သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကော်မရှင် လူထုယုံကြည်မှု ပိုရလာ

 ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
1/6  ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
 ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
2/6  ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
 ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
3/6  ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Voting began in Myanmar Saturday in by-elections
4/6 Voting began in Myanmar Saturday in by-elections
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Voting began in Myanmar Saturday in by-elections
5/6 Voting began in Myanmar Saturday in by-elections
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Voting began in Myanmar Saturday in by-elections
6/6 Voting began in Myanmar Saturday in by-elections
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဧပြီ၁ရက်နေ့ မနေ့ကကျင်းပခဲ့တဲ့၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိပြီး မဲပေးတာ မဲစာရင်းရေတွက်တာ မဲရလဒ်ထုတ်ပြန်တာမျိုးတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ အရင်ကထက်စာရင်လူထုရဲ့ယုံကြည်မှု ပိုပြီးကောင်းလာတဲ့ အနေအထားရှိတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို စောင့်ကြည့်လေ့လာခဲ့တဲ့ အဖွဲ့ (PACE) People’s Alliance for Credible Elections ကပြောဆိုလိုက်ပါတယ်။ လစ်လပ်နေရာတွေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ အေးအေးချမ်းချမ်းပြီးဆုံးခဲ့ပြီး မဲရုံတွေမှာ အနှောင့်အယှက် တစုံတရာကြီးကြီးမားမားမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့လို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒရှင်ပြည်သူစာရင်း ထုတ်ပြန်တာနဲ့ မဲပေးနည်းစနစ်နဲ့ ပညာပေးမှု အားနည်းတာတွေရှိခဲ့သလို မဲရလဒ် ထုတ်ပြန်မှုတွေမှာတော့ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဝေဖန်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲရဲ့ အတွေ့အကြုံတွေကို နမူနာယူပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဒီမိုကရေစီစံချိန်စံညွှန်းအမှီ ကျင်းပနိုင်ဖို့ အခုကတည်း စတင်ပြင်ဆင်ထားသင့်ပြီလို့လည်း အကြံပြုပါတယ်။

ဒီကနေ့မှာပဲ ပြည်သူလူထုကို ၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကနဦးအစီရင်ခံစာထုတ်ပြန်ခဲ့တဲ့ People’s Alliance for Credible Elections(PACE) ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ PACE ရဲ့ တွေ့ရှိချက်တွေကို အခုလိုစဖြေပါတယ်။

ကိုစိုင်းရဲကျော်စွာမြင့်။ ။ကျနော်တို့ရွေးကောက်ပွဲဖြစ်စဉ်ဟာ ငြိမ်ငြိမ်သက်သက်နဲ့ပြီးတယ်။ ပွင့်လင်းမြင်သာမှုအရင်ကထက်စာရင်ကောင်းလာတယ်လို့ အကြမ်းဖျင်း ပြောလို့ရတယ်။ နောက်ပြီးတော့မှ ကျနော်တို့ ချည်းကပ်မှုတွေ၊ မဲမသာမှုလုပ်တာတွေ၊ နောက်ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို ထိခိုက်ရလောက်တဲ့ ဖြစ်စဉ်ကြီးကြီးမားမား ကျနော်တို့မတွေ့ရဘူး။ ဒီဖြစ်စဉ်ဟာ ကျနော်တို့ပြောမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ရွေးကောက်ပွဲဖြစ်စဉ် လို့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။

မဆုမွန်။ ။ဟုတ်ကဲ့ပါရှင့် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စိတ်ပါဝင်စားမှုပေါ့နော် ကြားဖြတ်ရွေးကောက်ပွဲ ပြန်ပြီးတော့ လစ်လပ်တဲ့နေရာမှာ ဝင်ပြီးတော့ ရွေးမယ့် ကိုယ်စားလှယ်လောင်း တွေအပေါ်မှာ စိတ်ဝင်စားမှု ဒီမဲသွားပေးရမယ့်နေ့မှာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ လေ့လာတွေ့ရှိပါသလဲရှင့်။

ကိုစိုင်းရဲကျော်စွာမြင့်။ ။ဒီ ကြားဖြတ်ရွေးကောက်ပွဲရှိတာကို သိသလားလို့မေးတဲ့အခါမှာ သိတဲ့ ရာခိုင်နှှုန်းနည်းတာကို တွေ့တယ်။ နည်းတယ်ဆိုပေမယ့် တဝက်ကျော်ကျော်လောက်ကို သိတာရှိတာပေါ့။ မဲလာထည့်မလားလို့ မေးတဲ့အခါမှာ မဲထည့်မယ်လို့ပြောတာ ၅၇ ရာခိုင်နှုန်းပဲရှိတယ် အဲဒီတုန်းက မဲတကယ်လာထည့်တဲ့ ရာခိုင်နှုန်းက မဲထည့်မယ်လို့ပြောတဲ့ ရာခိုင်နှုန်းထက် နည်းတဲ့သဘောတွေ့ရတယ်။ ပြည်သူလူထုက ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ၂၀၁၅ ထက်စာရင် ၂၀၁၇ က နည်းတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ကျနော်ရွေးကောက်ပွဲနေ့ကို စောင့်ကြည့်တယ် လူ ၆၀၀ နဲ့မဲရုံ ၃၀၀ ပေါ့နော်။ မဲရုံ ၃၀၀ကို ကျနော်တို့ ကျပန်းနည်းနဲ့ ရွေးပြီးတော့မှ ကျနော်တို့ စောင့်ကြည့်တယ်။ အဲဒါပြီးတော့ ခုနထိတော့ မဲရလဒ်ပြုစုတဲ့ဖြစ်စဉ်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ကျနော်တို့ စောင့်ကြည့်နေတယ်။ အဲဒါကတော့ ကြားဖြတ်မှာ ကျနော်တို့ စောင့်ကြည့်တဲ့ဖြစ်စဉ် တွေပေါ့လေ။ ဆိုတော့ ထူးထူးခြားခြားကတော့ ကျနော်တို့ အသေးအမွားတွေတော့ရှိပါတယ် ဥပမာ - မဲလာထည့်ဖို့ လာတဲ့အခါမှာ မဲစာရင်းမှာ နာမည် မပါတဲ့အတွက်ကြောင့်မို့လို့ ၁ ယောက်ကနေ ၁၀ ယောက်ကြားလောက်ရှိတယ်ဆိုတဲ့ဟာက မဲရုံတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်မှာ ရှိတယ်ဆိုတာ ကျနော်တို့ တွေ့တယ်။

မဆုမွန်။ ။ဟုတ်ကဲ့ အခုဒီကြားဖြတ်ရွေးကောက်ပွဲက အရင် ၂၀၁၅ရွေးကောက်ပွဲတုန်းကဆိုရင် မဲမသမာမှုတွေဖြစ်မှာမျိုး ၊ မဲလိမ်မှာမျိုးကို မဲဆန္ဒရှင်ပြည်သူတွေက တော်တော်များများ စိုးရိမ်မှုတွေရှိခဲ့တယ်ပေါ့နော် အဲဒီတော့ နောက်ဆုံးမဲစာရင်း ရလဒ်ထွက်တဲ့အထိကို သေချာအောင် တိကျအောင် နောက်ဆုံး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ အတိအကျ ထုတ်ပြန်တော့မှပဲ ဒီရလဒ်က အတည်ပြုတဲ့ဟာမျိုးရှိတော့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာရော အဲဒီလိုမျိုး စိုးရိမ်မှုရှိတာ ကြားမိပါသလား။ နောက်ပြီးအဲဒီလို စိုးရိမ်မှုရှိလောက်အောင်ဒီလို မဲရုံတွေမှာ မသမာမှုတွေလုပ်တာမျိုးရော လေ့လာတွေ့ရှိတာမျိုးရှိပါသလားရှင့်။

ကိုစိုင်းရဲကျော်စွာမြင့်။ ။အဲ့တာမျိုးတော့ မရှိဘူးဗျ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျနော်တို့ စစ်တမ်းကောက်တာ မြို့နယ် ၂၂မြို့နယ်မှာ မဲဆန္ဒရှင်တွေကို မေးတဲ့မေးခွန်းက ဘာလဲဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်ပူပင်တာတွေ ရှိသလားလို့ မေးတဲ့အခါမှာ လူအများစု ၇၀ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းကျော်ကျော်နီးပါးက ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိုးရိမ်ပူပင်စရာမရှိဘူးလို့ ဖြေတာရှိပါတယ်။ အခုရွေးကောက်ပွဲကော်မရှင်ကို ကြည့်မယ်ဆိုရင် အရင်ရွေးကောက်ပွဲရဲ့ စိန်ခေါ်မှုကကျတော့ ပြည်သူလူထုက ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ယုံကြည်မှုမရှိတာ ဒါရွေးကောက်ပွဲကော်မရှင်ရဲ့စိန်ခေါ်မှုပဲ။ သူတို့ အဲ့တာကို အကြီးအကျယ်တည်ဆောက်ခဲ့ရတယ်။

ဆိုတော့ ဒီကော်မရှင်ရဲ့အားသာချက်က ပြည်သူလူထုက သူတို့အပေါ်မှာ ဝေဖန်မှု၊ မယုံကြည်မှုကို ၂၀၁၅ ကလောက် ပြတာတွေ ကျနော်တို့ မတွေ့ရဘူး။ ဒီအပေါ်မှာ ဘာကိုတွေ့ရသလဲဆိုတော့ သူတို့အတွက်က စိန်ခေါ်မှုက ဘာလဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ဒီ့ထက်ပိုပြီး ဘယ်လောက်ကောင်းအောင် လုပ်နိုင်မလဲ။ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဘယ်လောက်ပြည့်အောင် လုပ်နိုင်မလဲဆိုတာက သူတို့အတွက် စိန်ခေါ်မှုပဲ။

မဆုမွန်။ ။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ ကိုစိုင်းရဲကျော်စွာမြင့်တို့ လေ့လာတွေ့ရှိခဲ့တဲ့ စောင့်ကြည့်ခဲ့တဲ့ အတွေ့အကြုံတွေအရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးအတွက်ရော သက်ဆိုင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရော၊ မဲဆန္ဒနယ်တွေမှာ ဝင်ပြီးပြိုင်မယ့် ကိုယ်စားလှယ်တွေအတွက် ဘယ်လိုများ အကြံပေးချင်တာရှိပါလဲရှင်။

ကိုစိုင်းရဲကျော်စွာမြင့် ။ ။ အဓိက ကတော့ဗျာ ဒီကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ တက်လာတဲ့အစိုးရက ခန့်အပ်ထားတဲ့ ကော်မရှင်ပေါ့လေ ဒီကော်မရှင်ကိုယ်တိုင်ကလည်း အသုံးပြုနေတဲ့ ဥပဒေတွေကိုယ်တိုင်ကလည်း အရင်ဥပဒေတွေပဲလေ ၂၀၀၈ အခြေခံဥပဒေအတိုင်း ပေါ်လာတဲ့ ဥပဒေတွေ။ ဆိုတော့ ဒီဥပဒေမူဘောင်တွေကို ကျိန်းသေ ၂၀၂၀ မတိုင်ခင်မှာ အကုန်လုံးမဟုတ်တောင်မှ ရွေးကောက်ပွဲကို ပိုပြီးတော့မှ ပွင့်လင်းလာအောင် ပိုပြီးတော့ ကောင်းလာအောင် လုပ်ဖို့အတွက် အရေးကြီးတဲ့ ဥပဒေတွေ ပြင်ဆင်ဖို့အတွက် ဥပဒေမူဘောင်တွေ ပြန်လည်သုံးသပ်တာတွေ ကျိန်းသေလုပ်ရမယ်။ သာမာန်လူလည်း နားလည်မယ်။ ကော်မရှင်အဖွဲ့ခွဲတွေအကုန်လုံးနားလည်မယ် အဲ့လိုဟာမျိုးဖြစ်အောင် ကျနော်တို့ ပြန်လည်သုံးသပ်ဖို့လိုမယ်။

မဆုမွန်။ ။ တချို့နေရာတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပညာပေးမှု အားနည်းခဲ့တယ်လို့ပြောတယ်။ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နော် အဲ့တာကို ဘယ်လိုများသုံးသပ်မိပါလဲရှင့်။

ကိုစိုင်းရဲကျော်စွာမြင့်။ ။ တွေ့ရှိချက်အရတော့ မဲဆန္ဒရှင်ပညာပေးမှု လုပ်တာ နည်းတာတော့ အမှန်ပဲ။ ကော်မရှင်ကိုယ်တိုင်လည်း လုပ်တဲ့ရာခိုင်နှုန်းတွေ သူတို့ လုပ်တော့လုပ်ပါတယ်။ ဒါပေမဲ့ တချို့ဝေးလံတဲ့နေရာမျိုးတွေလုပ်တာနည်းတယ် နောက်ပြီးတော့ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းရဲ့ လုပ်ပုံကိုင်ပုံတွေကလည်း နည်းနည်းရိုးတာလည်းပါတာပေါ့လေ။ အထူးသဖြင့် လူတွေကလည်း စိတ်မဝင်စားဘူး။ အထူးသဖြင့် ကြားဖြတ်ရွေးကောက်ပွဲလိုမျိုးကို လူတွေက စိတ်ဝင်စားမှုနည်းတယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေလည်း ထိုနည်းလည်းကောင်းပဲ။ နိုင်ငံရေးပါတီတွေက ကိုယ့်ကို မဲလာထည့်မယ့်သူကို မဲလာထည့်ချင်အောင် ဝိုင်းပြီးတော့မှ မဲဆန္ဒရှင်ကို တိုက်တွန်းတာမျိုး ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။

မဆုမွန်။ ။ ကိုစိုင်းရဲကျော်စွာမြင့် အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

ကိုစိုင်းရဲကျော်စွာမြင့်။ ။ ဟုတ်ကဲ့ပါခင်ဗျာ။

ဒါကတော့ People’s Alliance for Credible Elections (PACE) အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် လူထုယုံကြည်မှု ပိုရလာ
please wait

No media source currently available

0:00 0:05:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG