(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါအတြက္ ဒီကေန႔ ဓာတ္ခြဲစမ္းသပ္မႈ စုစုေပါင္း ၁,၃၀၀ ေက်ာ္ လုပ္ခဲ့တဲ့ထဲမွာ ေရာဂါပိုးကူးစက္ထားသူ ၁ ဦး ထပ္မံေတြ႔ရွိပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ည ၈ နာရီထုတ္ျပန္တဲ့ သတင္းမွာ ဒီကေန႔ထိဆိုရင္ ဓာတ္ခြဲအတည္ျပဳလူနာ ၂၈၇ ဦးရွိသြားၿပီလို႔ ေျပာထားပါတယ္။
ဒီကေန႔ ပိုးေတြ႔ရွိသူဟာ မြန္ျပည္နယ္ ေပါင္ၿမဳိ႕နယ္က အသက္ ၃၉ ႏွစ္အရြယ္ အမ်ဳိးသမီးျဖစ္ၿပီး ထိုင္းႏိုင္ငံက ျပန္ေရာက္လာသူ ျဖစ္ပါတယ္။ သူ႔ကို ေမာ္လၿမဳိင္ေဆး႐ံုမွာ အသြားအလာ ကန္႔သတ္ထားရွိၿပီး ေစာင့္ၾကည့္ေနခဲ့တာလည္း ျဖစ္ပါတယ္။
လူနာေဟာင္းေတြထဲမွာဆိုရင္ေတာ့ ဓာတ္ခြဲနမူနာ စစ္ေဆးတာ ႏွစ္ႀကိမ္ဆက္တိုက္ လုပ္ၾကည့္ၿပီးတဲ့ေနာက္ ပိုးမေတြ႔ရွိရတဲ့သူ ၄ ဦး ရွိတာေၾကာင့္ ဒီကေန႔ထိ ပိုးကင္းစင္လာသူ ၁၉၆ ဦး ရွိသြားပါၿပီ။ အဲဒီထဲမွာ လူ ၁၇၇ ဦးကို ေဆး႐ံုက ဆင္းခြင့္ေပးလိုက္ၿပီျဖစ္ၿပီး သူတို႔ရဲ႕ အသြားအလာေတြကိုေတာ့ ကန္႔သတ္ထားေသးတာ ျဖစ္ပါတယ္။
မေန႔ကေတာ့ တရက္တည္းနဲ႔ ပိုးကူးစက္မႈ ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၂၃ ဦး ေတြ႔ရွိခဲ့တာေၾကာင့္ ဒီလို ေရာဂါပိုးကူးစက္မႈေတြ ျမင့္တက္သြားေတာ့မလားဆိုတဲ့ စိုးရိမ္မႈေတြ ရွိခဲ့ပါတယ္။ အဲဒီ ပိုးကူးလူနာ အားလံုးဟာ ျမဝတီနယ္စပ္ဂိတ္ကို ျဖတ္ၿပီး ထိုင္းနဲ႔ မေလးရွားကေန ႏိုင္ငံထဲ ျပန္ဝင္လာသူေတြ ျဖစ္ၾကပါတယ္။ သူတို႔အဖြဲ႔ထဲက ေရာဂါပိုး မေတြ႔ရွိသူေတြကိုေတာ့ အသြားအလာ ကန္႔သတ္ထားဆဲျဖစ္ၿပီး ေနာက္ထပ္တေခါက္ ထပ္စစ္ေဆးဦးမွာပါ။
ျမန္မာႏုိင္ငံမွာ ဒီိေရာဂါ ကူးစက္မႈေၾကာင့္ စုစုေပါင္း ေသဆံုးသူ ၆ ဦး ရွိခဲ့ၿပီျဖစ္ၿပီး ေလာေလာဆယ္ မေန႔ မြန္းတည့္ ၁၂ နာရီကေန ၂၄ နာရီအတြင္း ေစာင့္ၾကည့္လူနာအသစ္ ၃၃ ေယာက္ ရွိေနပါတယ္။
-------------------------------
(Unicode)
မြန်မာ COVID-19 ကူးစက်သူ ၁ ဦးထပ်တိုး၊ စုစုပေါင်း ၂၈၇ ဦးရှိပြီ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတွက် ဒီကနေ့ ဓာတ်ခွဲစမ်းသပ်မှု စုစုပေါင်း ၁,၃၀၀ ကျော် လုပ်ခဲ့တဲ့ထဲမှာ ရောဂါပိုးကူးစက်ထားသူ ၁ ဦး ထပ်မံတွေ့ရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီထုတ်ပြန်တဲ့ သတင်းမှာ ဒီကနေ့ထိဆိုရင် ဓာတ်ခွဲအတည်ပြုလူနာ ၂၈၇ ဦးရှိသွားပြီလို့ ပြောထားပါတယ်။
ဒီကနေ့ ပိုးတွေ့ရှိသူဟာ မွန်ပြည်နယ် ပေါင်မြို့နယ်က အသက် ၃၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ထိုင်းနိုင်ငံက ပြန်ရောက်လာသူ ဖြစ်ပါတယ်။ သူ့ကို မော်လမြိုင်ဆေးရုံမှာ အသွားအလာ ကန့်သတ်ထားရှိပြီး စောင့်ကြည့်နေခဲ့တာလည်း ဖြစ်ပါတယ်။
လူနာဟောင်းတွေထဲမှာဆိုရင်တော့ ဓာတ်ခွဲနမူနာ စစ်ဆေးတာ နှစ်ကြိမ်ဆက်တိုက် လုပ်ကြည့်ပြီးတဲ့နောက် ပိုးမတွေ့ရှိရတဲ့သူ ၄ ဦး ရှိတာကြောင့် ဒီကနေ့ထိ ပိုးကင်းစင်လာသူ ၁၉၆ ဦး ရှိသွားပါပြီ။ အဲဒီထဲမှာ လူ ၁၇၇ ဦးကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး သူတို့ရဲ့ အသွားအလာတွေကိုတော့ ကန့်သတ်ထားသေးတာ ဖြစ်ပါတယ်။
မနေ့ကတော့ တရက်တည်းနဲ့ ပိုးကူးစက်မှု ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၃ ဦး တွေ့ရှိခဲ့တာကြောင့် ဒီလို ရောဂါပိုးကူးစက်မှုတွေ မြင့်တက်သွားတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီ ပိုးကူးလူနာ အားလုံးဟာ မြဝတီနယ်စပ်ဂိတ်ကို ဖြတ်ပြီး ထိုင်းနဲ့ မလေးရှားကနေ နိုင်ငံထဲ ပြန်ဝင်လာသူတွေ ဖြစ်ကြပါတယ်။ သူတို့အဖွဲ့ထဲက ရောဂါပိုး မတွေ့ရှိသူတွေကိုတော့ အသွားအလာ ကန့်သတ်ထားဆဲဖြစ်ပြီး နောက်ထပ်တခေါက် ထပ်စစ်ဆေးဦးမှာပါ။
မြန်မာနိုင်ငံမှာ ဒီရောဂါ ကူးစက်မှုကြောင့် စုစုပေါင်း သေဆုံးသူ ၆ ဦး ရှိခဲ့ပြီဖြစ်ပြီး လောလောဆယ် မနေ့ မွန်းတည့် ၁၂ နာရီကနေ ၂၄ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၃၃ ယောက် ရှိနေပါတယ်။