သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္လူနာေတြအတြက္ လိုအပ္တဲ့ေဆးနဲ႔ပစၥည္းေတြ နယ္စပ္က တင္သြင္းခြင့္ျပဳထား (စီးပြားကူးသန္းဌာန)


ျမန္မာႏိုင္ငံတြင္း ကိုဗစ္ေရာဂါကူးစက္မႈတုိးလာတာနဲ႔အမွ် ေအာက္စီဂ်င္ျပတ္လပ္ေနတဲ့အေျခအေန။

Zawgyi/Unicode

ကိုဗစ္ကူးစက္မႈေတြေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ နယ္စပ္ကေန အျပန္အလွန္ကုန္သြယ္တာကို ရပ္ဆိုင္းထားေပမဲ့ ကိုဗစ္ေရာဂါအတြက္ လိုအပ္တဲ့ေဆးဝါး၊ ေဆးပစၥည္းေတြကိုေတာ့ ေန႔စဥ္တင္သြင္းခြင့္ ေပးထားေၾကာင္း ျမန္မာစီးပြားကူးသန္းဌာနက ေျပာလိုက္ပါတယ္။ မၾကာေသးခင္က ျပည္တြင္းမွာ လူသုံးမ်ားတဲ့ ေဆးဝါးေတြ၊ အသက္ရႈဖို႔လိုအပ္တဲ့ ေအာက္စီဂ်င္စက္ေတြ ျပတ္လပ္ၿပီး ေစ်းအဆမတန္ တက္လာတဲ့အတြက္ အခုလို နယ္စပ္ကေန တင္သြင္းေနဆဲဆိုတာကို စီးပြားကူးသန္းဌာနက ေျပာလိုက္တာလည္း ျဖစ္ပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

တ႐ုတ္နယ္စပ္ကေန ေဆးဝါးနဲ႔ ဆက္စပ္ပစၥည္းေတြ တင္သြင္းလို႔မရေတာ့ဘူးဆိုတဲ့ ေကာလာဟလေတြက မမွန္ကန္ေၾကာင္းနဲ႔ ဒါက ေစ်းကစားသူေတြရဲ႕ ေျပာဆိုခ်က္သာျဖစ္ေၾကာင္း ျမန္မာစီးပြားကူးသန္း ေရာင္းဝယ္ေရးဌာနက ဩဂုတ္လ ၅ ရက္မွာ ထုတ္ျပန္လိုက္တာပါ။ တ႐ုတ္ႏိုင္ငံဘက္က ျမန္မာကို ေဆးဝါးတင္သြင္းခြင့္ မေပးေတာ့ဘူးဆိုတဲ့သတင္းက မမွန္ကန္ဘဲ ဒါကေစ်းကစားသူေတြရဲ႕ ထုတ္လႊတ္ခ်က္သာျဖစ္ေၾကာင္း စီးပြားကူးသန္းေရာင္း ဝယ္ေရးဌာနရဲ႕ ဒီေန႔ေၾကညာခ်က္မွာ ေရးသားထားတာပါ။

စီးပြားကူးသန္းဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ဦးမင္းမင္းကေတာ့ ကိုဗစ္ကပ္ေရာဂါအခ်ိန္မွာ အေရးတႀကီးလိုအပ္တဲ့ ေဆးဝါးပစၥည္းေတြကို နယ္စပ္ဂိတ္အားလုံးကေန သက္ဆိုင္ရာႏိုင္ငံေတြနဲ႔ ညႇိႏႈိင္းၿပီး တင္သြင္းေနေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။ အထူးသျဖင့္ တ႐ုတ္နဲ႔ ထိုင္းနယ္စပ္ကေန အမ်ားဆုံး တင္သြင္းေနေၾကာင္း သူကေျပာပါတယ္။

“ပုံမွန္ကုန္သြယ္ေရးက ပိတ္ထားတယ္ဆိုတာ က်ေနာ္တို႔ အစာႀကီးကတည္းက ေျပာထားၿပီးသားပဲေလ။ ပုံမွန္ကုန္သြယ္ေရး မရွိဘူး။ က်ေနာ္တို႔ ေမာ္ေတာ္ကားေတြေတာင္မွ၊ ကုန္ကားေတြေတာင္မွ မတက္ခိုင္းဘူး။ ပိတ္ထားတယ္ဆိုတာ။ ဒါေပမဲ့ ေဆးဝါးေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေန႔စဥ္သြင္းတယ္၊ ေန႔စဥ္သတင္းထဲမွာလည္း ေၾကညာတယ္။ ေျပာမယ္ဆိုရင္ က်ေနာ္တို႔ အဓိကအမ်ားဆုံးျဖစ္တဲ့ အိမ္သုံး ေအာက္စီဂ်င္စက္ေတြေပါ့၊ ေအာက္စီဂ်င္အိုးေတြ စလင္ဒါအလြတ္ေတြ၊ ေနာက္ ေအာက္စီဂ်င္အရည္ေတြ၊ ဓာတ္ေငြ႔ေတြေပါ့။ အဓိက အဲဒါမ်ားတာေပါ့။ ေနာက္ PPE နဲ႔ Mask ေပါ့ေနာ္။ ဒီလိုမ်ိဳးဟာေတြက မ်ားတာေပါ့ေလ။ ေဆးဝါးတို႔ ဘာတို႔က်ေတာ့ ေလဆိပ္ကလည္း ေန႔စဥ္သြင္းတာရွိတယ္၊ အခုေအာက္စီဂ်င္အိုး ၂၀ လီတာတို႔ဘာတို႔ဆို အရင္က မေပါက္တဲ့ေစ်းေတြ ေပါက္ၿပီး အခုဆိုရင္ ေတာ္ေတာ္ေလး ေစ်းႏႈန္းက်တဲ့ အေနအထား ေရာက္သြားၿပီေလ။”

ကိုဗစ္တတိယလႈိင္းကို ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံမွာ ဝယ္လိုအားေကာင္းခဲ့တဲ့ ေဆးဝါးနဲ႔ အေရးေပၚသုံး ေဆးပစၥည္းေတြ အဆမတန္ ေစ်းတက္ခဲ့လို႔ ေစ်းကြက္မွာ ဝယ္လို႔မရတဲ့အထိ ျပတ္လပ္ခဲ့ပါတယ္။ ေစ်းကစားသူေတြေၾကာင့္လည္း တကယ္လိုအပ္တဲ့သူေတြ ဝယ္လို႔မရတဲ့ အေျခအေနအထိ ျဖစ္ခဲ့တာပါ။

ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ မႏၲေလးတိုင္းက လိုအပ္တဲ့ ေဆးဝါးေတြအတြက္ေတာ့ အိႏၵိယ- ျမန္မာ နယ္စပ္ကေန သြင္းခြင့္ရဖို႔ ႏွစ္ႏိုင္ငံသေဘာ တူညီမႈရခဲ့ပါတယ္။ ဒါေၾကာင့္ အိႏၵိယအစိုးရက ႏွစ္ႏိုင္ငံၾကားက ကာလရွည္ပိတ္ထားတဲ့ တမူး- မိုးေရးက နယ္စပ္ဂိတ္ႏွစ္ခုကို ေဆးဝါးတခုပဲတင္သြင္းဖို႔ ျပန္ဖြင့္ေပးထားေၾကာင္း ျမန္မာႏိုင္ငံ ကုန္သည္ႏွင့္စက္မႈလုပ္ငန္းရွင္မ်ားအသင္းဗဟိုအလုပ္အမႈေဆာင္နဲ႔ တမူးနယ္စပ္ ကုန္သြယ္ေရးအသင္းဥကၠ႒ျဖစ္တဲ့ ဦးလွေမာင္ကေျပာပါတယ္။

ကိုဗစ္ကုသဖို႔အတြက္ လိုအပ္တဲ့ေဆးေတြ အိႏၵိယကေန တင္သြင္းဖို႔ဆိုရင္ ျမန္မာအစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာန FDA ခြင့္ျပဳခ်က္နဲ႔ ဒီအေတာအတြင္းမွာ ယာယီခြင့္ျပဳေပးထားေၾကာင္း သူကေျပာပါတယ္။

“ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနနဲ႔ အိႏၵိယသံ႐ုံးနဲ႔ ညႇိၿပီးေတာ့မွ သူတို႔အစိုးရကို အေၾကာင္းၾကားၿပီးေတာ့မွ နယ္စပ္ကုန္သြယ္ေရးကို ကိုဗစ္ေဆးဝါးေတြေပါ့ေနာ္။ တင္သြင္းဖို႔ အိႏၵိယအစိုးရကေန ခြင့္ျပဳေပးလိုက္တယ္။ အဲဒါနဲ႔ ကိုဗစ္နဲ႔ဆက္စပ္ပစၥည္းေတြ only export လုပ္ခိုင္းတာေပါ့ေနာ္ သူတို႔ ဘက္က ထြက္တဲ့စာေပါ့ေနာ္။ ဘယ္လိုပဲျဖစ္ျဖစ္ တင္သြင္းလာတာ မ်ားလာတယ္ ဆိုရင္ ပစၥည္းေစ်းႏႈန္းက က်လာမွာေပါ့ေနာ္။ အခု ထိုးေဆးေတြဆိုရင္ က်ေနာ္သိရ သေလာက္ တခ်ိဳ႕ရန္ကုန္မွာ ဟိုရက္ပိုင္းက ၅ ေသာင္းအထိ ေပးရတယ္။ အခု ၃ေသာင္းဝန္းက်င္၊ ၂၈,၀၀၀ တို႔ဘာတို႔ျဖစ္တယ္ေပါ့။ ဒါလည္းမ်ားေသးတာပဲ တကယ္တမ္း ၁၁,၀၀၀- ၁၂,၀၀၀ ေလာက္ဆိုရင္ သဘာဝက်တယ္ေပါ့ေနာ္။”

ထိုင္းဘက္က ေဆးဝါးပစၥည္းေတြကိုေတာ့ ျမဝတီနယ္စပ္စခန္းနဲ႔ တျခားဂိတ္ငယ္ေလးေတြကေန တင္သြင္းေနတာပါ။ ျမန္မာႏိုင္ငံရဲ႕ ေဆးဝါးတင္သြင္းႏႈန္း ပမာဏဟာ ၂၀၁၉- ၂၀၂၀ မွာ အေမရိကန္ေဒၚလာ ၅၅၇.၀၈ သန္းရွိတယ္လို႔ ျမန္မာကုန္သြယ္ေရးဌာနရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။ ျပည္တြင္းမွာလိုအပ္တဲ့ ေဆးဝါးပမာဏရဲ႕ ၉၀ ရာခိုင္ႏႈန္းကို ျပည္ပကေန အထူးသျဖင့္ တ႐ုတ္၊ ထိုင္း၊ ဂ်ာမဏီ၊ အိႏၵိယ၊ စကၤာပူ စတဲ့ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံကေန အဓိကတင္သြင္းေနတာပါ။ တရားဝင္တင္သြင္းတာေတြရွိေနေပမဲ့ အခုလို အခ်ိန္မွာ တရားမဝင္ ဝင္ေရာက္လာတဲ့ ေဆးေစ်းကြက္ကလည္း ႀကီးႀကီးမားမားရွိေနေၾကာင္း နယ္စပ္ကုန္သည္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode
ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ဆေးနဲ့ပစ္စည်းတွေ နယ်စပ်က တင်သွင်းခွင့်ပြုထား (စီးပွားကူးသန်းဌာန)

ကိုဗစ်ကူးစက်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ကနေ အပြန်အလှန်ကုန်သွယ်တာကို ရပ်ဆိုင်းထားပေမဲ့ ကိုဗစ်ရောဂါအတွက် လိုအပ်တဲ့ဆေးဝါး၊ ဆေးပစ္စည်းတွေကိုတော့ နေ့စဉ်တင်သွင်းခွင့် ပေးထားကြောင်း မြန်မာစီးပွားကူးသန်းဌာနက ပြောလိုက်ပါတယ်။ မကြာသေးခင်က ပြည်တွင်းမှာ လူသုံးများတဲ့ ဆေးဝါးတွေ၊ အသက်ရှုဖို့လိုအပ်တဲ့ အောက်စီဂျင်စက်တွေ ပြတ်လပ်ပြီး ဈေးအဆမတန် တက်လာတဲ့အတွက် အခုလို နယ်စပ်ကနေ တင်သွင်းနေဆဲဆိုတာကို စီးပွားကူးသန်းဌာနက ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တရုတ်နယ်စပ်ကနေ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းလို့မရတော့ဘူးဆိုတဲ့ ကောလာဟလတွေက မမှန်ကန်ကြောင်းနဲ့ ဒါက ဈေးကစားသူတွေရဲ့ ပြောဆိုချက်သာဖြစ်ကြောင်း မြန်မာစီးပွားကူးသန်း ရောင်းဝယ်ရေးဌာနက ဩဂုတ်လ ၅ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ တရုတ်နိုင်ငံဘက်က မြန်မာကို ဆေးဝါးတင်သွင်းခွင့် မပေးတော့ဘူးဆိုတဲ့သတင်းက မမှန်ကန်ဘဲ ဒါကဈေးကစားသူတွေရဲ့ ထုတ်လွှတ်ချက်သာဖြစ်ကြောင်း စီးပွားကူးသန်းရောင်း ဝယ်ရေးဌာနရဲ့ ဒီနေ့ကြေညာချက်မှာ ရေးသားထားတာပါ။

စီးပွားကူးသန်းဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းကတော့ ကိုဗစ်ကပ်ရောဂါအချိန်မှာ အရေးတကြီးလိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကို နယ်စပ်ဂိတ်အားလုံးကနေ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး တင်သွင်းနေကြောင်း ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ထိုင်းနယ်စပ်ကနေ အများဆုံး တင်သွင်းနေကြောင်း သူကပြောပါတယ်။

“ပုံမှန်ကုန်သွယ်ရေးက ပိတ်ထားတယ်ဆိုတာ ကျနော်တို့ အစာကြီးကတည်းက ပြောထားပြီးသားပဲလေ။ ပုံမှန်ကုန်သွယ်ရေး မရှိဘူး။ ကျနော်တို့ မော်တော်ကားတွေတောင်မှ၊ ကုန်ကားတွေတောင်မှ မတက်ခိုင်းဘူး။ ပိတ်ထားတယ်ဆိုတာ။ ဒါပေမဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီးတော့ နေ့စဉ်သွင်းတယ်၊ နေ့စဉ်သတင်းထဲမှာလည်း ကြေညာတယ်။ ပြောမယ်ဆိုရင် ကျနော်တို့ အဓိကအများဆုံးဖြစ်တဲ့ အိမ်သုံး အောက်စီဂျင်စက်တွေပေါ့၊ အောက်စီဂျင်အိုးတွေ စလင်ဒါအလွတ်တွေ၊ နောက် အောက်စီဂျင်အရည်တွေ၊ ဓာတ်ငွေ့တွေပေါ့။ အဓိက အဲဒါများတာပေါ့။ နောက် PPE နဲ့ Mask ပေါ့နော်။ ဒီလိုမျိုးဟာတွေက များတာပေါ့လေ။ ဆေးဝါးတို့ ဘာတို့ကျတော့ လေဆိပ်ကလည်း နေ့စဉ်သွင်းတာရှိတယ်၊ အခုအောက်စီဂျင်အိုး ၂၀ လီတာတို့ဘာတို့ဆို အရင်က မပေါက်တဲ့ဈေးတွေ ပေါက်ပြီး အခုဆိုရင် တော်တော်လေး ဈေးနှုန်းကျတဲ့ အနေအထား ရောက်သွားပြီလေ။”

ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ဝယ်လိုအားကောင်းခဲ့တဲ့ ဆေးဝါးနဲ့ အရေးပေါ်သုံး ဆေးပစ္စည်းတွေ အဆမတန် ဈေးတက်ခဲ့လို့ ဈေးကွက်မှာ ဝယ်လို့မရတဲ့အထိ ပြတ်လပ်ခဲ့ပါတယ်။ ဈေးကစားသူတွေကြောင့်လည်း တကယ်လိုအပ်တဲ့သူတွေ ဝယ်လို့မရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက လိုအပ်တဲ့ ဆေးဝါးတွေအတွက်တော့ အိန္ဒိယ- မြန်မာ နယ်စပ်ကနေ သွင်းခွင့်ရဖို့ နှစ်နိုင်ငံသဘော တူညီမှုရခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယအစိုးရက နှစ်နိုင်ငံကြားက ကာလရှည်ပိတ်ထားတဲ့ တမူး- မိုးရေးက နယ်စပ်ဂိတ်နှစ်ခုကို ဆေးဝါးတခုပဲတင်သွင်းဖို့ ပြန်ဖွင့်ပေးထားကြောင်း မြန်မာနိုင်ငံ ကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များအသင်းဗဟိုအလုပ်အမှုဆောင်နဲ့ တမူးနယ်စပ် ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌဖြစ်တဲ့ ဦးလှမောင်ကပြောပါတယ်။

ကိုဗစ်ကုသဖို့အတွက် လိုအပ်တဲ့ဆေးတွေ အိန္ဒိယကနေ တင်သွင်းဖို့ဆိုရင် မြန်မာအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ခွင့်ပြုချက်နဲ့ ဒီအတောအတွင်းမှာ ယာယီခွင့်ပြုပေးထားကြောင်း သူကပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ အိန္ဒိယသံရုံးနဲ့ ညှိပြီးတော့မှ သူတို့အစိုးရကို အကြောင်းကြားပြီးတော့မှ နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်ဆေးဝါးတွေပေါ့နော်။ တင်သွင်းဖို့ အိန္ဒိယအစိုးရကနေ ခွင့်ပြုပေးလိုက်တယ်။ အဲဒါနဲ့ ကိုဗစ်နဲ့ဆက်စပ်ပစ္စည်းတွေ only export လုပ်ခိုင်းတာပေါ့နော် သူတို့ ဘက်က ထွက်တဲ့စာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် တင်သွင်းလာတာ များလာတယ် ဆိုရင် ပစ္စည်းဈေးနှုန်းက ကျလာမှာပေါ့နော်။ အခု ထိုးဆေးတွေဆိုရင် ကျနော်သိရ သလောက် တချို့ရန်ကုန်မှာ ဟိုရက်ပိုင်းက ၅ သောင်းအထိ ပေးရတယ်။ အခု ၃သောင်းဝန်းကျင်၊ ၂၈,၀၀၀ တို့ဘာတို့ဖြစ်တယ်ပေါ့။ ဒါလည်းများသေးတာပဲ တကယ်တမ်း ၁၁,၀၀၀- ၁၂,၀၀၀ လောက်ဆိုရင် သဘာဝကျတယ်ပေါ့နော်။”

ထိုင်းဘက်က ဆေးဝါးပစ္စည်းတွေကိုတော့ မြဝတီနယ်စပ်စခန်းနဲ့ တခြားဂိတ်ငယ်လေးတွေကနေ တင်သွင်းနေတာပါ။ မြန်မာနိုင်ငံရဲ့ ဆေးဝါးတင်သွင်းနှုန်း ပမာဏဟာ ၂၀၁၉- ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၅၅၇.၀၈ သန်းရှိတယ်လို့ မြန်မာကုန်သွယ်ရေးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းမှာလိုအပ်တဲ့ ဆေးဝါးပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ အထူးသဖြင့် တရုတ်၊ ထိုင်း၊ ဂျာမဏီ၊ အိန္ဒိယ၊ စင်္ကာပူ စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံကနေ အဓိကတင်သွင်းနေတာပါ။ တရားဝင်တင်သွင်းတာတွေရှိနေပေမဲ့ အခုလို အချိန်မှာ တရားမဝင် ဝင်ရောက်လာတဲ့ ဆေးဈေးကွက်ကလည်း ကြီးကြီးမားမားရှိနေကြောင်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

#MyanmarCovid19#BoderTrade#Oxygen#MyawaddiThai#MilitaryCoup#VoaBurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG