တရုတ်နိုင်ငံကအပြန် ကမ္ဘောဒီးယားနိုင်ငံကို တနင်္လာနေ့က သုံးရက်ကြာခရီးစဉ်နဲ့ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အစိုးရ တက်လာပြီးကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ ကမ္ဘောဒီးယားကို ပထမဆုံးရောက်လာတဲ့ တရားဝင်ခရီးစဉ်လည်းဖြစ်ပါတယ်။ ကမ္ဘာကျော် ရှေးဟောင်း Angkor Wat ဘုရားကျောင်းကို မသွားခင်မှာ ဝန်ကြီးချုပ် ဟွန်ဆန်၊ ဘုရင် Norodom Sihamoni နဲ့ တခြား ကမ္ဘောဒီးယားအရာရှိတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ရှိတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာရဲ့ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ မနေ့ကဖေါ်ပြထားပါတယ်။
လူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ဖိအားပေးမှုတွေကြောင့် မြန်မာရော၊ ကမ္ဘောဒီးယား၂နိုင်ငံလုံးက တရုတ်အစိုးရနဲ့ပိုပြီးနီး နီးကပ်ကပ်ရှိလာခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ထဲကနေ ရိုဟင်ဂျာမူဆ လင်တွေကို သိန်းနဲ့ချီမောင်းထုတ်ခဲ့တဲ့ကိစ္စနဲ့မြန်မာကို အနောက်နိုင်ငံတွေက ဖိအားပေးနေကြသလို ကမ္ဘောဒီးယားမှာ တော့ တိုက်အခံနိုင်ငံရေးအင်အားစုတွေကို လှုပ်လို့မရ အောင်ဖိနှိပ်ထားမှုနဲ့ ဖိအားတွေပေးခံနေရပါတယ်။
မြန်မာပြည် က လူ့အခွင့်အရေးပြဿနာတွေကို မြန်မာနိုင်ငံကပဲဖြေရှင်း ခွင့်ရှိသင့်တယ်၊ မြန်မာနိုင်ငံရဲ့ပြဿနာတွေကို တခြားနိုင်ငံ တွေက နားမလည်ကြဘူးဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန် ဆန်က ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွါးရေးညီလာခံမှာ မြန်မာဘက်က အပြင်း အထန် ကာကွယ်ပြီးပြောဆိုခဲ့တာပါ။ မြန်မာနဲ့ကမ္ဘောဒီး ယား၂နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၅၅ ခုနှစ်ကစတင် ထူထောင်ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်မှာပဲ ၂နိုင်ငံလုံးက ဘက်မလိုက်ကြားနေ နိုင်ငံတွေ အဖြစ်ရပ်တည်ခဲ့ကြပါတယ်။