သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ မြန်မာ့ စီးပွား တိုးတက်မှု အားကောင်းမည်


팔레스타인 자치령인 가자지구에서 이스라엘군의 공습이 있은 후 팔레스타인인들이 무너진 건물 잔해 주위에 모여있다. 팔레스타인 가자지구에서 이틀 동안 교전을 벌인 이스라엘과 무장 정파 하마스가 휴전에 합의한 것으로 알려졌다.
팔레스타인 자치령인 가자지구에서 이스라엘군의 공습이 있은 후 팔레스타인인들이 무너진 건물 잔해 주위에 모여있다. 팔레스타인 가자지구에서 이틀 동안 교전을 벌인 이스라엘과 무장 정파 하마스가 휴전에 합의한 것으로 알려졌다.

မြန်မာနိုင်ငံမှာ အခုနှစ် ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ စီးပွားရေး တိုးတက်မှုတွေ ရမယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခန့်မှန်းသုံးသပ်ကြချိန်မှာ NLD အစိုးရအနေနဲ့ အခွင့်အလမ်းကောင်းတွေကို အသုံးချနိုင်ဖို့ ထိရောက်တဲ့ စီးပွားရေး မူဝါဒတွေ ချမှတ်ပြီး အကောင်အထည်ဖော်နိုင်ဖို့ စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့ ဝါရှင်တန် ဒီစီ အခြေစိုက် စီးပွားရေး ပညာရှင်တွေက သုံးသပ်ပါတယ်။ ဒီအကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အင်အားကောင်းကောင်းနဲ့ တိုးတက်လာပြီး၊ နိုင်ငံ ဂျီဒီပီရဲ့ ၈.၄ ရာခိုင်နှုန်းအထိ တိုးတက် လိမ့်မယ့်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB တို့ က ခန့်မှန်းထားပါတယ်။

ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသ ဌာနခွဲက Chief Economist ဖြစ်တဲ့ Sudhir Shetty က အခုနှစ် မြန်မာနိုင်ငံမှာ ပက်သက်ပြီး၊ အစိုးရသစ်ကို အာဏာလွဲပြောင်းမှု ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားတာဟာ နိုင်ငံရဲ့ စီးပွားရေးအပေါ် အကောင်းမြင်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။ အခုနှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအပေါ် ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းသုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး သူက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

” မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ပက်သက်ပြီး အကောင်းမြင် ခန့်မှန်းထားရတဲ့ အကြောင်းရင်း နှစ်ချက်ရှိပါတယ်။ တခုကတော့ နိုင်ငံရေး အခြေအနေပါ။ မြန်မာနိုင်ငံရဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်းမှုက ထင်ထားတာထက်ပိုပြီး ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားတာ မြင်ခဲ့ရပါတယ်။ ဒီလို နိုင်ငံရေးအရ သေချာမှု ရှိလာတာကြောင့် အားကောင်းတဲ့ စီးပွားရေး ဖြစ်လာဖို့ အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာဖို့ရှိနေတာကြောင့်ပါ။ အထူးသဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးမှာပါ။ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တာ နဲ့ ဖြန့်ဖြူး အသုံးပြုမှု အကြား ကြီးမားတဲ့ ကွာဟချက်ဖြစ်နေတာကို ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။ ဒီအခြေအနေတွေ အားလုံးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့်နှစ်တွေမှာ အားကောင်းကောင်းနဲ့ တိုးတက်လာဖို့ ရှိနေပါတယ်။”

စီးပွားရေးနဲ့ ပတ်သက်ရင် NLD အစိုးရသစ်အနေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် စိန်ခေါ်မှုအချို့ကိုလည်း မစ္စတာ Sudhir Shetty က အခုလို အကြံပြု ပြောဆိုခဲ့ပါတယ်။

“အစိုးရအနေနဲ့ ငွေကြေးကဏ္ဍမှာ စိန်ခေါ်မှုတွေ အများကြီး ကြုံရနိုင်ပါတယ်။ အခုအချိန်မှာ အစိုးရသစ်အနေနဲ့ အများပြည်သူ ဝန်ဆောင်မှုကဏ္ဍနဲ့ အခြေခံ အဆောက်အဦး တည်ဆောက်တာလိုမျိုး နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တောင်းဆို တာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် အစိုးရဘက်က အခွန် ဘဏ္ဍာငွေ ကောက်ခံရရှိမှုက အရမ်းကို နည်းနေပါသေးတယ်။”

မြန်မာနိုင်ငံရေး စီးပွားရေး အခြေအနေကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ဝါရှင်တန် ဒီစီ အခြေစိုက် Brooking Institution အဖွဲ့က စီးပွားရေး ပညာရှင် Lex Reiffel ကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု မြန်မာနိုင်ငံမှာ မပြီးပြတ်သေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ အောင်မြင်မှုဟာ လာမယ့် ငါးနှစ်အတွင်း နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုအပေါ် သက်ရောက်မှု ရှိနိုင်တဲ့အကြောင်း ခုလို ပြောပါတယ်။

“NLD အစိုးရအနေနဲ့ အဓိက ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပါ။ ဒါက မြန်မာနိုင်ငံအတွက် တစ်ခုတည်းသော တည်ရှိနေတဲ့ ပြဿနာဖြစ်ပါတယ်။ လာမယ့် ငါးနှစ်တာ ကာလအတွင်း NLD အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင် ပြီးဆုံး၊ ရေရှည် ငြိမ်းချမ်းရေး ရအောင်ယူနိုင်ဖို့ အရေးကြီးပါတယ်။ ”

ပြီးခဲ့တဲ့ ဇန်နဝါရီလက စီးပွားရေး ပညာရှင် Lex Reiffel ရေးသားခဲ့တဲ့ “မြန်မာနိုင်ငံရဲ့ စီးပွားရေးကို NLD အနေနဲ့ ပြုပြင်ပြောင်းလဲနိုင်မလား” “Can the NLD reform Myanmar’s economy” ဆိုတဲ့ ဆောင်းပါးမှာ NLD အစိုးရရဲ့ စီးပွားရေး ရည်မှန်းချက်တွေ ပြည့်မှီဖို့အတွက် အချက်နှစ်ချက်က လွှမ်းမိုးမှုရှိလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

ပထမအချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးတိုးတက်မှုဟာ သဘာ၀ သယံဇာတတွေ ထုတ်ယူတဲ့ လုပ်ငန်းတွေ အပေါ်မှာ မှီခိုနေပြီး၊ NLD အစိုးရ ရည်မှန်းထားသလို စိုက်ပျိုးရေးကို အခြေခံပြီး ကျယ်ပြန့်တဲ့ စီးပွားရေး တိုးတက်မှုတွေ ဖြစ်လာဖို့ဆိုတာက နောက်ငါးနှစ်အတွင်း မလွယ်ကူသေးတဲ့အတွက်၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ရဖို့အတွက် စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်မှုရှိမရှိဆိုတာဟာ နိုင်ငံ့စီးပွားရေးအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ဒါ့အပြင် ဒုတိယအချက်အနေနဲ့ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တရားတွေရဲ့ စွမ်းဆောင်မှု မကောင်းတာကလဲ NLD ရဲ့ စီးပွားရေး မူဝါဒတွေအကောင်အထည်ဖော်ရာမှာ သက်ရောက်မှု ရှိလိမ့်မယ်လို့ သူက ပြောပါတယ်။ အရင်အစိုးရလက်ထက်မှာ ဆယ်စုနှစ်တွေတော်တော်များများကြာအောင် လူထုရဲ့ ပညာရေး မြင့်မားရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို လျှစ်လျူရှခံခဲ့ရတာကြောင့်အပြင်၊ ပြည်ပ အစိုးရနဲ့ အဖွဲ့အစည်းတွေကလည်း အတိုက်အခံနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အားကောင်းဖို့ကိုပဲ အာရုံစိုက်ပြီး ကူညီထောက်ခံခဲ့ကြတာကြောင့် အစိုးရ ယန္တရားတွေရဲ့ စွမ်းဆောင်မှု အားနည်းနေတာဖြစ်တယ်လို့ မစ္စတာ Lex Reiffel က သုံးသပ်ထားပါတယ်။

XS
SM
MD
LG