သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်း ထုတ်ပြန်နိုင်မှု

 ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
1/6  ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
 ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
2/6  ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
 ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
3/6  ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေတဲ့သတင်းဓာတ်ပုံများ
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Voting began in Myanmar Saturday in by-elections
4/6 Voting began in Myanmar Saturday in by-elections
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Voting began in Myanmar Saturday in by-elections
5/6 Voting began in Myanmar Saturday in by-elections
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Voting began in Myanmar Saturday in by-elections
6/6 Voting began in Myanmar Saturday in by-elections
ဒီကနေ့ ဧပြီလ ၁ ရက်နေ့ စနေနေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ မဲရလဒ်တွေကို စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အသေးစိတ် ဖတ်ရှုရန် Show less
Previous slide
Next slide

ဒီကနေ့ ဧပြီလ ၁ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေတွေကို ရန်ကုန်မှာရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုကျော်ကျော်သိန်း ကို ဝါရှင်တန်ဒီစီကနေ မအိသန့်စင်က တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။

အိသန့်စင်။ ။ ဟုတ်ကဲ့ပါ ကိုကျော်ကျော်သိန်း ရှင့် ။ အခု ဒီကနေ့ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေရဲ့ နောက်ဆုံးရ အခြေအနေတွေကို သိထားရသလောက် ပြောပြပေးပါ ရှင့်။

ကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ပါခင်ဗျ။ ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ရုပ်မြင်သံကြားက ထွက်ပြီးတော့ ပြောသွားတာရှိပါတယ်။ ပထမတုန်းကတော့ သူတို့ ရွေးကောက်ပွဲ ရလဒ်တွေကို ည ၉နာရီမှာ ရထားသလောက်ပေါ့လေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရလာသလောက် ကြေညာမယ်လို့ ပြောထားတာရှိပါတယ်။ ဒါပေမဲ့လည်း မဲစာရင်းတွေက ပြုစုနေဆဲဖြစ်တဲ့အတွက် သူတို့ ဘာရလဒ်ကိုမှ တရားဝင် မကြေညာနိုင်သေးပါဘူးတဲ့။ ဆိုတော့ သူတို့ဆီ ဝင်လာတဲ့ မဲစာရင်းတွေကို ဥပဒေနဲ့အညီ တရားဝင် ပြုစုပြီးတဲ့အခါမှသာ ကြေညာနိုင်မယ်လို့ ပြောသွားပါတယ် ဒါကြောင့် ဒီညမှာတော့ တရားဝင်မကြေညာနိုင်သေးဘူးလို့ သူက UEC ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသွားပါတယ်။ ၂၀၁၅ မှာ မကျင်းပနိုင်တဲ့ ကျေးသီးနဲ့ မိုင်းရှုးမဲဆန္ဒနယ်တွေမှာ ဒီနေ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပသွားနိုင်တဲ့ကိစ္စကိုလည်းပဲ ဦးလှသိန်းက ထည့်ပြီးပြောသွားတာ ကျနော်ကြားလိုက်ရပါတယ်။

ကျနော်တို့ အဲ့ဒီ့မတိုင်ခင်ပေါ့လေ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်မြို့ ရွှေဂုံတိုင် ရုံးချုပ်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ထွက်ပြီးတော့ အဲ့ဒီ့မှာ စောင့်နေတဲ့ NLD ပါတီ ထောက်ခံသူတွေကို NLD ပါတီကနေပြီးတော့ သိထားတဲ့ မဲရလဒ်ပေါ့ ဒါဟာ NLD ပါတီက သူတို့သိထားတဲ့ပေါ့ မဲရလဒ်ပါ NLD ပါတီက အတည်ပြုထားတဲ့ မဲရလဒ်တော့ မဟုတ်ပါဘူး။ အဲ့ဒီ့ဦးဖြိုးမင်းသိန်းပြောသွားတဲ့ မဲရလဒ်တွေအရကတော့ ရန်ကုန်တိုင်းမှာ လစ်လပ်နေရာ (၅)နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ (၅)နေရာစလုံးမှာ NLD ပါတီက အနိုင်ရတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ တခါ စစ်ကိုင်းတိုင်းအတွက် ပြည်သူ့လွှတ်တော်အတွက် လစ်လပ်နေရာမှာ NLD က အနိုင်ရတယ်လို့ပြောပါတယ်။ အဲ့တာကတော့ လောလောဆယ် သိထားရသလောက်ရလဒ်ပါပဲ တခြား ပေါ့လေ ဆိုရှယ်လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြောတာတွေကတော့ ရှိပါတယ် ဒါပေမဲ့ ဒီအချက် အခြေအနေတွေက ဘာမှ အတည်ပြုနိုင်တဲ့အခြေအနေတွေတော့ မရှိသေးဘူး မအိသန့်စင်ရေ။

အိသန့်စင်။ ။ ဟုတ်ကဲ့။ အခုသိထားရတဲ့ မဲရလာဒ်တွေအပြင် တခြား ကျန်သေးတဲ့ ရလာဒ်တွေကိုရော ဘယ်အချိန်လောက်မှာ ထုတ်ပြန်နိုင်မယ်လို့ထင်ပါသလဲရှင့်။

ကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ပါ ဒီကနေ့ညမှာ မကြေညာနိုင်ဘူးဆိုရင်တော့ နောက်နေ့ ကူးသွားမှာပေါ့လေ။ တနင်္ဂနွေနေ့ကို ကူးသွားမယ့်ပုံစံမှာ ရှိပါတယ်။ တနင်္ဂနွေမှာ ရုံးလုပ်ငန်းတွေ စတင်လည်ပတ်မယ် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေ အသံလွှင့်တဲ့အချိန်မှာတော့ မဲရလဒ်တွေ ထွက်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နိုင်ပါတယ်။ ဒီညဉ့်ပိုင်းမှာ မဲရလဒ်တွေ ရလာနိုင်မယ်ဆိုရင်လည်းပဲ အစိုးရပိုင်းပေါ့လေ မြန်မာ့အလင်းတို့ ကြေးမုံတို့ မှာတော့ နောက်နေ့မနက်ထုတ်မှာ ပါလာနိုင်ကောင်း ပါလာနိုင်တယ်လို့ကျနော် ဒီလိုခန့်မှန်းပါတယ်ခင်ဗျ။

အိသန့်စင်။ ။ ဒီနေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာတိုင်းမှာ အေးအေးချမ်းချမ်းရှိကြရဲ့လား။ တခြား ထူးခြားတာတွေများ တွေ့ရပါသေးသလား ရှင့်။

ကျော်ကျော်သိန်း။ ။ ကျျနော်တို့ အခုထိ ရထားသလောက်ပေါ့လေ ကျနော်တို့ သတင်းထောက်တွေ သတင်းအချက်အလက်တွေ နယ်ပယ်စုံ ပြည်နယ်အသီးသီး ဒေသအသီးသီးကို ဆက်သွယ်လို့ရသလောက် ဖုန်းနဲ့ဆက်သွယ်လို့ရသလောက် တခါ ကျနော်တို့ ကိုယ်တိုင်သွားခဲ့သလောက် ဒီကနေ့ကျင်းပတဲ့ ၂၀၁၇ ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲဟာ အေးအေးဆေးဆေး ချောချောမောမော အများအားဖြင့် ဖြစ်ပုံရပါတယ်။ ဘယ်ဒေသမှာမှ ကြီးကြီးမားမား အဖြစ်အပျက်တွေ ရှိတယ်လို့ ကျနော်တို့ သတင်းမကြားပါဘူး။ တချို့သတင်းတွေမှာတော့ အဖြစ်အပျက် အသေးလေးတွေတော့ ရှိတာပေါ့လေ။ ဒါကတော့ ဘယ်နိုင်ငံမှာမဆို ဘယ်ရွေးကောက်ပွဲမှာမဆို ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်အသေးလေးမျိုးတွေပါ။ အဲ့တာမျိုးလေးတွေတော့ ရှိတယ်ဆိုတာ သတင်းတွေမှာ တွေ့ရပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမား ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်နိုင်လောက်တဲ့ ဖြစ်ရပ်မျိုးတွေတော့ ဘာမှရှိတယ်လို့ အခုအချိန်အထိ မကြားရသေးပါဘူး မအိသန့်စင်ရေ့။

အိသန့်စင်။ ။ ဟုတ်ကဲ့ပါ ကျေးဇူးပါ ကိုကျော်ကျော်သိန်းရှင့်။

ဧပြီလ ၁ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေတွေကို ရန်ကုန်မှာရှိနေတဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုကျော်ကျော်သိန်း ကို ဝါရှင်တန်ဒီစီကနေ မအိသန့်စင်က တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ VOA မြန်မာပိုင်းကနေ ရွေးကောက်ပွဲ နောက်ဆုံးရသတင်းတွေကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတာဖြစ်ပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းထုတ်ပြန်နိုင်မှု
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG