ္ ရွိတယ္လို႔ ဒီအစီရင္ခံစာ ျပဳစုရာမွာ ပါဝင္တဲ့ သုေတသီ Dr. Marika Tsolakis က ရွင္းျပပါတယ္။

"ျမန္မာႏိုင္ငံမွာေရာ အျခားႏိုင္ငံတခ်ိဳ႕မွာပါ အစိုးရတပ္ဖြဲ႕ကေရာ အစိုးရမဟုတ္တဲ့ လက္နက္ကိုင္အဖြဲ႕ေတြကပါ ပညာေရးက႑ကို တိုက္ခိုက္ေနတာ ေတြ႕ရၿပီး၊ စာသင္းေက်ာင္းနဲ႔ တကၠသိုလ္ေတြကို စစ္ေရးစခန္းေတြအျဖစ္ အသုံးခ်ေနၾကတာပါ။ ဒါက တကယ့္ျပသနာႀကီး ျဖစ္ပါတယ္။ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္း ပညာေရးက႑ တိုက္ခိုက္ခံရမႈေပါင္း (၂၂၀) ေက်ာ္ ရွိပါတယ္"

ဘယ္လိုပဲျဖစ္ျဖစ္ ဒီႏွစ္ေက်ာင္းဖြင့္ရာသီမွာ အရင္ႏွစ္ကထက္ ေက်ာင္းအပ္သူ ပိုမ်ားလာတာ ေတြ႕ရပါတယ္။ တခ်ိဳ႕ေက်ာင္းသားမိဘေတြကေတာ့ ႏိုင္ငံေရးအရ စစ္ေကာင္စီလက္ေအာက္က ေက်ာင္းေတြမွာ မထားဘဲ NUG ပညာေရးဝန္ႀကီးဌာနရဲ႕အစီအစဥ္နဲ႔ ဖြင့္လွစ္တဲ့ အြန္လိုင္းပညာေရးအစီအစဥ္ေတြမွာ တက္ေရာက္ေစသူေတြ
လည္း ရွိပါတယ္။ ဒါေပမဲ့ ေအးခ်မ္းတည္ၿငိမ္မႈ မရွိတဲ့ ေဒသေတြ၊ အထူးသျဖင့္ တိုက္ပြဲေတြျဖစ္ေနတဲ့ ေက်း႐ြာေတြ မီးရႈိ႕ခံေနရတဲ့ စစ္ကိုင္းတိုင္းအတြင္း ေက်း႐ြာေတြက ကေလးေတြအတြက္ေတာ့ ေက်ာင္းတက္ဖို႔ဆိုတာ ခက္ခဲတဲ့ အေနအထားပါ။ အခုလို ေက်ာင္းသားအ႐ြယ္ လူငယ္ေတြ၊ ကေလးငယ္ေတြ ပညာသင္ယူခြင့္ ဆုံးရႉံးႏိုင္တဲ့အေျခအေနနဲ႔ ရင္ဆိုင္ေနၾကရတာကေတာ့ စစ္အာဏာသိမ္းမႈရဲ႕ အက်ိဳးဆက္ေၾကာင့္လို႔ပဲ ဆိုရမွာပါ။ သင္ယူေလ့လာမႈ ဆုံးရႈံးျခင္းကို ကုစားႏိုင္ဖို႔နဲ႔ စစ္အာဏာရွင္စနစ္ ဆန႔္က်င္ေရးကာလအတြင္း ပညာဆက္သင္လိုသူေတြ အခြင့္အေရး မဆုံးရႈံးေစဖို႔ ပညာေရးမူဝါဒကို ဘယ္လို ေဖာ္ေဆာင္ၾကမလဲ ဆိုတာကို အင္အားစု အသီးသီးက ေခါင္းေဆာင္ေတြအေနနဲ႔ ေရတိုသာမက ေရရွည္အတြက္ပါ ထည့္သြင္းစဥ္းစားကာ လက္ေတြ႕က်တဲ့ ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တိုင္းျပည္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ၿငိမ္းခ်မ္းမႈနဲ႔ တည္ၿငိမ္ေရး
တို႔ဟာ ပညာေရးေပၚမွာ တည္ေနတာေၾကာင့္ ျဖစ္ပါတယ္။

=== Unicode ===

"မြန်မာပြည်မှာ ဖြစ်နေတာက မြို့နယ်ပေါင်း (၃၃၀) ရှိတဲ့အထဲမှာ တိုင်းနဲ့ပြည်နယ်အလိုက် ခွဲပြောရင်တော့ ကျောင်းတက်လို့ ရနေတဲ့ နေရာတွေရှိသလို၊ ကျောင်းတက်လို့ အဆင်မပြေတဲ့ နေရာတွေကလည်း ရှိနေတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရမှာပေါ့။ တနင်္သာရီတိုင်းအနေနဲ့ ဆိုရင်တော့ အခြေအနေက တော်တော်လေးဆိုးတယ်။ ကျောင်းထားဖို့၊ ကျောင်းပို့ဖို့က တော်တော်ခက်ခဲတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်"လို့ စာသင်ကြားတဲ့အရွယ်တွေကို ကျောင်းပို့ရမှာ ဖြစ်ပေမဲ့၊ မတည်ငြိမ်တဲ့ ဒေသတွေမှာတော့ ကလေးရဲ့အသက်အန္တရာယ်နဲ့ ပညာရေး ဒီနှစ်ခုကို ရွေးချယ်ရခက်ခဲကြောင်း တနင်္သာရီတိုင်းက မိဘတစ်ဦး ပြောကြားတာကို VOA က ဖော်ပြခဲ့ပါတယ်။

ဇွန်လဆန်းဟာ မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေဖြစ်တဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ ဖွင့်တဲ့အချိန်ပါ။ ဒီနှစ်ကျောင်းဖွင့်ရာသီကတော့ အရင်နှစ်တွေနဲ့ မတူပါဘူး။ ကလေးတွေကို ကျောင်းအပ်မလား၊ မအပ်ဘူးလားဆိုတာ ကျောင်းသားမိဘတွေ ဗျာများရတဲ့နှစ်လို့ ဆိုရမှာပါ ။ဒါတွေဟာ ပုံမှန်အခြေအနေမှာဆိုရင် ထူးထူးထွေထွေ စဉ်းစားစရာ မလိုတဲ့ ကိစ္စရပ်ပါ။ ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကျောင်းတက်ရေး၊ မတက်ရေး။ ကျောင်းအပ်ရေး၊ မအပ်ရေးဟာ အရေးပါတဲ့ အကြောင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ "စစ်အာဏာရှင်လက်အောက် ပညာရေးကိုဆန့်ကျင်ရေး" "ကျောင်းမတက်ရေး"လှုပ်ရှားတောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပြီး တက္ကသိုလ်ကျောင်းသားအများစုဟာ ကျောင်းမတက်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြလို့ပါ။

ထို့အတူပါပဲ ဆရာ၊ဆရာမတွေဟာလည်း CDM လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၁ ဧပြီ (၂၃) ရက်နေ့ ထုတ်ပြန်ချက်အရ အခြေခံပညာရေးဦးစီးဌာနမှာ သင်ကြားရေးနဲ့ စီမံရေးရာဝန်ထမ်း (၂၇) ရာခိုင်နှုန်း CDM လုပ်ခဲ့တယ်။ အဆင့်မြင့်ပညာဦးစီးဌာနမှာတော့ သင်ကြားရေးနဲ့စီမံရေးရာဝန်ထမ်း (၅၆) ရာခိုင်နှုန်း CDM လုပ်ခဲ့တယ်။ အဆင့်မြင့်ပညာတက္ကသိုလ်အဆင့် ဆရာ၊ ဆရာမနဲ့ စီမံဝန်ထမ်း ၁၁,၀၀၀-ဦး အလုပ်ထုတ်ပစ်ခြင်း ခံခဲ့ရတယ်လို့ ISP-Myanmar ရဲ့ ၂၀၂၁ မေလ (၁၄) ရက်
နေ့က ဖော်ပြချက်မှာ တွေ့ရပါတယ်။

ဒီနှစ် အခြေခံပညာကျောင်းဖွင့်ချိန် ကျောင်းအပ်တဲ့အနေအထားကို စစ်ကောင်စီရဲ့အာဘော် ကြေးမုံသတင်းစာမှာတော့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်ပတ်အတွင်း ကျောင်းသား၊ကျောင်းသူ ၅၆ သိန်းကျော် ကျောင်းအပ်နှံတယ်လို့ ဇွန်လ (၁) ရက်နေ့ထုတ်မှာ ဖော်ပြထားပါတယ်။

ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ထူးထူးခြားခြား ထွက်ပေါ်လာတာကတော့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)ရဲ့ ပြည်သူများသို့ အသိပေးထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ၂၀၂၂ မေလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကြေညာချက်မှာ ကလေးငယ်များနဲ့ လူငယ်များရဲ့ ပညာရေးကို ရေရှည်တွင်လျစ်လျူရှု၍ မရကြောင်း၊ ကျောင်းပြန်တက်လိုသူမျာကိုလည်း မွေးရာပါအခွင့်အရေးအဖြစ် အသိအမှတ်ပြုကြောင်း၊ စစ်ကောင်စီယန္တယားအောက်က ကျောင်းများကို မတက်ရောက်ဘဲ အစားထိုးရွေးချယ်တဲ့ တော်လှန်ပညာရေးကိုလည်း အားပေးထောက်ခံကြောင်း၊ အစားထိုးရွေးချယ်ရေးနည်းလမ်းများကို လက်လှမ်းမမီ၊ မတတ်နိုင်သူများ စစ်ကောင်စီလက်အောက် ကျောင်းများကို ပြန်လည်ပို့ဆောင်ရတဲ့ မိဘပြည်သူများ၊ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများနဲ့ စာသင်ကျောင်းများရဲ့ လုံခြုံရေးကို လုံးဝရန်ပြု ထိခိုက်စေမှာ မဟုတ်ကြောင်း ရှင်းလင်းစွာဖော်ပြထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အခြေခံပညာကျောင်းတွေ ဖွင့်ချိန်မှာ ကျောင်းအပ်ရေး၊ မအပ်ရေးနဲ့ သက်ဆိုင်တဲ့ သဘောထား တစုံတရာ ထုတ်ပြန်ခဲ့တာ မတွေ့ရပါဘူး။ ဇွန်လ (၃) ရက်နေ့မှာတော့ NUG ရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတို့ ပူးတွဲထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်တာ တွေ့ရပါတယ်။ အဲဒီထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီလက်အောက်က ကျောင်းတွေကို ဆက်လက်သပိတ်မှောက်ဖို့နဲ့ NUG က ဖွင့်လှစ်တဲ့ Online နဲ့ On Ground ကျောင်းများကိုတက်ရောက်ကြဖို့ကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေကို ဘယ်အုပ်စု၊ ဘယ်အင်အားစုကမှ တိုက်ခိုက်တာကို လက်မခံနိုင်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်ကာလကလည်း ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ကျောင်းတွေ တစ်နှစ်ကြာ ပိတ်ထားခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက်မှာလည်း ကျောင်းတွေအများစုဟာ ပြန်မဖွင့်နိုင်ခဲ့ပါဘူး။ ဒီအခြေအနေကို "ကပ်ရောဂါနဲ့ လုံခြုံမှုမရှိတော့တဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ ကျောင်းမတက်နိုင်တဲ့
ကလေးအရေအတွက်က (၂) နှစ်အတွင်းမှာ နှစ်ဆကျော် လောက် တိုးလာတယ်" လို့ Save the Children က ဇွန်လ (၁) ရက်နေ့က ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးအရည်အတွက်ဟာ (၇.၈) သန်းလောက် ရှိတယ်လို့လည်း Save the Children ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် GCPEA လို့ခေါ်တဲ့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ကာကွယ်ရေး ကမ္ဘာလုံးဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့ကြီးကလည်း ပြီးခဲ့တဲ့ (၂) နှစ်အတွင်း ကမ္ဘာတလွှား ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ပိုတိုးလာတယ်လို့ GCPEA ရဲ့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ ကမ္ဘာတလွှား စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတဲ့ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။ GCPEA အဖွဲ့ရဲ့ လေ့လာမှုအရ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ (၂) နှစ် အတွင်းအထူးသဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းတွေကို တိုက်ခိုက်တာ၊ စစ်စခန်းတွေအဖြစ် အသုံးချတာစတဲ့ လုပ်ရပ်ပေါင်း (၂၀၀) ကျော် ရှိတယ်လို့ ဒီအစီရင်ခံစာ ပြုစုရာမှာ ပါဝင်တဲ့ သုတေသီ Dr. Marika Tsolakis က ရှင်းပြပါတယ်။

"မြန်မာနိုင်ငံမှာရော အခြားနိုင်ငံတချို့မှာပါ အစိုးရတပ်ဖွဲ့ကရော အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကပါ ပညာရေးကဏ္ဍကို တိုက်ခိုက်နေတာ တွေ့ရပြီး၊ စာသင်းကျောင်းနဲ့ တက္ကသိုလ်တွေကို စစ်ရေးစခန်းတွေအဖြစ် အသုံးချနေကြတာပါ။ ဒါက တကယ့်ပြသနာကြီး ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုပေါင်း (၂၂၀) ကျော် ရှိပါတယ်"

ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ကျောင်းဖွင့်ရာသီမှာ အရင်နှစ်ကထက် ကျောင်းအပ်သူ ပိုများလာတာ တွေ့ရပါတယ်။ တချို့ကျောင်းသားမိဘတွေကတော့ နိုင်ငံရေးအရ စစ်ကောင်စီလက်အောက်က ကျောင်းတွေမှာ မထားဘဲ NUG ပညာရေးဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ ဖွင့်လှစ်တဲ့ အွန်လိုင်းပညာရေးအစီအစဉ်တွေမှာ တက်ရောက်စေသူတွေ
လည်း ရှိပါတယ်။ ဒါပေမဲ့ အေးချမ်းတည်ငြိမ်မှု မရှိတဲ့ ဒေသတွေ၊ အထူးသဖြင့် တိုက်ပွဲတွေဖြစ်နေတဲ့ ကျေးရွာတွေ မီးရှို့ခံနေရတဲ့ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေက ကလေးတွေအတွက်တော့ ကျောင်းတက်ဖို့ဆိုတာ ခက်ခဲတဲ့ အနေအထားပါ။ အခုလို ကျောင်းသားအရွယ် လူငယ်တွေ၊ ကလေးငယ်တွေ ပညာသင်ယူခွင့် ဆုံးရှူံးနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရတာကတော့ စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်ကြောင့်လို့ပဲ ဆိုရမှာပါ။ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းကို ကုစားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလအတွင်း ပညာဆက်သင်လိုသူတွေ အခွင့်အရေး မဆုံးရှုံးစေဖို့ ပညာရေးမူဝါဒကို ဘယ်လို ဖော်ဆောင်ကြမလဲ ဆိုတာကို အင်အားစု အသီးသီးက ခေါင်းဆောင်တွေအနေနဲ့ ရေတိုသာမက ရေရှည်အတွက်ပါ ထည့်သွင်းစဉ်းစားကာ လက်တွေ့ကျတဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်ရေး
တို့ဟာ ပညာရေးပေါ်မှာ တည်နေတာကြောင့် ဖြစ်ပါတယ်။

XS
SM
MD
LG