သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းၿပီးေနာက္ အသတ္ခံ အရပ္သားအေရအတြက္ ကန္သံရံုး ထုတ္ျပန္ခ်က္ထက္ပိုမ်ားႏိုင္ ( ေဒါက္တာမင္းေဇာ္ဦး MIPS)


လူေနတုိက္ခန္းေတြဖက္ေသနတ္နဲ႔ခ်ိန္ေနၾကတဲ့ ျမန္မာရဲတပ္ဖြဲ႔၀င္မ်ား၊ မတ္ ၄၊ ၂၀၂၁။

ျမန္မာမွာ ၂၀၂၁ ခုႏွစ္စစ္တပ္ကအာဏာသိမ္းၿပီးေနာက္သတ္ျဖတ္ခံခဲ့ရတဲ့ အရပ္သား ၂၀၀၀ ရွိသြားၿပီလို႔ ဗုဒၶဟူးေန႔ကအေမရိကန္သံ႐ုံးကထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္လက္ေတြ႔မွာဒိထက္ ပိုမ်ားႏိုင္တယ္လို႔ သံုးသပ္သူေတြကဆိုပါတယ္။ ဒီထုတ္ျပန္ခ်က္ထဲမွာ စစ္တပ္နီးစပ္တဲ့ လက္နက္မဲ့အရပ္သားတခ်ိဳ႔ သတ္ျဖတ္ခံရတာေတြ ပါပံုမရဘူးလို႔၊ MIPS ျငိ္မ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ ျမန္မာအင္စတီက်ဳ႔က ဆိုပါတယ္။ ဒါ့အျပင္လက္ရွိစစ္ဆင္ေရးေတြမွာလည္းအရပ္သားေသဆုံးမႈေတြရွိေနတဲ့အတြက္တကယ္ေသဆံုးသူ အရပ္သားေပါင္းအနည္းဆံုး ၂၅၀၀ ဝန္းက်င္ရွိႏိုင္တယ္လို႔ MIPS အမႈေဆာင္ဒါရိုက္တာ ေဒါက္တာမင္းေဇာ္ဦးက ဆိုပါတယ္။ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာမင္းေဇာ္ဦး.. အာဏာသိမ္းစကေနၿပီးေတာ့ အရပ္သားေသဆုံးမႈက ၂ ေထာင္မကဘူးဗ်၊ အားလုံးေပါင္း က်ေနာ္တို႔ဒီဆႏၵျပပြဲေတြမွာ ပစ္ခတ္တာေတြ၊ ႏွိမ္ႏွင္းရင္းနဲ႔ေသတာက ၉ ရာေလာက္ရွိတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ဒီ targeted killing လို႔ေခၚတာေပါ့။ ဒီ ပစ္မွတ္ထားသတ္ျဖတ္လို႔ အရပ္သားေသတာက ၁၅၀၀ ေလာက္ ေယဘုယ်လို႔ေတာ့ ေျပာလို႔ရတာေပါ့ေနာ္။ အဲဒီမွာတင္ ၂၄၀၀ ရွိေနၿပီေလ။ ေနာက္ၿပီးေတာ့ စစ္ဆင္ေရးေတြမွာ အရပ္သားေတြေသတဲ့ကိစၥရွိတယ္။ ရြာေတြမွာေသတဲ့ကိစၥေတြရွိတယ္။
ဒါေတြေပါင္းလုိက္မယ္ဆိုရင္ေတာ့ က်ေနာ္ထင္တယ္ ၂၅၀၀ နဲ႔ ၃၀၀၀ ၾကားမွာေတာ့သြားလိမ့္မယ္ေပါ့ေနာ္။ အခု အေမရိကန္သံရုံးရဲ ႔ (ထုတ္ျပန္ခ်က္)၂၀၀၀ ဆိုတာကေတာ့ သူတို႔ဘယ္ကိန္းဂဏန္းကိုေျပာသလဲက်ေနာ္တို႔လည္း မသိဘူးေပါ့ေနာ္။ ဒါေပမယ့္ တကယ့္ေျမျပင္မွာ ေသတာကေတာ့ အနည္းဆုံးေတာ့ ၂၅၀၀ ေလာက္ေတာ့ရွိတယ္ေပါ့ေနာ္။

ေမး. .ဒီေနရာမွာထုတ္ျပန္တဲ့ AAPP ရဲ ႔ထုတ္ျပန္ခ်က္မွာလည္း ဒီလိုအလားတူေတြ႔ရေတာ့ AAPP ရဲ ႔ထုတ္ျပန္တဲ့အေနအထားအေပၚမွာေရာ ဘယ္လိုသုံးသပ္မိပါသလဲ
ေဒါက္တာမင္းေဇာ္ဦး.... က်ေနာ္တို႔သိသေလာက္၊ က်ေနာ္တို႔ေလ့လာမိသေလာက္ေပါ့ေနာ္ AAPPစားရင္းေတြလည္းက်ေနာ္တို႔ၾကည့္တယ္။ ဒါေပမယ့္ AAPP စာရင္းေတြက်ေတာ့ ဒီလို ဒလံတို႔ဘာတို႔ဆိုၿပီး စြပ္စြဲၿပီးအသတ္ခံရတဲ့လူေတြ ကိုက်ေတာ့ AAPP ရဲ ႔ စာရင္းထဲမွာမထည့္ထားဘူး။ က်ေနာ္တို႔သိရသေလာက္ေပါ့ေနာ္။ AAPP မွာထည့္ထားတဲ့ဟာက ဆႏၵျပၿပီးမွ ေသတဲ့လူေတြပါတယ္။ ဥပမာ ဖမ္းဆီးၿပီးေတာ့ စစ္ေဆးေမးျမန္းရင္းနဲ႔ ႏွိပ္စက္ခံရၿပီးေသသြားတဲ့လူေတြပါတယ္။ ေနာက္ၿပီးေတာ့ တပ္မေတာ္ကေနၿပီးေတာ့ ရြာေတြထဲသြားၿပီးေတာ့ စစ္ဆင္ေရးလုပ္တဲ့အခါမွာ သူတို႔သတ္ျဖတ္တယ္ဆိုတဲ့ လူစာရင္းေတြမွာပါတယ္။ ဒါေပမယ့္ AAPP စာရင္းထဲမွာေတာ့ က်ေနာ္တို႔ေတြ႔သေလာက္ကေတာ့ သူတို႔ဒလံလို႔သတ္မွတ္ၿပီးေတာ့ သတ္ျဖတ္ခံရတဲ့သူေတြကိုေတာ့ အရပ္သားေတြလို႔ုသတ္မွတ္ၿပီးထည့္ထားတာမေတြ႔ရဘူး။

ေမး.. ကိုမင္းေဇာ္ဦးတို႔ သုေတသနလုပ္ထားတဲ့ အခ်က္အလက္ေတြကေရာ ဘယ္လိုအခ်က္အလက္ေတြကို အဓိက အေျခခံထားတာလဲ။

ေဒါက္တာမင္းေဇာ္ဦး...... က်ေတာ္တို႔ဒီမွာေတြ႔တဲ့အခ်က္အလက္ေတြြအရေတာ့ ဒီ targeted killing ဆိုတဲ့ဟာကေတာ့ လက္နက္ကိုင္မဟုတ္တဲ့ဒီအရပ္သားေတြကို စနစ္တက်နဲ႔ ပစ္မွတ္ထားၿပီးေတာ့ ၾကံစည္သတ္ျဖတ္တဲ့ကိစၥကို က်ေနာ္တို႔က targeted killing လို႔ေခၚတာ။ တခ်ဳိ႔ကေတာ့ extrajudicial killing လို႔ေခၚတာေပါ့ေလ။ extrajudicial killing ဆိုတာကေတာ့ အကုန္ပါသြားတာေပါ့။ targeted killing ကေတာ့ extrajudicial killing ထဲကမွ အမ်ိဳးအစားတမ်ိဳးလို႔ေတာ့ ေျပာလို႔ရပါတယ္။

ေမး. .ဟုတ္ကဲ့။ ခုလိုေတြ႔တဲ့လူေတြထဲမွာ လူအမ်ိဳးအစားကို ဥပမာနဲ႔ နည္းနည္းေလးရွင္းျပလို႔ရမလား။ targeted killing အရပ္သားေတြကို ပစ္မွတ္ထားသတ္ျဖတ္တဲ့ကိစၥေပါ့ေလ။

ေဒါက္တာမင္းေဇာ္ဦး..... အဓိကကေတာ့ targeted killing ဆိုတာကေတာ့ ဘယ္သူဘယ္၀ါကိုသတ္မယ္ဆုိၿပီးေတာ့ႀကိဳတင္ႀကံစည္ၿပီးေတာ့ ..သူကပစ္မွတ္ျဖစ္တယ္၊ သူက လက္နက္ကိုင္မဟုတ္ဘူး။ အရပ္သားပဲ၊ လက္နက္ကို္င္မဟုတ္တဲ့သူေပါ့ေနာ္။ အရပ္သားပဲ။ ဒါေပမယ့္ သူ႔ကို သူလ ွ်ိဳဒလံစသျဖင့္စြပ္စဲြတယ္။ အခုသတ္ေနျဖတ္ေနတာကေတာ့ ႏွစ္ဖက္စလုံးက သတ္တာမ်ိဳးျဖစ္ေနတာေပါ့ေနာ္။ ဒါေပမယ့္ အမ်ားစုကေတာ့ သတ္ျဖတ္မႈကေတာ့ အတုိက္အခံကသတ္ျဖတ္တာအမ်ားစုေပါ့။ ဒါေပမယ့္ ဒီအနည္းစုထဲမွာလည္း သတ္ျဖတ္တာကို ခုနက ဒီတပ္မေတာ္ေထာက္ခံတဲ့သူေတြ သတ္ျဖတ္တဲ့ကိစၥလည္္း က်ေနာ္တို႔ေတြ႔ရပါတယ္။

ေမး.. ဟုတ္ကဲ့။ ဘယ္လိုလူအမ်ိဳးအစားေတြျဖစ္တာမ်ားတာကို ေတြ႔ရလဲ။

ေဒါက္တာမင္းေဇာ္ဦး.... အသတ္ခံရတာအမ်ားစုကေတာ့ က်ေနာ္တို႔ ဒီအုပ္ခ်ဳပ္ေရးမွဴးေတြေပါ့ေနာ္။ အုပ္ခ်ဳပ္ေရးမွဴးေတြကိုသတ္တာေတြ႔တယ္။ ေနာက္ၿပီးေတာ့ USDP ပါတီနဲ႔ပတ္သက္တဲ့သူေတြ အသတ္ခံရတာကိုေတြ႔ရပါတယ္။ အမ်ားစုကေတာ့ စစ္ကိုင္းဖက္ကျဖစ္တာကိုေတြ႔ရပါတယ္။

ဟုတ္ကဲ .. ေက်းဇူးမ်ားႀကီးတင္ပါတယ္ေဒါက္တာ မင္းေဇာ္ဦးခင္ဗ်။။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာမှာ ၂၀၂၁ ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၂၀၀၀ ရှိသွားပြီလို့ ဗုဒ္ဓဟူးနေ့ကအမေရိကန်သံရုံးကထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လက်တွေ့မှာဒိထက် ပိုများနိုင်တယ်လို့ သုံးသပ်သူတွေကဆိုပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာ စစ်တပ်နီးစပ်တဲ့ လက်နက်မဲ့အရပ်သားတချို့ သတ်ဖြတ်ခံရတာတွေ ပါပုံမရဘူးလို့၊ MIPS ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု့က ဆိုပါတယ်။ ဒါ့အပြင်လက်ရှိစစ်ဆင်ရေးတွေမှာလည်းအရပ်သားသေဆုံးမှုတွေရှိနေတဲ့အတွက်တကယ်သေဆုံးသူ အရပ်သားပေါင်းအနည်းဆုံး ၂၅၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ဆိုပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာမင်းဇော်ဦး.. အာဏာသိမ်းစကနေပြီးတော့ အရပ်သားသေဆုံးမှုက ၂ ထောင်မကဘူးဗျ၊ အားလုံးပေါင်း ကျနော်တို့ဒီဆန္ဒပြပွဲတွေမှာ ပစ်ခတ်တာတွေ၊ နှိမ်နှင်းရင်းနဲ့သေတာက ၉ ရာလောက်ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီ targeted killing လို့ခေါ်တာပေါ့။ ဒီ ပစ်မှတ်ထားသတ်ဖြတ်လို့ အရပ်သားသေတာက ၁၅၀၀ လောက် ယေဘုယျလို့တော့ ပြောလို့ရတာပေါ့နော်။ အဲဒီမှာတင် ၂၄၀၀ ရှိနေပြီလေ။ နောက်ပြီးတော့ စစ်ဆင်ရေးတွေမှာ အရပ်သားတွေသေတဲ့ကိစ္စရှိတယ်။ ရွာတွေမှာသေတဲ့ကိစ္စတွေရှိတယ်။
ဒါတွေပေါင်းလိုက်မယ်ဆိုရင်တော့ ကျနော်ထင်တယ် ၂၅၀၀ နဲ့ ၃၀၀၀ ကြားမှာတော့သွားလိမ့်မယ်ပေါ့နော်။ အခု အမေရိကန်သံရုံးရဲ့ (ထုတ်ပြန်ချက်)၂၀၀၀ ဆိုတာကတော့ သူတို့ဘယ်ကိန်းဂဏန်းကိုပြောသလဲကျနော်တို့လည်း မသိဘူးပေါ့နော်။ ဒါပေမယ့် တကယ့်မြေပြင်မှာ သေတာကတော့ အနည်းဆုံးတော့ ၂၅၀၀ လောက်တော့ရှိတယ်ပေါ့နော်။

မေး. .ဒီနေရာမှာထုတ်ပြန်တဲ့ AAPP ရဲ့ထုတ်ပြန်ချက်မှာလည်း ဒီလိုအလားတူတွေ့ရတော့ AAPP ရဲ့ထုတ်ပြန်တဲ့အနေအထားအပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ
ဒေါက်တာမင်းဇော်ဦး.... ကျနော်တို့သိသလောက်၊ ကျနော်တို့လေ့လာမိသလောက်ပေါ့နော် AAPPစားရင်းတွေလည်းကျနော်တို့ကြည့်တယ်။ ဒါပေမယ့် AAPP စာရင်းတွေကျတော့ ဒီလို ဒလံတို့ဘာတို့ဆိုပြီး စွပ်စွဲပြီးအသတ်ခံရတဲ့လူတွေ ကိုကျတော့ AAPP ရဲ့ စာရင်းထဲမှာမထည့်ထားဘူး။ ကျနော်တို့သိရသလောက်ပေါ့နော်။ AAPP မှာထည့်ထားတဲ့ဟာက ဆန္ဒပြပြီးမှ သေတဲ့လူတွေပါတယ်။ ဥပမာ ဖမ်းဆီးပြီးတော့ စစ်ဆေးမေးမြန်းရင်းနဲ့ နှိပ်စက်ခံရပြီးသေသွားတဲ့လူတွေပါတယ်။ နောက်ပြီးတော့ တပ်မတော်ကနေပြီးတော့ ရွာတွေထဲသွားပြီးတော့ စစ်ဆင်ရေးလုပ်တဲ့အခါမှာ သူတို့သတ်ဖြတ်တယ်ဆိုတဲ့ လူစာရင်းတွေမှာပါတယ်။ ဒါပေမယ့် AAPP စာရင်းထဲမှာတော့ ကျနော်တို့တွေ့သလောက်ကတော့ သူတို့ဒလံလို့သတ်မှတ်ပြီးတော့ သတ်ဖြတ်ခံရတဲ့သူတွေကိုတော့ အရပ်သားတွေလို့သတ်မှတ်ပြီးထည့်ထားတာမတွေ့ရဘူး။

မေး.. ကိုမင်းဇော်ဦးတို့ သုတေသနလုပ်ထားတဲ့ အချက်အလက်တွေကရော ဘယ်လိုအချက်အလက်တွေကို အဓိက အခြေခံထားတာလဲ။

ဒေါက်တာမင်းဇော်ဦး...... ကျတော်တို့ဒီမှာတွေ့တဲ့အချက်အလက်တွေအရတော့ ဒီ targeted killing ဆိုတဲ့ဟာကတော့ လက်နက်ကိုင်မဟုတ်တဲ့ဒီအရပ်သားတွေကို စနစ်တကျနဲ့ ပစ်မှတ်ထားပြီးတော့ ကြံစည်သတ်ဖြတ်တဲ့ကိစ္စကို ကျနော်တို့က targeted killing လို့ခေါ်တာ။ တချို့ကတော့ extrajudicial killing လို့ခေါ်တာပေါ့လေ။ extrajudicial killing ဆိုတာကတော့ အကုန်ပါသွားတာပေါ့။ targeted killing ကတော့ extrajudicial killing ထဲကမှ အမျိုးအစားတမျိုးလို့တော့ ပြောလို့ရပါတယ်။

မေး. .ဟုတ်ကဲ့။ ခုလိုတွေ့တဲ့လူတွေထဲမှာ လူအမျိုးအစားကို ဥပမာနဲ့ နည်းနည်းလေးရှင်းပြလို့ရမလား။ targeted killing အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်တဲ့ကိစ္စပေါ့လေ။

ဒေါက်တာမင်းဇော်ဦး..... အဓိကကတော့ targeted killing ဆိုတာကတော့ ဘယ်သူဘယ်ဝါကိုသတ်မယ်ဆိုပြီးတော့ကြိုတင်ကြံစည်ပြီးတော့ ..သူကပစ်မှတ်ဖြစ်တယ်၊ သူက လက်နက်ကိုင်မဟုတ်ဘူး။ အရပ်သားပဲ၊ လက်နက်ကိုင်မဟုတ်တဲ့သူပေါ့နော်။ အရပ်သားပဲ။ ဒါပေမယ့် သူ့ကို သူလ ျှိုဒလံစသဖြင့်စွပ်စွဲတယ်။ အခုသတ်နေဖြတ်နေတာကတော့ နှစ်ဖက်စလုံးက သတ်တာမျိုးဖြစ်နေတာပေါ့နော်။ ဒါပေမယ့် အများစုကတော့ သတ်ဖြတ်မှုကတော့ အတိုက်အခံကသတ်ဖြတ်တာအများစုပေါ့။ ဒါပေမယ့် ဒီအနည်းစုထဲမှာလည်း သတ်ဖြတ်တာကို ခုနက ဒီတပ်မတော်ထောက်ခံတဲ့သူတွေ သတ်ဖြတ်တဲ့ကိစ္စလည်း ကျနော်တို့တွေ့ရပါတယ်။

မေး.. ဟုတ်ကဲ့။ ဘယ်လိုလူအမျိုးအစားတွေဖြစ်တာများတာကို တွေ့ရလဲ။

ဒေါက်တာမင်းဇော်ဦး.... အသတ်ခံရတာအများစုကတော့ ကျနော်တို့ ဒီအုပ်ချုပ်ရေးမှူးတွေပေါ့နော်။ အုပ်ချုပ်ရေးမှူးတွေကိုသတ်တာတွေ့တယ်။ နောက်ပြီးတော့ USDP ပါတီနဲ့ပတ်သက်တဲ့သူတွေ အသတ်ခံရတာကိုတွေ့ရပါတယ်။ အများစုကတော့ စစ်ကိုင်းဖက်ကဖြစ်တာကိုတွေ့ရပါတယ်။

ဟုတ်ကဲ .. ကျေးဇူးများကြီးတင်ပါတယ်ဒေါက်တာ မင်းဇော်ဦးခင်ဗျ။။

XS
SM
MD
LG