သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေငြေၾကး မတည္ၿငိမ္မႈေၾကာင့္ စားသုံးကုန္ လုပ္ငန္းေတြထိခိုက္


[ Zawgyi ]

ျမန္မာႏိုင္ငံမွာ မၾကာေသးခင္ကစလို႔ က်ပ္ေငြတန္ဘိုး က်ဆင္းခဲ့တာေၾကာင့္ စီးပြားေရး လုပ္ငန္းေတြအေပၚ ႐ိုက္ခတ္လာေနရာမွာ စားသုံးကုန္ လုပ္ငန္းေတြလည္း ပါ၀င္ လာပါတယ္။ ျမန္မာက်ပ္ေငြနဲ႔ လဲလွယ္ရာမွာ အေမရိကန္ ေဒၚလာတန္ဘိုး ျမင့္လာတာေၾကာင့္ တခ်ဳိ႕စားသုံးကုန္ေတြ တင္သြင္းရာမွာ အကန္႔အသတ္ေတြနဲ႔လည္း ၾကံဳေနရတာပါ။ ေငြေၾကး မတည္ၿငိမ္တဲ့ အေျခအေနေၾကာင့္ ေနာက္ဆက္တဲြ ၾကံဳေနရတဲ့ စားေသာက္ကုန္ လုပ္ငန္းေတြနဲ႔ ပတ္သက္လို႔ လုပ္ငန္းရွင္ေတြနဲ႔ စားသုံးသူ တခ်ဳိ႕ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ကိုဝင္းမင္း ။. ။ ျမန္မာႏိုင္ငံမွာ မုံဖုတ္လုပ္ငန္းလုပ္ကိုင္သူ မခိုင္ က...

မခိုင္ (မုံဖုတ္လုပ္ငန္းပိုင္ရွင္) ။. ။ ကုန္ၾကမ္းေစ်းႏႈန္းေတြ အတက္အက်ၾကမ္းတာေပါ့။ စားေသာက္ကုန္လုပ္ငန္းလုပ္ကိုင္သူေတြအေနနဲ႔က ကုန္ၾကမ္းေတြကို အမ်ားႀကီးလည္း ဝယ္ေလွာင္ထားလို႔မရသလို လိုအပ္မွ တလခ်င္းဝယ္ရသလို အခုေနာက္လအတြက္ဝယ္ဖို႔စ စီစဥ္တဲ့အခ်ိန္က ကုန္ၾကမ္းေတြ ဂ်ဳံကအစ ေလးေသာင္းကေန ခုႏွစ္ေသာင္းခြဲျဖစ္သြားတာကအစ ႏိုင္ငံျခားသြင္းကုန္ Jam တို႔ ေထာပတ္တို႔ဆိုလို႔ရွိရင္ေစ်းႏႈန္းအတက္အက်ၾကမ္းေတာ့ၾကေတာ့ ဆိုင္ေတြက အေရာင္းဖြင့္မေပးေတာ့ဘူး။ ေရရွည္ရပ္တည္လာတဲ့ လုပ္ငန္းတခုအေနနဲ႔က သေဘာက ေပါင္မုံတခုကို တေထာင္ေရာင္းေနရာကေန ခ်က္ခ်င္းႀကီး ကုန္ၾကမ္းတက္လို႔ဆိုၿပီး တေထာင္ငါးရာ ေျပာင္းေရာင္းဖို႔ မလြယ္ဘူးေပါ့ေနာ္။ အရင္းကို ျပန္ရဖို႔အတြက္ ေတာ္ေတာ္ခဲခဲရင္းရင္းျဖစ္လာတာေပါ့။ စားသုံးသူအတြက္ မငဲ့ပဲ ေရာင္းမယ္ဆိုရင္ေတာ့ တေထာင္တန္မုံကေန ႏွစ္ေထာင္ဆိုၿပီး ဆြဲတင္လိုက္ရင္ေတာ့ အျမတ္က်န္ခ်င္က်န္မွာေပါ့။ ဒါေပမယ့္ စားသုံးသူနည္းသြားမယ့္ဟာကိုလည္း ကုိယ္ေတြက မလိုလားဘူးေပါ့။ ဒီၾကားထဲမွာ က်ဥ္းထဲၾကပ္ထဲ ျပသာနာစႀကဳံေတြ႔ေနရတာေပါ့။

ကိုဝင္းမင္း ။. ။ ဒါအျပင္ ရန္ကုန္မွာ အသားကင္လုပ္ငန္းလုပ္ကိုင္သူ လူငယ္ ကိုေဝမင္း ကလည္း

ကိုေဝမင္း (အသားကင္လုပ္ငန္းလုပ္ကိုင္သူ) ။. ။ ဂ်ဳံနဲ႔ပတ္သက္တာ ေစ်းတက္သြားတယ္။ တေန႔ကပဲ က်ေနာ္ ပလာတာဝယ္စားတာ ပုံမွန္ ၂၅ဝ တန္က အခု ၅ဝဝေတာင္ျဖစ္သြားတာ။ ၂ဆတက္သြားတာ။ ေစ်းထဲမွာ ထိုင္းဖက္က လာတာေတြကို ဝယ္စားတာေတြဆို ေတာ္ေတာ္မ်ားမ်ား ေစ်းတက္သြားတာ။ ဒီတရက္ ၂ရက္အတြင္းမွာ တေထာင္ဝန္းက်င္တက္သြားတယ္။ ပုံမွန္ ၈၀၀ တန္ပစၥည္းက ထိုင္းဖက္က ပစၥည္းက ၁၃ဝဝ ေလာက္တက္သြားတယ္။ အသားျပားတို႔ ၾကက္အူေခ်ာင္းတို႔ ပုဇြန္လုံးတို႔ေလ။ ခုေလာေလာဆယ္မွာ ထိုင္းဖက္ ကပစၥည္းေရာင္းေနတာေပါ့။ အရင္လို ေပါေပါေလာေလာနဲ႔ ေရာင္းမရေတာ့ဘူးေပါ့။ ေစ်းေတြတက္ေတာ့ သိပ္အဆင္မေျပဘူးေပါ့။ အရင္က မႀကဳံဖူးဘူး။ အခုမွႀကဳံဖူးတာ။

ကိုဝင္းမင္း ။. ။ အခုလိုအခ်ိန္မွာ ေစ်းထဲေရာက္ခဲ့တဲ့ စီးပြားေရးနဲ႔ ဘြဲ႔ရခဲ့သူ မပိုပို က

မပုိပို ။. ။ သားငါးေစ်းကေတာ့ ေထြေထြထူးထူးအရမ္းေျပာင္းလဲသြားတာေတာ့ မရွိဘူး။ ဒါေပမယ့္ ႏိုင္ငံျခားကဝင္တဲ့ ပစၥည္းေတြေပါ့ ဒီခ်ိစ္ တို႔ဘာတို႔ ေစ်းႀကီးသြားတယ္။ ေခါက္ဆြဲေျခာက္ေတြေစ်းၾကီးတယ္။ ခ်ီစ္ က အရင္တုံးက ၃၅ဝဝတန္ကေနၿပီး အခု ၄ဝဝဝ ။ ဝယ္ရင္းေစ်းက ေနာက္ဆုိရင္ ျပန္ၿပီးေစ်းႀကီးမွာျဖစ္တဲ့အတြက္ ေနာက္ထပ္ထပ္ဝင္ရင္ ေစ်းႀကီးမွာလို႔ေျပာတယ္။ အြန္လိုင္းဆုိရွယ္မီဒီယာမွာေတာ့ လူေတြက စိုးရိမ္ပူပန္မႈေတြမ်ားၾကတယ္။ စီးပြားေရးကို ဒီထက္ပိုဆုိးလာမွာကိုေတာ့ ေမွ်ာ္လင့္ထားၿပီးသား။ ဒါေပမယ္ အေျခခံလူတန္းစားအတြက္က ပိုၿပီး ဒုကၡေရာက္မယ္။ ကုန္ေစ်းႏႈန္းကလည္း အခုက စစခ်င္းမို႔မတက္ေသးတာ။ ေနာက္ဆိုပိုၿပီးေတာ့ တက္ေတာ့မယ္။ အခုဆိုလည္း အလုပ္ေတြအမ်ားႀကီး ျပဳတ္ၾကတယ္ေလ။

ကိုဝင္းမင္း ။. ။ ဒါအျပင္ တျခားစားကုန္ေတြ ေစ်းတက္လာပုံကိုလည္း အမည္မေဖာ္လိုတဲ့ အိမ္ရွင္မတဦး က

အိမ္ရွင္မတဦး ။. ။ ဆန္ေစ်းကေတာ့ အစတုံးက တအိပ္ကို ေျခာက္ေသာင္း ေက်ာ္ေက်ာ္ေလာက္ပဲရွိတယ္။ အခုဟာက ၇ ေသာင္း ေက်ာ္သြားၿပီ။ ဒီျပင္ ပစၥည္းေတြလည္း အကုန္လုံး ေစ်းတက္တယ္။ ၾကက္ဥပဲ နည္းနည္း ေစ်းကြာတယ္။ စားအုန္းဆီက အစက ၄ေထာင္ကေန အခု ၅ ေထာင္ျဖစ္သြားၿပီ။ အကုန္တက္တယ္။ နံျပားတခ်ပ္ ၃ရာ။ အရင္က ၁၅၀ ၊၂ဝဝ ပဲရွိတယ္။ ေစ်းသည္ေတြက ကုန္ေစ်းႏႈန္းေတြက တက္ေတာ့ ေရာင္းမေကာင္းဘူး ၊ ဝယ္သူေတြလည္း သိပ္မရွိဘူး။ အဲလိုမ်ဳိး ေျပာတာေတြေတာ့ ၾကားခဲ့တယ္။ ေစ်းေတြအရမ္းတက္ေတာ့ မရွိဆင္းရဲသားေတြ ဘယ္လိုလုပ္ၾကမလဲ။ ေစ်းထဲမွာလည္း လူက မရွိသေလာက္ျဖစ္ေနၾကတယ္။

ကိုဝင္းမင္း ။. ။ တခ်ိန္တည္းမွာလည္း အဆင့္ျမင့္ ကုန္တိုက္ေတြမွာ စားကုန္ေတြ အကန္႔အသတ္စျဖစ္လာပုံကိုလည္း သတင္းသင္တန္းဆရာ ကိုျမင့္ေက်ာ္ က

ကိုျမင့္ေက်ာ္ (သတင္းသင္တန္းဆရာ) ။. ။ ၿပီးခဲ့တဲ့ ၂ ရက္ေလာက္ကမွာ ကုန္ပစၥည္း တမယ္ နွစ္မယ္ေလ။ တင့္ေက်ာ္ ေသာက္တဲ့ လဘက္ရည္ ေလ်ာ့နည္းေနလို႔ဆိုၿပီး တဦးလွ်င္ ၃ဗူးပဲယူပါလို႔ေတာ့ အဲလိုေရးထားတယ္။ ဒီေဝဇယႏၱာ စီးတီးမတ္ မွာေလ။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ ျမန္မာႏိုင္ငံ စားသုံးသူေစ်းကြက္မွာ ဒီႏိုိင္ငံျခားက တင္သြင္းလာတဲ့ စားကုန္ေတြ မ်ားျပားလာတာနဲ႔အမွ် အခုျပန္အကန္႔အသတ္နဲ႔ဆုံးရႈံးရမွာ ကို စိုးရိမ္ေနၾကပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ငွေကြေး မတည်ငြိမ်မှုကြောင့် စားသုံးကုန် လုပ်ငန်းတွေထိခိုက်

မြန်မာနိုင်ငံမှာ မကြာသေးခင်ကစလို့ ကျပ်ငွေတန်ဘိုး ကျဆင်းခဲ့တာကြောင့် စီးပွားရေး လုပ်ငန်းတွေအပေါ် ရိုက်ခတ်လာနေရာမှာ စားသုံးကုန် လုပ်ငန်းတွေလည်း ပါဝင် လာပါတယ်။ မြန်မာကျပ်ငွေနဲ့ လဲလှယ်ရာမှာ အမေရိကန် ဒေါ်လာတန်ဘိုး မြင့်လာတာကြောင့် တချို့စားသုံးကုန်တွေ တင်သွင်းရာမှာ အကန့်အသတ်တွေနဲ့လည်း ကြုံနေရတာပါ။ ငွေကြေး မတည်ငြိမ်တဲ့ အခြေအနေကြောင့် နောက်ဆက်တွဲ ကြုံနေရတဲ့ စားသောက်ကုန် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေနဲ့ စားသုံးသူ တချို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဝင်းမင်း ။. ။ မြန်မာနိုင်ငံမှာ မုံဖုတ်လုပ်ငန်းလုပ်ကိုင်သူ မခိုင် က...

မခိုင် (မုံဖုတ်လုပ်ငန်းပိုင်ရှင်) ။. ။ ကုန်ကြမ်းဈေးနှုန်းတွေ အတက်အကျကြမ်းတာပေါ့။ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့က ကုန်ကြမ်းတွေကို အများကြီးလည်း ဝယ်လှောင်ထားလို့မရသလို လိုအပ်မှ တလချင်းဝယ်ရသလို အခုနောက်လအတွက်ဝယ်ဖို့စ စီစဉ်တဲ့အချိန်က ကုန်ကြမ်းတွေ ဂျုံကအစ လေးသောင်းကနေ ခုနှစ်သောင်းခွဲဖြစ်သွားတာကအစ နိုင်ငံခြားသွင်းကုန် Jam တို့ ထောပတ်တို့ဆိုလို့ရှိရင်ဈေးနှုန်းအတက်အကျကြမ်းတော့ကြတော့ ဆိုင်တွေက အရောင်းဖွင့်မပေးတော့ဘူး။ ရေရှည်ရပ်တည်လာတဲ့ လုပ်ငန်းတခုအနေနဲ့က သဘောက ပေါင်မုံတခုကို တထောင်ရောင်းနေရာကနေ ချက်ချင်းကြီး ကုန်ကြမ်းတက်လို့ဆိုပြီး တထောင်ငါးရာ ပြောင်းရောင်းဖို့ မလွယ်ဘူးပေါ့နော်။ အရင်းကို ပြန်ရဖို့အတွက် တော်တော်ခဲခဲရင်းရင်းဖြစ်လာတာပေါ့။ စားသုံးသူအတွက် မငဲ့ပဲ ရောင်းမယ်ဆိုရင်တော့ တထောင်တန်မုံကနေ နှစ်ထောင်ဆိုပြီး ဆွဲတင်လိုက်ရင်တော့ အမြတ်ကျန်ချင်ကျန်မှာပေါ့။ ဒါပေမယ့် စားသုံးသူနည်းသွားမယ့်ဟာကိုလည်း ကိုယ်တွေက မလိုလားဘူးပေါ့။ ဒီကြားထဲမှာ ကျဉ်းထဲကြပ်ထဲ ပြသာနာစကြုံတွေ့နေရတာပေါ့။

ကိုဝင်းမင်း ။. ။ ဒါအပြင် ရန်ကုန်မှာ အသားကင်လုပ်ငန်းလုပ်ကိုင်သူ လူငယ် ကိုဝေမင်း ကလည်း

ကိုဝေမင်း (အသားကင်လုပ်ငန်းလုပ်ကိုင်သူ) ။. ။ ဂျုံနဲ့ပတ်သက်တာ ဈေးတက်သွားတယ်။ တနေ့ကပဲ ကျနော် ပလာတာဝယ်စားတာ ပုံမှန် ၂၅ဝ တန်က အခု ၅ဝဝတောင်ဖြစ်သွားတာ။ ၂ဆတက်သွားတာ။ ဈေးထဲမှာ ထိုင်းဖက်က လာတာတွေကို ဝယ်စားတာတွေဆို တော်တော်များများ ဈေးတက်သွားတာ။ ဒီတရက် ၂ရက်အတွင်းမှာ တထောင်ဝန်းကျင်တက်သွားတယ်။ ပုံမှန် ၈၀၀ တန်ပစ္စည်းက ထိုင်းဖက်က ပစ္စည်းက ၁၃ဝဝ လောက်တက်သွားတယ်။ အသားပြားတို့ ကြက်အူချောင်းတို့ ပုဇွန်လုံးတို့လေ။ ခုလောလောဆယ်မှာ ထိုင်းဖက် ကပစ္စည်းရောင်းနေတာပေါ့။ အရင်လို ပေါပေါလောလောနဲ့ ရောင်းမရတော့ဘူးပေါ့။ ဈေးတွေတက်တော့ သိပ်အဆင်မပြေဘူးပေါ့။ အရင်က မကြုံဖူးဘူး။ အခုမှကြုံဖူးတာ။

ကိုဝင်းမင်း ။. ။ အခုလိုအချိန်မှာ ဈေးထဲရောက်ခဲ့တဲ့ စီးပွားရေးနဲ့ ဘွဲ့ရခဲ့သူ မပိုပို က

မပိုပို ။. ။ သားငါးဈေးကတော့ ထွေထွေထူးထူးအရမ်းပြောင်းလဲသွားတာတော့ မရှိဘူး။ ဒါပေမယ့် နိုင်ငံခြားကဝင်တဲ့ ပစ္စည်းတွေပေါ့ ဒီချိစ် တို့ဘာတို့ ဈေးကြီးသွားတယ်။ ခေါက်ဆွဲခြောက်တွေဈေးကြီးတယ်။ ချီစ် က အရင်တုံးက ၃၅ဝဝတန်ကနေပြီး အခု ၄ဝဝဝ ။ ဝယ်ရင်းဈေးက နောက်ဆိုရင် ပြန်ပြီးဈေးကြီးမှာဖြစ်တဲ့အတွက် နောက်ထပ်ထပ်ဝင်ရင် ဈေးကြီးမှာလို့ပြောတယ်။ အွန်လိုင်းဆိုရှယ်မီဒီယာမှာတော့ လူတွေက စိုးရိမ်ပူပန်မှုတွေများကြတယ်။ စီးပွားရေးကို ဒီထက်ပိုဆိုးလာမှာကိုတော့ မျှော်လင့်ထားပြီးသား။ ဒါပေမယ် အခြေခံလူတန်းစားအတွက်က ပိုပြီး ဒုက္ခရောက်မယ်။ ကုန်ဈေးနှုန်းကလည်း အခုက စစချင်းမို့မတက်သေးတာ။ နောက်ဆိုပိုပြီးတော့ တက်တော့မယ်။ အခုဆိုလည်း အလုပ်တွေအများကြီး ပြုတ်ကြတယ်လေ။

ကိုဝင်းမင်း ။. ။ ဒါအပြင် တခြားစားကုန်တွေ ဈေးတက်လာပုံကိုလည်း အမည်မဖော်လိုတဲ့ အိမ်ရှင်မတဦး က

အိမ်ရှင်မတဦး ။. ။ ဆန်ဈေးကတော့ အစတုံးက တအိပ်ကို ခြောက်သောင်း ကျော်ကျော်လောက်ပဲရှိတယ်။ အခုဟာက ၇ သောင်း ကျော်သွားပြီ။ ဒီပြင် ပစ္စည်းတွေလည်း အကုန်လုံး ဈေးတက်တယ်။ ကြက်ဥပဲ နည်းနည်း ဈေးကွာတယ်။ စားအုန်းဆီက အစက ၄ထောင်ကနေ အခု ၅ ထောင်ဖြစ်သွားပြီ။ အကုန်တက်တယ်။ နံပြားတချပ် ၃ရာ။ အရင်က ၁၅၀ ၊၂ဝဝ ပဲရှိတယ်။ ဈေးသည်တွေက ကုန်ဈေးနှုန်းတွေက တက်တော့ ရောင်းမကောင်းဘူး ၊ ဝယ်သူတွေလည်း သိပ်မရှိဘူး။ အဲလိုမျိုး ပြောတာတွေတော့ ကြားခဲ့တယ်။ ဈေးတွေအရမ်းတက်တော့ မရှိဆင်းရဲသားတွေ ဘယ်လိုလုပ်ကြမလဲ။ ဈေးထဲမှာလည်း လူက မရှိသလောက်ဖြစ်နေကြတယ်။

ကိုဝင်းမင်း ။. ။ တချိန်တည်းမှာလည်း အဆင့်မြင့် ကုန်တိုက်တွေမှာ စားကုန်တွေ အကန့်အသတ်စဖြစ်လာပုံကိုလည်း သတင်းသင်တန်းဆရာ ကိုမြင့်ကျော် က

ကိုမြင့်ကျော် (သတင်းသင်တန်းဆရာ) ။. ။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှာ ကုန်ပစ္စည်း တမယ် နှစ်မယ်လေ။ တင့်ကျော် သောက်တဲ့ လဘက်ရည် လျော့နည်းနေလို့ဆိုပြီး တဦးလျှင် ၃ဗူးပဲယူပါလို့တော့ အဲလိုရေးထားတယ်။ ဒီဝေဇယန္တာ စီးတီးမတ် မှာလေ။

ကိုဝင်းမင်း ။. ။ တကယ်တော့ မြန်မာနိုင်ငံ စားသုံးသူဈေးကွက်မှာ ဒီနိုင်ငံခြားက တင်သွင်းလာတဲ့ စားကုန်တွေ များပြားလာတာနဲ့အမျှ အခုပြန်အကန့်အသတ်နဲ့ဆုံးရှုံးရမှာ ကို စိုးရိမ်နေကြပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG