သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁၄ ဦးထပ္တိုး၊ စုစုေပါင္း ၁၇၆ ဦးရွိၿပီ


ေ၀ဘာဂီေဆးရံု

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါ ကူးစက္ခံရေၾကာင္း ဓာတ္ခြဲစစ္ေဆးအတည္ျပဳသူ ေနာက္ထပ္ ၁၄ ဦး တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔အတြက္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာန (ရန္ကုန္) မွာ ပထမအသုတ္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ ၈၃ ခု၊ ေဆးသုေတသနဦးစီးဌာနမွာ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ ၁၀၂ ခု၊ စုစုေပါင္း ၁၈၅ ခုတို႔ကေန ေနာက္ထပ္ ေရာဂါပိုး ကူးစက္သူ ၁၄ ဦးကို ထပ္ေတြ႔ရတာပါ။

ဒါေၾကာင့္ ေမလ ၇ ရက္ ည ၈ နာရီအထိဆိုရင္ COVID-19 ေရာဂါ ကူးစက္ထားေၾကာင္း ဓာတ္ခြဲအတည္ျပဳသူ စုစုေပါင္း ၁၇၆ ေယာက္႐ွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္တဲ့ ၁၄ ေယာက္ထဲက ႏွစ္ေယာက္ဟာ ရန္ကုန္တိုင္း တာေမြၿမိဳ႕နယ္မွာ ေနထုိင္သူေတြျဖစ္ၿပီး အင္းစိန္ၿမိဳ႕နယ္မွာ ေနထုိင္သူက ၁၂ ေယာက္ျဖစ္ပါတယ္။ သူတုိ႔အားလံုးဟာ ေရာဂါပိုးကူးစက္ခံရတယ္လုိ႔ ၿပီးခဲ့တဲ့ရက္ေတြက အတည္ျပဳထားသူေတြနဲ႔ ထိေတြ႕မႈ႐ွိခဲ့လို႔ အသြားအလာ ကန္႔သတ္ ေစာင့္ၾကည့္ခံထားၾကရသူေတြျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါေၾကာင့္ ဒီေန႔ည ၈ နာရီအထိ ေသဆံုးသူ ၆ ေယာက္နဲ႔ လူနာေဟာင္းထဲက ပိုးကင္းစင္သြားသူ ၆၂ ေယာက္႐ွိတယ္လို႔လည္း ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေရးထားပါတယ္။

ေရာဂါပိုး႐ွိ၊ မ႐ွိ ဓါတ္ခဲြနမူနာေတြကို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာန၊ ေဆးသုေတသနဦးစီးဌာနနဲ႔ ေနျပည္ေတာ္ အမွတ္ (၂) တပ္မေတာ္ေဆး႐ုံႀကီးတို႔မွာ ေလာေလာဆယ္ စစ္ေဆးေပးေနပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁၄ ဦးထပ်တိုး၊ စုစုပေါင်း ၁၇၆ ဦးရှိပြီ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရကြောင်း ဓာတ်ခွဲစစ်ဆေးအတည်ပြုသူ နောက်ထပ် ၁၄ ဦး တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (ရန်ကုန်) မှာ ပထမအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၈၃ ခု၊ ဆေးသုတေသနဦးစီးဌာနမှာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၀၂ ခု၊ စုစုပေါင်း ၁၈၅ ခုတို့ကနေ နောက်ထပ် ရောဂါပိုး ကူးစက်သူ ၁၄ ဦးကို ထပ်တွေ့ရတာပါ။

ဒါကြောင့် မေလ ၇ ရက် ည ၈ နာရီအထိဆိုရင် COVID-19 ရောဂါ ကူးစက်ထားကြောင်း ဓာတ်ခွဲအတည်ပြုသူ စုစုပေါင်း ၁၇၆ ယောက်ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်တဲ့ ၁၄ ယောက်ထဲက နှစ်ယောက်ဟာ ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ နေထိုင်သူတွေဖြစ်ပြီး အင်းစိန်မြို့နယ်မှာ နေထိုင်သူက ၁၂ ယောက်ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ရောဂါပိုးကူးစက်ခံရတယ်လို့ ပြီးခဲ့တဲ့ရက်တွေက အတည်ပြုထားသူတွေနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံထားကြရသူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် ဒီနေ့ည ၈ နာရီအထိ သေဆုံးသူ ၆ ယောက်နဲ့ လူနာဟောင်းထဲက ပိုးကင်းစင်သွားသူ ၆၂ ယောက်ရှိတယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ရောဂါပိုးရှိ၊ မရှိ ဓါတ်ခွဲနမူနာတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန၊ ဆေးသုတေသနဦးစီးဌာနနဲ့ နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီးတို့မှာ လောလောဆယ် စစ်ဆေးပေးနေပါတယ်။

XS
SM
MD
LG