သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲျပန္ျဖစ္ေနတဲ့ မတူပီမွာ အသြားအလာကန္႔သတ္ 


မတူပီၿမိဳ႕ (ဓါတ္ပုံ-Courtesy)

[ZAWGYI]
ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕ အဝင္အထြက္ကို ျမန္မာစစ္တပ္က ပိတ္ထားၿပီး၊ ၿမိဳ႕ျပင္နဲ႔ ၿမိဳ႕ထဲတဝိုက္ေနရာတခ်ဳိ႕ကို အလံနီစိုက္တားထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီရက္ပိုင္း ေဒသခံ PDF တပ္ဖြဲ႕ေတြ၊ ခ်င္းကာကြယ္ေရးတပ္ CDF အဖြဲ႕နဲ႔ ျမန္မာစစ္တပ္အၾကား မၾကာခဏ တိုက္ပြဲေတြ ျပန္လည္ ျဖစ္ပြားေနသလို၊ စစ္တပ္ဘက္က လုံျခဳံေရးတင္းၾကပ္ၿပီး ၿမိဳ႕အတြင္း အသြားအလာေတြကို ပိုၿပီး ကန္႔သတ္ထားတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ မတူပီၿမိဳ႕တြင္း အေျခအေန သတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က တင္ျပပါမယ္။

ခ်င္းျပည္နယ္ မတူပီၿမိဳ႕အနီးအဝိုက္ ေဒသခံ PDF တပ္ေတြနဲ႔ စစ္ေကာင္စီ တပ္ေတြအၾကား တိုက္ပြဲေတြ ျပန္လည္ျဖစ္ေနတာမွာ စက္တင္ဘာ ၂၉ ရက္ မေန႔က ညေနပိုင္းကလည္း ျဖစ္ခဲ့တယ္လို႔ မတူပီ ေဒသကာကြယ္ေရး အဖြဲ႕ တာဝန္ရွိသူတဦးက ေျပာပါတယ္။

"မေန႔ညက ၆ နာရီခြဲကေန ၇ နာရီခြဲအထိ ေတာက္ေလွ်ာက္တိုက္ပြဲေတြ ရွိေနတယ္။ ဒါေပမဲ့ က်ေနာ္တို႔ သတင္းအတိအက်ပိုင္းေတာ့ အကုန္လုံး မသိႏိုင္ေသးပါဘူး။ တိုက္ပြဲျဖစ္တယ္ ဆိုရင္ေတာ့ တိုက္ပြဲျဖစ္ေနတဲ့ ေတာင္ေၾကာမွာေတာ့ ျပည္သူေတြကေတာ့ အမ်ားႀကီး အခက္ေတာ့ေတြ႕ရပါတယ္။"

စက္တင္ဘာလ ၂၉ ရက္ေန႔က တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကလည္း ထုတ္ျပန္ျခင္းမရွိေသးပါဘူး။ မတူပီၿမိဳ႕ေပၚနဲ႔ ၿမိဳ႕ျပင္က ေနရာတခ်ိဳ႕မွာ ျမန္မာစစ္တပ္က အလံနီေတြနဲ႔တားထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အလံနီနဲ႔ စိုက္တားထားတဲ့ ဧရိယာအတြင္း သြားလာမယ္ဆိုရင္ အပစ္ခံရႏိုင္တယ္ဆိုတဲ့ ပစ္ခတ္ဖမ္းဆီးတာ ခံရႏိုင္တယ္ဆိုၿပီး ေဒသခံေတြၾကား ေကာလဟာလေျပာေနၾကေပမဲ့ ျမန္မာစစ္တပ္ဘက္က သတိေပးထုတ္ျပန္ထားတာေတာ့ မရွိပါဘူး။

"မတူပီၿမိဳ႕နယ္ ပတ္ဝန္းက်င္မွာေပါ့ေလ သူတို႔က အလံအနီကိုစိုက္ၿပီးမွ အလံနီကို ေက်ာ္တဲ့လူေတြကို သူတို႔က ပစ္မိန႔္ခ်ထားတယ္ဆိုေတာ့ ျပည္သူေတြအေနနဲ႔ အခက္ေတာ့ နည္းနည္းေတြ႕ရတယ္။"

ခ်င္းျပည္နယ္တြင္း PDF လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲေတြ ဒီရက္ပိုင္း ခပ္စိပ္စိပ္ ျဖစ္လာေနတာေၾကာင့္ စားနပ္ရိကၡာျပတ္လပ္မွာကိုလည္း ေဒသခံေတြက စိုးရိမ္ပူပင္ေနၾကပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္နဲ႔ မတူပီၿမိဳ႕နယ္ေတြဘက္မွာ ၿပီးခဲ့တဲ့ ဧၿပီလဆန္းပိုင္းကတည္းက ျမန္မာစစ္တပ္ဘက္က နယ္ေျမရွင္းလင္းတဲ့ စစ္ဆင္ေရးေတြ လုပ္ေနၿပီး တိုက္ပြဲေတြျဖစ္ပြားခဲ့တာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေနအိမ္ေတြကို စြန္႔ခြာၿပီး ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။ ခ်င္းျပည္နယ္ထဲကေန အိႏၵိယႏိုင္ငံထဲကို ထြက္ျပးခိႈလႈံတဲ့ ဒုကၡသည္ေတြလည္း ေသာင္းနဲ႔ခ်ီ ရွိေနပါတယ္။

#တိုက္ပြဲ #မတူပီ #တိုက္ပြဲ #အသြားအလာ #စစ္ေကာင္စီ #ခ်င္း

တိုက္႐ိုက္ လင့္ခ္

တိုက်ပွဲပြန်ဖြစ်နေတဲ့ မတူပီမှာ အသွားအလာကန့်သတ်

[UNICODE]
ချင်းပြည်နယ်၊ မတူပီမြို့ အဝင်အထွက်ကို မြန်မာစစ်တပ်က ပိတ်ထားပြီး၊ မြို့ပြင်နဲ့ မြို့ထဲတဝိုက်နေရာတချို့ကို အလံနီစိုက် တားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်း ဒေသခံ PDF တပ်ဖွဲ့တွေ၊ ချင်းကာကွယ်ရေးတပ် CDF အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား မကြာခဏ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေသလို၊ စစ်တပ်ဘက်က လုံခြုံရေးတင်းကြပ်ပြီး မြို့အတွင်း အသွားအလာတွေကို ပိုပြီး ကန့်သတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မတူပီမြို့တွင်း အခြေအနေ သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပါမယ်။

ချင်းပြည်နယ် မတူပီမြို့အနီးအဝိုက် ဒေသခံ PDF တပ်တွေနဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်နေတာမှာ စက်တင်ဘာ ၂၉ ရက် မနေ့က ညနေပိုင်းကလည်း ဖြစ်ခဲ့တယ်လို့ မတူပီ ဒေသကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"မနေ့ညက ၆ နာရီခွဲကနေ ၇ နာရီခွဲအထိ တောက်လျှောက်တိုက်ပွဲတွေ ရှိနေတယ်။ ဒါပေမဲ့ ကျနော်တို့ သတင်းအတိအကျပိုင်းတော့ အကုန်လုံး မသိနိုင်သေးပါဘူး။ တိုက်ပွဲဖြစ်တယ် ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ တောင်ကြောမှာတော့ ပြည်သူတွေကတော့ အများကြီး အခက်တော့တွေ့ရပါတယ်။"

စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ မတူပီမြို့ပေါ်နဲ့ မြို့ပြင်က နေရာတချို့မှာ မြန်မာစစ်တပ်က အလံနီတွေနဲ့တားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလံနီနဲ့ စိုက္တားထားတဲ့ ဧရိယာအတွင်း သွားလာမယ်ဆိုရင် အပစ်ခံရနိုင်တယ်ဆိုတဲ့ ပစ်ခတ်ဖမ်းဆီးတာ ခံရနိုင်တယ်ဆိုပြီး ဒေသခံတွေကြား ကောလဟာလပြောနေကြပေမဲ့ မြန်မာစစ်တပ်ဘက်က သတိပေးထုတ်ပြန်ထားတာတော့ မရှိပါဘူး။

"မတူပီမြို့နယ် ပတ်ဝန်းကျင်မှာပေါ့လေ သူတို့က အလံအနီကိုစိုက်ပြီးမှ အလံနီကို ကျော်တဲ့လူတွေကို သူတို့က ပစ်မိန့်ချထားတယ်ဆိုတော့ ပြည်သူတွေအနေနဲ့ အခက်တော့ နည်းနည်းတွေ့ရတယ်။"

ချင်းပြည်နယ်တွင်း PDF လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဒီရက်ပိုင်း ခပ်စိပ်စိပ် ဖြစ်လာနေတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှာကိုလည်း ဒေသခံတွေက စိုးရိမ်ပူပင်နေကြပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်နဲ့ မတူပီမြို့နယ်တွေဘက်မှာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကတည်းက မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်နေပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ချင်းပြည်နယ်ထဲကနေ အိန္ဒိယနိုင်ငံထဲကို ထွက်ပြးခှိုလှုံတဲ့ ဒုက္ခသည်တွေလည်း သောင်းနဲ့ချီ ရှိနေပါတယ်။

#တိုက်ပွဲ #မတူပီ #တိုက်ပွဲ #အသွားအလာ #စစ်ကောင်စီ #ချင်း

XS
SM
MD
LG