သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညီနောင်မဟာမိတ်တပ်တွေ စစ်ကောင်စီတပ်စခန်းတွေ ထပ်သိမ်း


Operaion 1027-3BHA ဖေ့ဘုတ်စာမျက်နှာတွင်ထုတ်ပြန်ထားသည့် ၁၀၂၇ စစ်ဆင်ရေးမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
Operaion 1027-3BHA ဖေ့ဘုတ်စာမျက်နှာတွင်ထုတ်ပြန်ထားသည့် ၁၀၂၇ စစ်ဆင်ရေးမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့က ရှမ်းမြောက်ဒေသ စစ်ဆင်ရေးအတွင်း နောက်ထပ် စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ ရှောက်ကန်ထန်က စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒီနေ့စနေနေ့မှာ သိမ်းနိုင်ခဲ့ပြီးနောက် ၁၀၂၇ လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေး စတင်ခဲ့ချိန်ထဲကဆိုရင် စုစုပေါင်း တပ်စခန်း ၁၀၆ ခု အထိ သိမ်းပိုက် ခဲ့ပြီးပြီလို့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA က ဒီနေ့ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့တပတ် အောက်တိုဘာ ၂၇ နေ့မှာ စခဲ့တဲ့စစ်ဆင်ရေး ၉ ရက်မြောက်နေ့မှာ၊ တိုက်ပွဲတွေဆက်လက် ပြင်းထန်နေတယ်လို့ တအာင်းတိုင်းရင်းသားလက်နက်ကိုင် TNLA အရာရှိကလည်း ပြောပါတယ်။ စစ်ကာင်စီဥက္ကဋ္ဌက ရှမ်းပြည်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်က တပ်တွေကို ချေမှုန်းမယ်လို့ ပြောကြားထား ပေမဲ့ ဒီနေ့မှာပဲ လားရှိုးမြို့က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခန်း ၂ ခုဖြစ်တဲ့ ဂျာယန်နဲ့ မိုင်းယန်း စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ TNLA တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်ဘက်မှာလည်း ကချင်တိုင်းရင်းသားလက်နက်ကိုင် KIA နဲ့ စစ်တပ်တို့ကြား တိုက်ပွဲ ဖြစ်ပွား နေပါတယ်။ ဗန်းမော်-မြစ်ကြီးနားလမ်းက စစ်ကောင်စီရဲ့ ကန်တော်ယန်စခန်းကို KIA က သိမ်းခဲ့ပြီးနောက် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်တပ်က လက်နက်ကြီးတွေ ဒီနေ့ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ KIA အရာရှိကပြောပါတယ်။

ဒီနေ့ပစ်ခဲ့တဲ့ စစ်ကောင်စီ လက်နက်ကြီးတချို့ တရုတ်နိုင်ငံထဲကျရောက်ပြီး တရုတ်လူမျိုး ထိခိုက်သေဆုံး မှုရှိခဲ့တယ်လို့၊ ကချင်ဖက်ကလာတဲ့ သတင်းတွေမှာဖော်ပြနေပေမဲ့ VOA အနေနဲ့ သီးခြား အတည် မပြုနိုင် သေးပါဘူး။ အခုလိုဒီနေ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို VOA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG