သုံးရလွယ်ကူစေသည့် Link များ

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတာကြောင့်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေနဲ့ တတ်ကြွလှုပ်ရှားသူတွေက ကန့်ကွက်နေကြတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်မူကြမ်း ထွက်ပေါ်လာပါပြီ။

ဒီပြင်ဆင်ချက်မူကြမ်းဟာ ကန့်ကွက်သူတွေအတွက် ကျေနပ်လောက်စရာရှိပါသလား။ ကျေနပ်အားရစရာမရှိဘူးဆိုလည်း ဘာကြောင့်ပါသလဲ။ သောတရှင်တွေမှာရော ဒီဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ ခိုင်လုံတဲ့ အမြင်အယူအဆ ရှိပါသလား။ အင်္ဂါနေ့ညပိုင်းတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ မန္တလေးမြို့က ရှေ့နေကြီး ဦးသိန်းသန်းဦး၊ ကဗျာဆရာဆောင်းခနဲ့ ဆယ်သွယ်ရေးဥပဒေပြင်ဆင်ရေးနဲ့ ၆၆(ဃ)ဖျက်သိမ်းရေး ပူးပေါင်းအဖွဲ့က မဝေဖြိုးမြင့်တို့က ပင်တိုင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG