သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ဘက်ပေါင်းစုံ ပူးပေါင်းရေး တရုတ် ကတိပြု


တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi
တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကတိပြုပြောကြားခဲ့ပါတယ်။ လာအိုနိုင်ငံမှာ ကျင်းပတဲ့ Lancang-Mekong ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးမှာ ဝန်ကြီး Wang Yi နဲ့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်တို့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပြီးခုလို ကတိပေးခဲ့တာပါ။

၂ နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဝန်ကြီး ၂ ယောက် ကတိပြုခဲ့ကြပါတယ်။ တရုတ် မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောင်နိုင်ရေးနဲ့ ၂ နိုင်ငံကြားလက်မှတ်ထိုးထားတဲ့ နားလည်မှုစာချွန်လွှာထဲက အစီအစဉ်တွေအတိုင်း လက်တွေ့အကောင်အထည်ဖော်သွားနိုင်ဖို့ကို ၂ ဖက်လုံးက အားထုတ်ဆောင်ရွက်သွားသင့်တယ်လို့ တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်တဲ့ Wang Yi ကပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ယူနန်ပြည်နယ်ကတဆင့် မြန်မာ၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်မယ့် လေးနိုင်ငံ စီးပွားရေးစင်္ကြ ံ တည်ထောင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း လေ့လာရေး အစီရင်ခံစာတွေ တင်သွင်းပြီး အပြန်အလှန် ဆွေးနွေးတဲ့ အဆင့်မှာသာ ရှိနေပါသေးတယ်။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း ဒေါ်လာ ၆ ဒသမ ၃ ဘီလျံ ရှိတယ်လို့လည်း မြန်မာအစိုးရဘက်က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖေါ်ပြပါတယ်။ နိုဝင်ဘာလအတွင်းကပဲ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရေး မူဘောင် သဘောတူညီချက်ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့တဲ့အတွက် စီးပွားရေးစင်္ကြန်တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတခုအဖြစ် လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG