သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ၃ ရက္ဆက္တုိက္ COVID-19 အတည္ျပဳသူမရွိ


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုတြင္ ပိုးသတ္ေဆးျဖန္ဖို႔ ျပင္ဆင္ေနၾကတဲ့ မီးသတ္တပ္ဖဲြ႔၀င္တခ်ိဳ႕ (ဧၿပီ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ အဂၤါေန႔ မနက္ပုိင္းအထိ ဓာတ္ခဲြစစ္ေဆး ေတြ႔ရွိခ်က္ေတြအရ COVID-19 ေရာဂါကူးစက္သူ အသစ္မရွိေၾကာင္း က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက ေျပာပါတယ္။ ဒီေန႔နဲ႔ပါဆုိရင္ေတာ့ ေရာဂါကူးစက္သူ မေတြ႔ရွိတဲ့အေၾကာင္း သတင္းထုတ္ျပန္ခဲ့တာ ၃ ရက္ ရွိသြားပါၿပီ။

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနနဲ႔ ေဆးသုေတသနဦးစီးဌာနတုိ႔က ဓာတ္ခဲြနမူနာ ၃၄၅ ခုကုိ စစ္ေဆးခဲ့ရာမွာ ေရာဂါပုိးမေတြ႔ခဲ့ရေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေရာဂါပုိးကူးစက္သူအသစ္ မေတြ႔ေပမဲ့လည္း အမ်ားျပည္သူ အေနနဲ႔ လက္ရွိ ခ်မွတ္ထားတဲ့ ၫႊန္ၾကားခ်က္ အမိန္႔ေတြကို ဆက္လက္ လိုက္နာဖို႔ တိုက္တြန္းထားသလို ဒီ ေရာဂါ အခ်ိန္မေ႐ြး မ်ားျပားလာႏိုင္တာ ဘယ္သူ႔ကို မဆို ကူးစက္ခံရႏိုင္တာနဲ႔ ေရာဂါ လကၡဏာ မျပဘဲ ေရာဂါပိုး ရွိေနႏိုင္တယ္ ဆိုတဲ့ အခ်က္ေတြ သိထားဖို႔လိုအပ္တယ္လို႔လည္း က်န္းမာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

မလုိအပ္ဘဲ အိမ္ျပင္မထြက္ဖို႔၊ လူစုလူေဝးေရွာင္ဖို႔၊ အိမ္ျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္ဖို႔နဲ႔ တစ္ဦးနဲ႔တစ္ဦး ခြပ္ခြာခြာ ေနၾကဖို႔လည္း တိုက္တြန္းထားပါတယ္။ က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ အဂၤါေန႔မနက္ပုိင္းအထိ ထုတ္ျပန္ခ်က္ေတြအရ ၿပီးခဲ့တဲ့ စေနေန႔တုန္းက ေနာက္ဆုံးအတည္ျပဳခဲ့တဲ့ ကူးစက္သူ ၂ ဦး အပါအ၀င္ စုစုေပါင္း ကူးစက္ခံရသူ ၁၄၆ ေယာက္ ရွိပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူ ၅ ဦး ရွိခဲ့ၿပီး ေရာဂါပိုးကင္းစင္သူ ၁၆ ေယာက္ထဲက ၉ ေယာက္ကုိ ေဆး႐ုံေတြက ဆင္းခြင့္ျပဳခဲ့ေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမှာ ၃ ရက်ဆက်တိုက် COVID-19 အတည်ပြုသူမရှိ

မြန်မာနိုင်ငံမှာ အင်္ဂါနေ့ မနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေး တွေ့ရှိချက်တွေအရ COVID-19 ရောဂါကူးစက်သူ အသစ်မရှိကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ပြောပါတယ်။ ဒီနေ့နဲ့ပါဆိုရင်တော့ ရောဂါကူးစက်သူ မတွေ့ရှိတဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့တာ ၃ ရက် ရှိသွားပါပြီ။

ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့က ဓာတ်ခွဲနမူနာ ၃၄၅ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုးမတွေ့ခဲ့ရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရောဂါပိုးကူးစက်သူအသစ် မတွေ့ပေမဲ့လည်း အများပြည်သူ အနေနဲ့ လက်ရှိ ချမှတ်ထားတဲ့ ညွှန်ကြားချက် အမိန့်တွေကို ဆက်လက် လိုက်နာဖို့ တိုက်တွန်းထားသလို ဒီ ရောဂါ အချိန်မရွေး များပြားလာနိုင်တာ ဘယ်သူ့ကို မဆို ကူးစက်ခံရနိုင်တာနဲ့ ရောဂါ လက္ခဏာ မပြဘဲ ရောဂါပိုး ရှိနေနိုင်တယ် ဆိုတဲ့ အချက်တွေ သိထားဖို့လိုအပ်တယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့၊ လူစုလူဝေးရှောင်ဖို့၊ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့နဲ့ တစ်ဦးနဲ့တစ်ဦး ခွပ်ခွာခွာ နေကြဖို့လည်း တိုက်တွန်းထားပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အင်္ဂါနေ့မနက်ပိုင်းအထိ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ စနေနေ့တုန်းက နောက်ဆုံးအတည်ပြုခဲ့တဲ့ ကူးစက်သူ ၂ ဦး အပါအဝင် စုစုပေါင်း ကူးစက်ခံရသူ ၁၄၆ ယောက် ရှိပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅ ဦး ရှိခဲ့ပြီး ရောဂါပိုးကင်းစင်သူ ၁၆ ယောက်ထဲက ၉ ယောက်ကို ဆေးရုံတွေက ဆင်းခွင့်ပြုခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG