သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားတွေ ရွှေလီမြို့ဝင်ခွင့် တခါသုံးကတ် စတင်ခွင့်ပြု


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်နိုင်ငံ ရွှေလီမြို့ထဲကို လည်ပတ်ခွင့်ရမယ့် တခါသုံးကတ်တွေကို ထုတ်ပေးနေစဉ် (စက်တင်ဘာ ၄၊ ၂၀၂၃)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်နိုင်ငံ ရွှေလီမြို့ထဲကို လည်ပတ်ခွင့်ရမယ့် တခါသုံးကတ်တွေကို ထုတ်ပေးနေစဉ် (စက်တင်ဘာ ၄၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်နိုင်ငံ ရွှေလီမြို့ထဲကို လည်ပတ်ခွင့်ရမဲ့ တခါသုံးကတ်တွေကို မြန်မာ လူဝင်မှုကြီးကြပ်ရေး ဌာနဘက်က ဒီနေ့ စက်တင်ဘာလ၄ရက်မှာ စတင်ထုတ်ပေးပါတယ်။ ၇ ရက်သက်တမ်းပေးထားတဲ့ ဒီအလည်အပတ်ကတ်ကို လာပြီးလျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေ အများအပြား ရှိခဲ့တာပါ။

ကတ်တခုကို မြန်မာကျပ်ငွေ ၂၀၀၀ လောက်ပဲ ကျသင့်မယ်လို့ မူဆယ်လုပ်ငန်းရှင် အသိုင်းအဝန်းက ပြောပါတယ်။ တရုတ်နိုင်ငံက စက်ရုံတွေမှာ လုပ်သားလိုအပ်ချက် ပြန်များလာပြီး ဒါကို ဖြည့်တင်းဖို့ တရုတ်ဘက်က ပြန်ပြီးစဉ်းစားလာတာပါ။ အခုအချိန်အထိတော့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ပြည်ထဲမှာ မြန်မာနိုင်ငံသားတွေကို တရားဝင် အလုပ်လုပ်ခွင့် မပေးထားပါဘူး။ မြန်မာနိုင်ငံသားတွေဟာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်တွေကိုကိုင်ပြီး တရုတ်ပြည်ထဲမှာ ခေတ္တနေထိုင်၊ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG