သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိက္ႀကီး ငလ်င္ ရန္ကုန္ကို ရိုက္ခတ္


(ဓါတ္ပံု -မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

(Zawgyi/Unicode)

ႏိုဝင္ဘာလ ၁၂ ရက္ မေန႔ အဂၤါေန႔ညက တုိက္ႀကီးအေနာက္ေတာင္ ၁၃ မိုင္အကြာမွာ ေျမေအာက္ အနက္ ၆ မိုင္ေက်ာ္ေလာက္မွာ ဗဟိုျပဳၿပီး ျပင္းအား ၄.၁ ရွိတဲ့ ငလ်င္တခု လႈပ္ခတ္သြားတာကို ရန္ကုန္တၿမိဳ႕လံုးနဲ႔ ပတ္ဝန္းက်င္က ခံစားသိရွိခဲ့ၾကရပါတယ္။

လက္ရွိမွာ ထိခိုက္ေသဆံုးမႈ ရွိမရွိ မသိရေသးေပမယ့္ ယိုင္ကုန္ေစာင္းကုန္တဲ့ အေဆာက္အဦးေတြ ရွိေနေၾကာင္း လူမႈမီဒီယာေတြမွာေတြ႔ေနရပါတယ္။ ဒီငလ်င္လႈပ္ခတ္မႈနဲ႔ ငလ်င္ေၾကာင့္ ယိုင္ကုန္တဲ့ အေဆာက္ဦးေတြနဲ႔ ပတ္သက္ၿပီး အင္ဂ်င္နီယာဘူမိေဗဒ ပညာရွင္ ဦးသိန္းပိုင္ကို ေဒၚခင္မ်ိဳးသက္က ဆက္သြယ္ေမးျမန္းတဲ့ အခါ အခုလို စေျပာပါတယ္။

ဦးသိန္းပိုင္။ ။ ရန္ကုန္တၿမိဳ႕လံုးနီးပါး ၊ ၿမိဳ႕နယ္ေတြအားလံုးနီးပါးက ငလ်င္လႈပ္တာကို သိရွိခံစားရတဲ့ သေဘာရွိတယ္။ သန္လ်င္ဘက္တို႔ ဘာတို႔ေလာက္အထိ အကုန္လံုးသိၾကတာကို။ အခု မိုးဇလေရာ ၊ ငလ်င္ေကာ္မတီကေရာေၾကညာတာက တိုက္ႀကီးၿမိဳ႕အေနာက္ေတာင္ဘက္ ၁၃ မိုင္အကြာ ဆိုၿပီးေတာ့မွ အဲဒီကို ဗဟိုျပဳၿပီး လႈပ္တယ္လို႔ ေျပာတယ္။ အဲဒီ တိုက္ႀကီးငလ်င္က အရင္တုန္းက ၂၀၁၇ ခုႏွစ္၊ မတ္လ ၁၃ ရက္ အဲဒီတုန္းကလည္း တခါ လႈပ္ဖူးတယ္။ အဲဒီတုန္းကေတာ့ တိုက္ႀကီးၿမိဳ႕အေနာက္ေတာင္ဘက္ ၅ မိုင္အကြာမွာ ဗဟိုျပဳတယ္လို႔ ေျပာတယ္။ အဲဒီတုန္းကေတာ့ ရစ်(ခ်)တာစကေး (၅.၈)။ ေနာက္ထပ္ ၂ နာရီေလာက္အၾကာ ထပ္ၿပီးေတာ့ လႈပ္တယ္ အဲဒီေနရာမွာပဲ ။ အဲဒါကေတာ့ တိုက္ႀကီးၿမိဳ႕အေရွ႕ေတာင္ဘက္ ၇ မိုင္အကြာေပါ့ အဲဒီတုန္းကေတာ့ ၄.၇ ေပါ့ေလ သူက တရက္တည္းမွာ ၂ ခုလႈပ္တာကို ေနရာနည္းနည္းေလး လြဲၿပီးေတာ့ အဲဒီတုန္းကေတာ့ အေဆာက္အဦးေတြလည္း ေတာ္ေတာ္ၿပိဳတယ္၊ လူေတြလည္း ထိခိုက္ဒဏ္ရာရတာတို႔ ဘာတို႔ အဲဒါမ်ိဳးရွိတယ္။ အခု ဒီည လႈပ္တဲ့ငလ်င္ကလည္း တိုက္ႀကီးၿမိဳ႕အေနာက္ေတာင္ဘက္ ၁၃ မိုင္ခန္႔အကြာ ဆိုေတာ့ တိုက္ႀကီးၿမိဳ႕အေနာက္ဘက္မွာ ျပတ္ေရြ႕ရွိတာကို ။ အဲဒီ ျပတ္ေရြ႕သေဘာေၾကာင့္ လႈပ္တယ္လို႔ပဲ ေျပာရမွာပဲေလ။

ေဒၚခင္မ်ိဳးသက္။ ။ အရင္လႈပ္တာနဲ႔ အခုလႈပ္တာနဲ႔ ဘာကြာသလဲ နည္းနည္းေျပာျပေပးပါ။

ဦးသိန္းပိုင္။ ။ အရင္တုန္းက လႈပ္တာေတြက်ေတာ့ ေဘးတိုက္သေဘာမ်ိဳး ခါရမ္းၿပီးေတာ့ လႈပ္တာေလ။ ပုခတ္လြဲသလိုမ်ိဳး ။ အခုက်ေတာ့ အေပၚေအာက္လႈပ္တဲ့သေဘာမ်ိဳး အသံေတြပါၾကားၿပီး တဒုန္းဒုန္းနဲ႔ ၃ ၊ ၄ ခ်က္ေလာက္ ေဆာင့္ၿပီး အလႈပ္ခံရတဲ့သေဘာမ်ိဳးရွိတယ္။ လႈပ္တဲ့ ပံုစံခ်င္းေတာ့ မတူဘူး။ သူက အသံေတြပါ ပါတဲ့သေဘာရွိတယ္။ နည္းနည္းေတာ့ ကြာတယ္။ ၄.၁ ဆိုတာ အလယ္အလတ္ေလာက္ရွိတာကို သိသာခံစားႏိုင္တဲ့ အေနအထားမ်ိဳးွရွိတယ္။ ငလ်င္ျပင္းအားကေလ။ အခုက်ေတာ့ အသံေတြပါ ၾကားရတယ္ ၊ အသံေတြပါ ပါလာတဲ့သေဘာရွိတယ္။ ခါတိုင္းလႈပ္တာ အသံေတြအဲဒီေလာက္မၾကားရဘူး။ ျပင္းအား အရမ္းမ်ားရင္ေတာ့ အသံေတြဘာေတြ ၾကားရမွာေပါ့ေနာ္။ ဒီျပင္းအားေလာက္နဲ႔ အရင္တုန္းကလႈပ္တာ အသံေတြဘာေတြ သိပ္မၾကားရဘူး။ ေဒါပံုတို႔ဘာတို႔မွာလည္း တိုက္ေတြဘာေတြ ေစာင္းသြားတယ္လို႔ေျပာတယ္။ သာေကတ တို႔ ေဒါပံုတို႔ဆိုတာကလည္း နဂိုက ေဖာင္ေဒးရွင္း ေပ်ာ့တဲ့ေနရာေတြေလ။ ေအာက္ခံေျမသားေပ်ာ့တဲ့ေနရာမွာ ရွိတဲ့ အေဆာက္အဦးေတြက ေျမသားပိုၿပီးေတာ့မွ ထိခိုက္မႈ ပိုရွိႏိုင္တာေပါ့။ ေဖာင္ေဒးရွင္းမေကာင္းတဲ့ တျခားအေဆာက္အဦးေတြလည္း အခုခ်က္ျခင္းမို႔လို မသိတာေနမွာ။ တခ်ိဳ႕ၿမဳိ႕နယ္ေတြမွာ ခုနေျပာသလို ေဒါပံုဘက္တို႔ ယုဇနပလာဇာအေရွ႕ဘက္ လမ္းမမွာ တခ်ိဳ႕အေဆာက္အဦးေတြေစာင္းတယ္ဆိုၿပီးေတာ့ က်ေနာ့္ကို ဖုန္းဆက္ၿပီး ေျပာၾကတဲ့လူေတြလည္း ရွိတယ္။

ေဒၚခင္မ်ိဳးသက္။ ။ အင္ဂ်င္နီယာဘူမိေဗဒ ပညာရွင္တေယာက္အေနနဲ႔ဆိုရင္ ရန္ကုန္ၿမိဳ႕ရဲ႕ အေဆာက္အဦး အေျခအေနေတြ နည္းနည္းေျပာျပေပးပါဦး။

ဦးသိန္းပိုင္။ ။ ရန္ကုန္ၿမိဳ႕ရဲ႕ အေဆာက္အဦး အေျခအေနကေတာ့ ကန္ထရိုက္တိုက္ဆိုၿပီးေတာ့ ၁၉၈၀ ေနာက္ပိုင္း ပံုစံအမ်ိဳးမ်ိဳးနဲ႔ ကန္ထိုက္တာေတြက ေဆာက္ခဲ့ၾကတာေပါ့ေလ။ အဲဒီတုန္းက ေသခ်ာႀကီးၾကပ္တာေတြဘာေတြ မရွိခဲ့ဘူး။ quality control ေတြဘာေတြလည္း သိပ္မရွိခဲ့ဘူး။ အရင္တုန္းက ကန္ထရိုက္တိုက္အေဟာင္းေတြရဲ႕ ႀကံ႕ခိုင္မႈကေတာ့ စဥ္းစားစရာအမ်ားႀကီး ရွိတာေပါ့ေလ။ ငလ်င္လႈပ္တဲ့အခါက်ေတာ့ ေဖာင္ေဒးရွင္းအားနည္းတဲ့အခါမွာ တိုက္တခုက ေစာင္းၿပီးေတာ့ ေနာက္ထပ္ တိုက္တခုကို သြားၿပီးေတာ့ မွီေနတဲ့ ပံုစံမ်ိဳး ျဖစ္သြားတာေပါ့ေနာ္။ ခ်က္ခ်င္းေတာ့ ၿပိဳမက်ႏိုင္ဘူးဆိုေပမယ့္ ဒီလိုျဖစ္သြားရင္ ဒီအေဆာက္အဦးက ေရရွည္မွာ အႏၱရာယ္ရွိမယ့္အေနအထားမ်ိဳးကို ေရာက္သြားတာေပါ့ အဲဒီအခါက်ေတာ့ အေဆာက္အဦးမွာ ေနေနတဲ့လူေတြေရာ အေဆာက္အဦးပိုင္ရွင္ေတြေရာ ၊ သက္ဆိုင္ရာ တာ၀န္ရွိတဲ့လူေတြေရာက ဒီအေဆာက္အဦးကို ဆက္ၿပီးေတာ့ လူေတြ ေနထိုင္သင့္ မေနထိုင္သင့္ ေသခ်ာ စစ္ေဆးၿပီးေတာ့ ဘယ္လို ျပန္ျပဳျပင္ရမလဲ ဒါမွမဟုတ္ လံုး၀ မေနထိုင္သင့္ေတာ့ဘူး အႏၱရာယ္ရွိတဲ့အေဆာက္အဦးအျဖစ္ ဒီမွာရွိတဲ့လူေတြကို တျခားတေနရာကို ေျပာင္းၿပီးေနဖို႔တို႔ဘာတို႔ အဲလိုမ်ိဳးလုပ္သင့္ရင္လည္း လုပ္ရမွာေပါ့ေနာ္။”

အင္ဂ်င္နီယာဘူမိေဗဒ ပညာရွင္ ဦးသိန္းပိုင္ကို ေဒၚခင္မ်ိဳးသက္က ဆက္သြယ္ေမးျမန္းထားတာပါ။

...........

တိုက်ကြီး ငလျင် ရန်ကုန်ကို ရိုက်ခတ်

(Zawgyi/Unicode)

နိုဝင်ဘာလ ၁၂ ရက် မနေ့ အင်္ဂါနေ့ညက တိုက်ကြီးအနောက်တောင် ၁၃ မိုင်အကွာမှာ မြေအောက် အနက် ၆ မိုင်ကျော်လောက်မှာ ဗဟိုပြုပြီး ပြင်းအား ၄.၁ ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားတာကို ရန်ကုန်တမြို့လုံးနဲ့ ပတ်ဝန်းကျင်က ခံစားသိရှိခဲ့ကြရပါတယ်။

လက်ရှိမှာ ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပေမယ့် ယိုင်ကုန်စောင်းကုန်တဲ့ အဆောက်အဦးတွေ ရှိနေကြောင်း လူမှုမီဒီယာတွေမှာတွေ့နေရပါတယ်။ ဒီငလျင်လှုပ်ခတ်မှုနဲ့ ငလျင်ကြောင့် ယိုင်ကုန်တဲ့ အဆောက်ဦးတွေနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာဘူမိဗေဒ ပညာရှင် ဦးသိန်းပိုင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့ အခါ အခုလို စပြောပါတယ်။

ဦးသိန်းပိုင်။ ။ ရန်ကုန်တမြို့လုံးနီးပါး ၊ မြို့နယ်တွေအားလုံးနီးပါးက ငလျင်လှုပ်တာကို သိရှိခံစားရတဲ့ သဘောရှိတယ်။ သန်လျင်ဘက်တို့ ဘာတို့လောက်အထိ အကုန်လုံးသိကြတာကို။ အခု မိုးဇလရော ၊ ငလျင်ကော်မတီကရောကြေညာတာက တိုက်ကြီးမြို့အနောက်တောင်ဘက် ၁၃ မိုင်အကွာ ဆိုပြီးတော့မှ အဲဒီကို ဗဟိုပြုပြီး လှုပ်တယ်လို့ ပြောတယ်။ အဲဒီ တိုက်ကြီးငလျင်က အရင်တုန်းက ၂၀၁၇ ခုနှစ်၊ မတ်လ ၁၃ ရက် အဲဒီတုန်းကလည်း တခါ လှုပ်ဖူးတယ်။ အဲဒီတုန်းကတော့ တိုက်ကြီးမြို့အနောက်တောင်ဘက် ၅ မိုင်အကွာမှာ ဗဟိုပြုတယ်လို့ ပြောတယ်။ အဲဒီတုန်းကတော့ ရဈ(ချ)တာစကေး (၅.၈)။ နောက်ထပ် ၂ နာရီလောက်အကြာ ထပ်ပြီးတော့ လှုပ်တယ် အဲဒီနေရာမှာပဲ ။ အဲဒါကတော့ တိုက်ကြီးမြို့အရှေ့တောင်ဘက် ၇ မိုင်အကွာပေါ့ အဲဒီတုန်းကတော့ ၄.၇ ပေါ့လေ သူက တရက်တည်းမှာ ၂ ခုလှုပ်တာကို နေရာနည်းနည်းလေး လွဲပြီးတော့ အဲဒီတုန်းကတော့ အဆောက်အဦးတွေလည်း တော်တော်ပြိုတယ်၊ လူတွေလည်း ထိခိုက်ဒဏ်ရာရတာတို့ ဘာတို့ အဲဒါမျိုးရှိတယ်။ အခု ဒီည လှုပ်တဲ့ငလျင်ကလည်း တိုက်ကြီးမြို့အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ ဆိုတော့ တိုက်ကြီးမြို့အနောက်ဘက်မှာ ပြတ်ရွေ့ရှိတာကို ။ အဲဒီ ပြတ်ရွေ့သဘောကြောင့် လှုပ်တယ်လို့ပဲ ပြောရမှာပဲလေ။

ဒေါ်ခင်မျိုးသက်။ ။ အရင်လှုပ်တာနဲ့ အခုလှုပ်တာနဲ့ ဘာကွာသလဲ နည်းနည်းပြောပြပေးပါ။

ဦးသိန်းပိုင်။ ။ အရင်တုန်းက လှုပ်တာတွေကျတော့ ဘေးတိုက်သဘောမျိုး ခါရမ်းပြီးတော့ လှုပ်တာလေ။ ပုခတ်လွဲသလိုမျိုး ။ အခုကျတော့ အပေါ်အောက်လှုပ်တဲ့သဘောမျိုး အသံတွေပါကြားပြီး တဒုန်းဒုန်းနဲ့ ၃ ၊ ၄ ချက်လောက် ဆောင့်ပြီး အလှုပ်ခံရတဲ့သဘောမျိုးရှိတယ်။ လှုပ်တဲ့ ပုံစံချင်းတော့ မတူဘူး။ သူက အသံတွေပါ ပါတဲ့သဘောရှိတယ်။ နည်းနည်းတော့ ကွာတယ်။ ၄.၁ ဆိုတာ အလယ်အလတ်လောက်ရှိတာကို သိသာခံစားနိုင်တဲ့ အနေအထားမျိုးှရှိတယ်။ ငလျင်ပြင်းအားကလေ။ အခုကျတော့ အသံတွေပါ ကြားရတယ် ၊ အသံတွေပါ ပါလာတဲ့သဘောရှိတယ်။ ခါတိုင်းလှုပ်တာ အသံတွေအဲဒီလောက်မကြားရဘူး။ ပြင်းအား အရမ်းများရင်တော့ အသံတွေဘာတွေ ကြားရမှာပေါ့နော်။ ဒီပြင်းအားလောက်နဲ့ အရင်တုန်းကလှုပ်တာ အသံတွေဘာတွေ သိပ်မကြားရဘူး။ ဒေါပုံတို့ဘာတို့မှာလည်း တိုက်တွေဘာတွေ စောင်းသွားတယ်လို့ပြောတယ်။ သာကေတ တို့ ဒေါပုံတို့ဆိုတာကလည်း နဂိုက ဖောင်ဒေးရှင်း ပျော့တဲ့နေရာတွေလေ။ အောက်ခံမြေသားပျော့တဲ့နေရာမှာ ရှိတဲ့ အဆောက်အဦးတွေက မြေသားပိုပြီးတော့မှ ထိခိုက်မှု ပိုရှိနိုင်တာပေါ့။ ဖောင်ဒေးရှင်းမကောင်းတဲ့ တခြားအဆောက်အဦးတွေလည်း အခုချက်ခြင်းမို့လို မသိတာနေမှာ။ တချို့မြို့နယ်တွေမှာ ခုနပြောသလို ဒေါပုံဘက်တို့ ယုဇနပလာဇာအရှေ့ဘက် လမ်းမမှာ တချို့အဆောက်အဦးတွေစောင်းတယ်ဆိုပြီးတော့ ကျနော့်ကို ဖုန်းဆက်ပြီး ပြောကြတဲ့လူတွေလည်း ရှိတယ်။

ဒေါ်ခင်မျိုးသက်။ ။ အင်ဂျင်နီယာဘူမိဗေဒ ပညာရှင်တယောက်အနေနဲ့ဆိုရင် ရန်ကုန်မြို့ရဲ့ အဆောက်အဦး အခြေအနေတွေ နည်းနည်းပြောပြပေးပါဦး။

ဦးသိန်းပိုင်။ ။ ရန်ကုန်မြို့ရဲ့ အဆောက်အဦး အခြေအနေကတော့ ကန်ထရိုက်တိုက်ဆိုပြီးတော့ ၁၉၈၀ နောက်ပိုင်း ပုံစံအမျိုးမျိုးနဲ့ ကန်ထိုက်တာတွေက ဆောက်ခဲ့ကြတာပေါ့လေ။ အဲဒီတုန်းက သေချာကြီးကြပ်တာတွေဘာတွေ မရှိခဲ့ဘူး။ quality control တွေဘာတွေလည်း သိပ်မရှိခဲ့ဘူး။ အရင်တုန်းက ကန်ထရိုက်တိုက်အဟောင်းတွေရဲ့ ကြံ့ခိုင်မှုကတော့ စဉ်းစားစရာအများကြီး ရှိတာပေါ့လေ။ ငလျင်လှုပ်တဲ့အခါကျတော့ ဖောင်ဒေးရှင်းအားနည်းတဲ့အခါမှာ တိုက်တခုက စောင်းပြီးတော့ နောက်ထပ် တိုက်တခုကို သွားပြီးတော့ မှီနေတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့နော်။ ချက်ချင်းတော့ ပြိုမကျနိုင်ဘူးဆိုပေမယ့် ဒီလိုဖြစ်သွားရင် ဒီအဆောက်အဦးက ရေရှည်မှာ အန္တရာယ်ရှိမယ့်အနေအထားမျိုးကို ရောက်သွားတာပေါ့ အဲဒီအခါကျတော့ အဆောက်အဦးမှာ နေနေတဲ့လူတွေရော အဆောက်အဦးပိုင်ရှင်တွေရော ၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေရောက ဒီအဆောက်အဦးကို ဆက်ပြီးတော့ လူတွေ နေထိုင်သင့် မနေထိုင်သင့် သေချာ စစ်ဆေးပြီးတော့ ဘယ်လို ပြန်ပြုပြင်ရမလဲ ဒါမှမဟုတ် လုံး၀ မနေထိုင်သင့်တော့ဘူး အန္တရာယ်ရှိတဲ့အဆောက်အဦးအဖြစ် ဒီမှာရှိတဲ့လူတွေကို တခြားတနေရာကို ပြောင်းပြီးနေဖို့တို့ဘာတို့ အဲလိုမျိုးလုပ်သင့်ရင်လည်း လုပ်ရမှာပေါ့နော်။”

အင်ဂျင်နီယာဘူမိဗေဒ ပညာရှင် ဦးသိန်းပိုင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားတာပါ။

တုိက္ႀကီး ငလ်င္ ရန္ကုန္ကို ရိုက္ခတ္
please wait

No media source currently available

0:00 0:04:07 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG