သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ NLD အများစုအနိုင်ရထား


မဲရေတွက်နေပုံ
မဲရေတွက်နေပုံ

လွှတ်တော် အမတ် လွပ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၉ ခု အတွင်း ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာတော့ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အများစု အနိုင်ရပြီး၊ ဒီနောက်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ဒုတိယ အများစု အနိုင်ရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်နေရာ စုစုပေါင်း ၉ နေရာအနိုင်ရပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော် အမတ်နေရာ ၁၈ နေရာထဲ ၉ နေရာ ရှုံးနိမ့်တာမှာ အားလုံးက လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက လွှတ်တော်အမတ်နေရာ ၆ နေရာ အနိုင်ရပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ၂ နေရာနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ(ကယားပြည်နယ်)နဲ့ ရခိုင်အမျိုးသား ပါတီက တနေရာစီ အနိုင်ရပါတယ်။ ပြည်သူ့လွှတ်တော် လစ်လပ်နေရာ ၉ နေရာမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ၅ နေရာ နိုင်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ၂ နေရာ အနိုင်ရပါတယ်။

အရင် အာဏာရ ပါတီဟောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီနဲ့ ရခိုင်အမျိုးသားပါတီ တို့က ၁ နေရာစီအနိုင်ရပါတယ်။ အမျိုးသား လွှတ်တော် သုံးနေရာ စလုံးကိုတော့ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရပါတယ်။ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်နေရာ ၇ နေရာမှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က မိုင်းရှုး၊ ကျေးသီးတို့မှာ ပြည်နယ် လွှတ်တော် နေရာ ၄ ခု၊ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် တနေရာ အနိုင်ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ရှမ်းပြည်နယ် ကျိုင်းတုံ မဲဆန္ဒနယ် တနေရာ၊ ကယားပြည်နယ် ဖရူးဆိုး မဲဆန္ဒနယ်မှာတော့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ကယားပြည်နယ် က အနိုင်ရပါတယ်။

ပြည်သူ့ လွှတ်တော် ၉ နေရာ၊ အမျိုးသား လွှတ်တော် ၃ နေရာနဲ့ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော် ၇ နေရာတို့ကို မနေ့ ဧပြီလ ၁ ရက်နေ့က နိုင်ငံရေး ပါတီ ၂၄ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၉၅ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG