သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စီးပွားလွတ်လပ်ခွင့် အနည်းဆုံး


မြန်မာနိုင်ငံ စီးပွားလွတ်လပ်ခွင့် အနည်းဆုံး
မြန်မာနိုင်ငံ စီးပွားလွတ်လပ်ခွင့် အနည်းဆုံး

ကမ္ဘာတလွှား စီးပွားရေး လွတ်လပ်ခွင့်တွေကို တိုင်းတာတဲ့ နှစ်စဉ် ဆန်းစစ်ချက်တခုမှာ မြန်မာနိုင်ငံဟာ အဆင့်နိမ့်ဆုံး နိုင်ငံအဖြစ် ဖော်ပြလိုက်ပါတယ်။

ထင်ရှားတဲ့ စီးပွားရေးစာစောင် တခုဖြစ်တဲ့ The Wall Street ဂျာနယ်နဲ့ ဝါရှင်တန် အခြေစိုက် Heritage Foundation တို့က ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ၂၀၁၁ ခုနှစ်အတွက် စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်းရဲ့ အဆင့်သတ်မှတ်ရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၁၇၉ နိုင်ငံအနက် အဆင့် ၁၇၄ နေရာ၊ အာရှ၊ ပစိဖိတ်ဒေသ အနေနဲ့ ဆိုရင်တော့ စီးပွားရေး လွတ်လပ်ခွင့် မရှိတဲ့ နေရာမှာ မြန်မာနိုင်ငံဟာ နောက်ဆုံးကနေ ဒုတိယနေရာမှာသာ ရှိပါတယ်။

ကုန်ထုတ်လုပ်မှုတွေအပေါ် ထိခိုက်လောက်အောင် ပုဂ္ဂလိကပိုင် ကဏ္ဍကို အလေးမထားတာ၊ အစိုးရရဲ့ ထိန်းချုပ်မှုတွေ ကြီးမားတာတွေသာမက နှစ်ပေါင်းများစွာ ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွေမှာ ညံ့ဖျင်းတာ၊ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ကျကျနန မရှိတာတွေက စီးပွားရေး လွတ်လပ်ခွင့် နိမ့်ကျရတဲ့ အခြေခံ အကြောင်းတရားတွေ ဖြစ်စေတယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အာရှ၊ ပစိဖိတ် တိုင်းပြည်တွေနဲ့ ဒေသတွေထဲမှာ ထိပ်ဆုံး ၄ နေရာမှာ ရှိနေတာကတော့ ဟောင်ကောင်၊ စင်ကာပူ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့ ဖြစ်ပါတယ်။

ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်တုန်းက တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်း ပေးခဲ့တဲ့နောက် နိုင်ငံရေးနဲ့ စီးပွားရေး လွတ်လပ်ခွင့်တွေအပေါ် ထိခိုက်မှုတွေ ရှိမှာကို စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့လည်း ဟောင်ကောင်ဟာ ၁၇ နှစ်လုံးလုံး ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာပါ။

XS
SM
MD
LG