သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ်ရောဂါပိုးတွေ့သူ ၆,၇၄၃ ဦးနဲ့ သေဆုံးသူ ၁၁၅ ဦး


Quarantine စင်တာတခုမှာ ပိုးသတ်ဆေးဖျန်းနေကြတဲ့ စေတနာ့ဝန်ထမ်းများ။ (မေ ၀၈၊ ၂၀၂၀)
Quarantine စင်တာတခုမှာ ပိုးသတ်ဆေးဖျန်းနေကြတဲ့ စေတနာ့ဝန်ထမ်းများ။ (မေ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၂၇၃ ဦး တိုးလာတာကြောင့်၊ စုစုပေါင်း ရောဂါပိုးတွေ့သူ ၇,၀၀၀ နီးပါး ရှိသွားပါပြီ။ စက်တင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီကအချိန် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာ ၆,၇၄၃ ဦး ရှိသွားပါပြီ။ ရောဂါပိုးနဲ့ သေဆုံးသူက ၂ ဦး င်္ဒိကနေ့ ထပ်တိုးလာတာကြောင့် သေဆုံးသူ စုစုပေါင်းက ၁၁၅ ဦးပါ။ စစ်တွေ၊ ကျောက်ဖြူ၊ မူဆယ်၊ မြိတ်၊ ပြည်၊ မြစ်ကြီးနား၊ မြောင်းမြ၊ တောင်ငူ၊ မကွေး၊ ဘားအံ၊ ဟားခါး၊ ပုသိမ်၊ မြဝတီ၊ နေပြည်တော်က ပြည်သူ့ဆေးရုံတွေအပြင် တပ်မတော်ဆေးရုံက ဓာတ်ခွဲနမူနာ စုစုပေါင်း ၂,၄၉၉ ခုကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ ၂ ဦးကတော့ အသက် ၈၀ အရွယ်နဲ့ အသက် ၆၅ နှစ်အရွယ် ရန်ကုန်နဲ့ ရခိုင်ပြည်နယ်က ပြည်သူ့ဆေးရုံတွေမှာ ကုသမှုခံယူနေကြတဲ့ အမျိုးသမီးလူနာတွေဖြစ်ပါတယ်။ပိုးကူူးခံရပြီး နေပြန်ကောင်းသွားလို့ ဆေးရုံက ဆင်းသွားသူကတော့ စက်တင်ဘာ ၂၂ ရက် ည ၈နာရီထိဆိုရင် ၅၀၆ ဦးရှိပြီး နေပြန်ကောင်းသွားတဲ့ လူနာစုစုပေါင်းက လက်ရှိချိန်ထိ ၁,၉၅၁ ဦးရှိပါတယ်။

မြန်မာနိုင်ငံထဲမှာ သြဂုတ်လလယ်လောက်ကစပြီး ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ ပိုးကူးစက်မှုတွေ ရုတ်တရက်မြင့်တက်လာနေတာပါ။ မနေ့ စက်တင်ဘာလ ၂၁ ရက် တရက်တည်းမှာပဲ ရောဂါပိုးတွေ့သူ ၆ ကျော်ရှိခဲ့ပြီး၊ သေဆုံးသူက ၁၃ ဦးရှိပါတယ်။ သေဆုံးသူတချို့ဟာ သေဆုံးပြီးမှ ဓါတ်ခွဲနမူနာယူစမ်းသပ်ပြီး၊ ကိုဗစ်ရောဂါပိုးရှိကြောင်း အတည်ပြုနိုင်ခဲ့တာပါ။

ပြည်ပခရီးသွားရာဇဝင်မရှိသူတွေ၊ ပိုးကူးခံရကြောင်း အတည်ပြုလူနာတွေနဲ့ ထိစပ်မှုမရှိတဲ့လူတွေမှာပါ ပိုးကူးခံရတာကို တွေ့ရှိခဲ့တဲ့အတွက် ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးဆောင်ရွက်ချက်အဖြစ် ကိုကိုကျွန်းမြို့နယ်က လွဲပြီး ရန်ကုန်တိုင်းထဲက မြို့နယ်အားလုံးမှာ စက်တင်ဘာ ၂၁ နေ့ကစပြီး မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ Stay at Home အမိန့်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ထုတ်ပြန်ထားပါတယ်။

[Unicode Version]






XS
SM
MD
LG