သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး စစ်ကောင်စီပြည်ထဲရေးဝန်ကြီးနဲ့ ပီကင်းမှာတွေ့ဆုံ


စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံခဲ့တဲ့တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင် ဝမ် ရှားဟုန် (Wang Xiaohong)
စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့တွေ့ဆုံခဲ့တဲ့တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင် ဝမ် ရှားဟုန် (Wang Xiaohong)

စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့ဟာ ကြာသပတေးနေ့မှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင် ဝမ် ရှားဟုန် (Wang Xiaohong) နဲ့ ဘေဂျင်းမှာတွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာတရုတ်အစိုးရသတင်းဌာနက ဖေါ်ပြပါတယ်။

ဒီတွေ့ဆုံပွဲဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ဆက်နွယ်နေတဲ့ ရာဇဝတ်မှုခင်းတွေကို တရုတ်- မြန်မာနှစ်နိုင်ငံ ပူးတွဲနှိမ်းနင်းမှုကနေရလာတဲ့ ထင်ရှားတဲ့အောင်မြင်မှု မှတ်တိုင်ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့ အကြီးအကဲလည်းဖြစ်တဲ့ Wang ရဲ့ ပြောကြားချက်ကိုလည်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက မဟာဗျူဟာကျ ဆောင်ရွက်မှုတွေကနေ တရုတ်- မြန်မာ ဆက်ဆံရေးတိုးတက်လာအောင် အမြဲတွက်ဆပြီး ရှုမြင် ဆောင်ရွက်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

၂ နိုင်ငံစလုံးရော၊ ဒေသတွင်းမှာပါ တိုးတက်ကြီးပွါးပြီး တည်ငြိမ်မှု၊ လုံခြံမှု ပိုရစေဖို့ နယ်စပ်ဖြတ်ကျော်ဖြစ်ပွါးတဲ့ ရာဇဝတ်မှုတွေ၊ မူးယစ်မှောင်ခိုမှုတွေ၊ လောင်းကစားမှုတွေ တိုက်ဖျက်ရေးမှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေ၊ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတေ ပိုနက်ရှိုင်းလာစေဖို့ တရုတ်အစိုးရက မြန်မာနဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ Wang က ပြောကြားကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကတော့ ၂ နိုင်ငံကြား လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ခုထက်ပိုပြီး ရလဒ်ကောင်းတွေရလာအောင် မြန်မာဘက်က ဆောင်ရွက်လိုတဲ့ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG