သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံးမြန်မာကလေးအလောင်း ထိုင်းအာဏာပိုင်တွေ တွေ့ရှိ


ဆူဖန်ဘူရီကယ်ဆယ်ရေးတွေ ကလေးအလောင်း သယ်လာပုံ (credit- Suphan Buri Relief Volunteer )
ဆူဖန်ဘူရီကယ်ဆယ်ရေးတွေ ကလေးအလောင်း သယ်လာပုံ (credit- Suphan Buri Relief Volunteer )

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင်မှာ ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို သီတင်းတပတ်ကျော်အကြာမှာ ပြန်တွေ့ပြီဖြစ်ပေမယ့် အသက် ရှင်လျက်တော့ မဟုတ်တော့ပါဘူး။ ပျောက်ဆုံးသွားတဲ့နေရာနဲ့ မလှမ်းမကမ်းက ရေကန်ထဲမှာ သေဆုံးနေတဲ့ ကလေးရဲ့ ရုပ် အလောင်းကို ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့မှာ ရှာဖွေတွေ့ရှိတာဖြစ်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆူဖန်ဘူရီမြို့ပိုင်ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် အတွင်းက ဧကပေါင်းရာနဲ့ချီ ကျယ်ဝန်းတဲ့ ကြံတောထဲမှာ ဒီဇင်ဘာလ ၁၇ ရက်မနက်ကတဲက ပျောက်ဆုံးသွားခဲတဲ့ နှစ်နှစ်သားအရွယ် မြန်မာကလေးငယ်ရဲ့ ရုပ်အလောင်းကို သူပျောက်ဆုံးသွားတဲ့နေရာနဲ့ ၅ ကီလိုမီတာ လောက်အကွာက ရေကန်ထဲမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြန်တွေ့တဲ့အကြောင်း အဲဒီနေ့ညနေပိုင်းမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဆူဖန်ဘူရီမြိုပိုင် ဝမ်ချိုင်းထနဝုန်က ပြောသွားတာပါ။

“ကျနော်တို့ ရှာဖွေလုပ်ငန်းစဉ်ကို ဒီနေ့လုပ်တဲ့အခါမှာ ပျောက်ဆုံးနေတဲ့ ကလေးကို ရှာေတွေ့သွားပါပြီ။ ကလေးပျောက်တဲ့ နေရာနဲ့ ငါးကီလိုအကွာမှာ ကလေးသေဆုံးနေတဲ့အလောင်းကိုတွေ့ရပါတယ် ။ ကလေးဟာ သာမန်သွေးရိုးသားရိုးနဲ့ သေဆုံးတာလား ၊လမ်းစပျောက်တာမျိုး သွားလာရင်သေဆုံးတာလား၊ တဦးတယောက်ကသတ်လိုက်လို့သေဆုံးတာလားဆိုတာ ကျနော်တို့ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။ ကလေးရဲ့ အလောင်းကို ဆေးရုံကိုယူသွားပြီး ဆေးစစ်ချက်တွေယူရပါမယ်။ ကလေးက သေဆုံးသွားတာရက်နဲ့ချီကြာသွားပါပြီ ။ ဒီကလေး ဘယ်လိုသေဆုံးသွားသလဲဆိုတာကိုအလောင်းတွေတဲ့ နေရာကသက်သေအထောက်အထားတွေကို ကြည့်ပြီး ကျနော်တို့စစ်ဆေးနေပါတယ်။ မူခင်းဆိုင်ရာ ကျွမ်းကျင်သူတွေလည်း ပါဝင်ပါတယ်။”

ဒီကလေးပျောက်ဆုံးသွားပြီးတဲ့နောက် ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ထိုင်းအာဏာပိုင်တွေက ရဟတ်ယာဉ်သုံး ရှာဖွေသလို ရေငုတ်သမားတွေ၊ လူအင်အားတွေ၊ ဆင်တွေ၊ အနံ့ခံ ခွေးတွေကိုသုံးပြီး ရှာဖွေခဲ့တာ ဖြစ်သလို ကြံကားတွေမောင်းတဲ့နေရာက စီစီတီဗွီမှတ်တမ်းတွေကိုကြည့်ပြီး မသင်္ကာဖွယ်ရာဖြစ်တဲ့ ကားသမားတွေကို စစ်ဆေးတာ၊ ကြံခင်းတဝိုက်က အိမ်တချို့ကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

အခုအခါမှာတော့ ကလေးဟာ သွေးရိုးသားရိုးသေဆုံးတာ ဟုတ်မဟုတ် ဆိုတာကို ဆက်ပြီး စစ်ဆေးသွားမယ်လို့ မြို့ပိုင်က ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG