သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့ EU အဖွဲ့လေ့လာချက်

Election observers from the European Union at a polling station in Yangon, Myanmar, Nov. 8, 2015.
Election observers from the European Union at a polling station in Yangon, Myanmar, Nov. 8, 2015.

ဒီကနေ့ မဲပေးပွဲတွေဟာ မျှတမှုရှိရဲ့လား လွတ်လပ်မှု ရှိရဲ့လားလို့
နိုင်ငံတကာ ကိုယ်စားလှယ်တွေလဲ မြန်မာနိုင်ငံ နေရာတော်တော်များများကို
သွားရောက် လေ့လာနေကြပါတယ်၊ EU ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာရေး EOM
အဖွဲ့အကြီးအကဲ Alexander Graf Lambsdorff က သူတို့အဖွဲ့အနေနဲ့ ဘာတွေကို
အဓိကထား လေ့လာနေသလဲဆိုတာကို ပြာကြားခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲဟာ တကယ်စစ်မှန်သလား၊ ပြည်သူတွေက သူတို့ဆန္ဒအတိုင်း
တကယ်ရွေးချယ်နိုင်ခွင့်ရကြသလား၊ အနှောင့်အယှက်ကင်းကင်းနဲ့
လွတ်လွတ်လပ်လပ် မဲပေးနိုင်ကြရဲ့လားဆိုတာကို သူတို့အနေနဲ့
စောင့်ကြည့်နေတာဖြစ်တယ်" လို့EU ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ အကြီးအကဲက
ပြောခဲ့တာဖြစ်ပါတယ်၊

မဲပေးနိုင်ဖို့ မဲလက်မှတ်တွေ၊ တံဆိပ်တုံးတွေ၊
မဲဆန္ဒရှင်စာရင်း စတာတွေနဲ့ ပါတ်သက်လို့လဲ လေ့လာသုံးသပ်ကြမှာဖြစ်ပါတယ်၊
ရန်ကုန်မြို့မဲရုံတွေဖွင့်ချိန်မှာ သူတေ့ွရ မြင်ရသလောက်ကတော့
စနစ်တကျရှိပါတယ်လို့လဲ EU လေ့လာရေးအကြီးအကဲကဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG