သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကို EU က ေငြမည္းခ၀ါခ်မႈ အမည္မည္းစာရင္းထဲ ထည့္သြင္းရတာ ဘာေၾကာင့္လဲ


(Zawgyi/Unicode)

ျမန္မာ့ဘဏ္လုပ္ငန္း ဥပေဒ အားနည္းခ်က္ဟာ ဥေရာပသမဂၢအတြက္ ဘယ္လို အႏၲရာယ္ ရွိေနလဲ။ ဘာေၾကာင့္ ျမန္မာကို ေငြမည္းခဝါခ်မႈနာမည္ပ်က္ စာရင္းမွာ ဥေရာပေကာ္မရွင္က ထည့္သြင္း ခဲ့တာလဲ။

ဥေရာပေကာ္မရွင္က အခုလို ဘဏ္လုပ္ငန္းနဲ႔ ေငြေၾကးဆိုင္ရာ အႏၲရာယ္ရွိတဲ့ ႏိုင္ငံစာရင္းထဲ ျမန္မာကို ထည့္သြင္းလိုက္တဲ့အတြက္ ျမန္မာ့ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ထိခိုက္မႈေတြရွိမွာျဖစ္သလို၊ ေဒၚေအာင္ဆန္းစုၾကည္အစိုးရအတြက္လည္း သိကၡာက်ဆင္းေစတယ္လို႔ Burma Campaign UK အဖြဲ႕ရဲ႕ အမႈေဆာင္ၫြန္ၾကားေရးမႉး Mark Farmaner က ဗီြအိုေအကို ေျပာပါတယ္။ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

ေငြမည္း ခဝါခ်မႈွနဲ႔ အၾကမ္းဖက္ အဖြဲ႕ေတြေငြေၾကးေထာက္ပံ့မႈတို႔ကို ျပင္းျပင္းထန္ထန္ တိုက္ဖ်က္ႏိုင္ေရး ဥေရာပ ေကာ္မရွင္က အေရးယူေဆာင္႐ြက္မယ့္အထဲမွာ သူတို႔ ဘ႑ာေရးစနစ္အတြက္ အႏၲရာယ္ရွိတဲ့ ႏိုင္ငံ ၁၂ ႏိုင္ငံ စာရင္းအသစ္ကို ေမလ (၇) ရက္ေန႔က ထုတ္ျပန္ခဲ့ရာမွာ ျမန္မာႏိုင္ငံလည္း ပါဝင္ခဲ့ပါတယ္။

ျမန္မာလို ဖြံၿဖိဳးဆဲႏိုင္ငံမွာ ဘဏ္လုပ္ငန္း ဆိုင္ရာအားနည္းခ်က္ေၾကာင့္ အၾကမ္းဖက္မႈ၊ ဒါမွမဟုတ္ ရာဇဝတ္က်ဴးလြန္ၿပီး ရထားတဲ့ ေငြေတြကို ေငြေျပာင္းေငြလွဲ လုပ္ႏိုင္တဲ့အတြက္ ဥေရာပႏိုင္ငံေတြကိုၿခိမ္းေျခာက္မႈ အလားအလာရွိေနတာေၾကာင့္ ေငြမည္း ခဝါခ်မႈစာရင္းေတြကို ထည့္သြင္းခဲ့တာျဖစ္တယ္လို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားေနတဲ့ Burma Campaign UK အဖြဲ႕ရဲ႕ အမႈေဆာင္ၫြန္ၾကားေရးမႉး Mark Farmaner က သုံးသပ္ပါတယ္။

"၂၀၁၈ခုႏွစ္က ခ်မွတ္ခဲ့တဲ့ အီးယူ ဘဏ္လုပ္ငန္းဆိုင္ရာ စည္းမ်ဥ္းစည္းကမ္း အသစ္ေတြနဲ႔ ညီမညီျမန္မာႏိုင္ငံက ဘဏ္လုပ္ငန္း ဥပေဒ စည္းမ်ဥ္းစည္းကမ္းေတြကို ဥေရာပ ေကာ္မရွင္က သုံးသပ္ရာမွာ အားနည္းခ်က္ေတြ ရွိေနတယ္ဆိုတာကိုေတြ႕ရွိခဲ့တာပါ။ အၾကမ္းဖက္သမားေတြ ဒါမွမဟုတ္ မူးယစ္ေဆးေရာင္းဝယ္သူေတြ ဒါမွမဟုတ္ အျခား ရာဇဝတ္က်ဴးလြန္သူေတြကေန ျမန္မာရဲ႕ဘဏ္စနစ္ အားနည္းခ်က္ကို အသုံးခ်ၿပီး သူတို႔ရဲ႕ ေငြမည္းေတြကို ေငြျဖဴျဖစ္ေအာင္ အလြယ္တကူ လုပ္ႏိုင္ခဲ့ပါတယ္။ သူတို႔မွာ တရားမဝင္ပိုက္ဆံေတြရွိေနတယ္ဆိုရင္ ျမန္မာႏိုင္ငံက ဘဏ္ထဲမွာ အဲဒီပိုက္ဆံေတြကို ထည့္ၿပီး သန႔္ရွင္းတဲ့ေငြအျဖစ္ သုံးႏိုင္ဖို႔ ျပင္ပႏိုင္ငံေတြကို ေငြေၾကးလြဲွဲေျပာင္းႏိုင္ပါတယ္။ တကယ္လို႔ ရာဇဝတ္က်ဴးလြန္သူေတြဆိုရင္ေတာ့ ဒီပိုက္ဆံကို အေပ်ာ္စီး႐ြက္ေလွ လိုမ်ိဳး ဝယ္စီးႏိုင္ပါတယ္။ တကယ္လို႔ အၾကမ္းဖက္အဖြဲ႕အစည္းဆိုရင္ေတာ့ ဗုံးေတြ ဝယ္ယူႏိုင္ပါတယ္။ ဒါေၾကာင့္ဒီလိုဘဏ္လုပ္ငန္းဆိုင္ရာ အားနည္းခ်က္ကို အသုံးျပဳေနတဲ့ ရာဇဝတ္က်ဴးလြန္သူေတြနဲ႔ အၾကမ္းဖက္အဖြဲ႕အစည္းေတြကေန ဥေရာပႏိုင္ငံေတြဆီ ေငြေၾကးလႊဲေျပာင္းမႈေတြလု ပ္လာမယ့္ကိစၥ အလြန္အႏၲရာယ္ႀကီးတယ္လို႔ ဥေရာပေကာ္မရွင္က သုံးသပ္တာပါ။"

ဒီလို ေငြမည္းခဝါခ်မႈ အႏၲရာယ္စာရင္းမွာ ျမန္မာကို ထည့္သြင္းျခင္းအားျဖင့္ ဥေရာပေကာ္မရွင္က ဘ ာေတြေမွ်ာ္လင့္ထားသလဲ။

Mark Farmaner ရဲ႕ အျမင္ကေတာ့

"ဥေရာပေကာ္မရွင္ဘက္ကေမွ်ာ္လင့္ထားတာ ႏွစ္ခ်က္ရွိပါတယ္။ ပထမတခ်က္ကေတာ့ ျမန္မာႏိုင္ငံဟာ ဘ႑ာေရးစနစ္အားနည္းၿပီး အႏၲရာယ္ရွိတဲ့ ႏိုင္ငံစာရင္းထဲမွာ ပါေနတာေၾကာင့္ျမန္မာနဲ႔ ဖက္စပ္လုပ္ကိုင္ေနတဲ့ ဥေရာပ ဘဏ္ေတြအားလုံး၊ ကုမၸဏီအားလုံးအေနနဲ႔ သူတို႔နဲ႔ လုပ္ကိုင္ေနသူေတြ၊လုပ္ငန္းေတြဟာ ရာဇဝတ္ က်ဴးလြန္မႈေတြနဲ႔ ပတ္သက္မႈမရွိဘူးဆိုတာ ေသခ်ာေစေရး ပိုမို စစ္ေဆးလုပ္ေဆာင္ဖို႔ လိုအပ္လာပါတယ္။ ဒုတိယအခ်က္ကေတာ့ ျမန္မာအစိုးရအေနနဲ႔ သူ႔ရဲ႕ဥပေဒေတြကို ေျပာင္းလဲလိမ့္မယ္လို႔ ဥေရာပေကာ္မရွင္က ေမွ်ာ္လင့္တာပါ။"

ဒါအျပင္ ဥေရာပေကာ္မရွင္ဘက္က ဒီလိုအေရးယူေဆာင္႐ြက္တာေတြမတိုင္ခင္မွာ ျမန္မာႏိုင္ငံက ဘဏ္လုပ္ငန္းစနစ္အားနည္းခ်က္ေတြနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရနဲ႔ ေဆြးေႏြးၿပီး အေျပာင္းအလဲေတြလုပ္ဖို႔ တိုက္တြန္းခဲ့ေပမယ့္ ျမန္မာဘက္က လိုက္နာ လုပ္ေဆာင္ႏိုင္ခဲ့ဲျခင္း မရွိဘူးဆိုတာ အထင္အရွားေတြ႕ရေၾကာင္း Mark Farmaner ကေျပာပါတယ္။

" ျမန္မာအေနနဲ႔ ကိုယ့္ႏိုင္ငံရဲ႕ စီးပြားေရးလုံၿခဳံမႈရွိေအာင္ စည္းမ်ဥ္းစည္းကမ္းေတြလိုက္နာေရးမွာ ျမန္မာဘက္က လုပ္ေဆာင္ႏိုင္ျခင္းမရွိတဲ့အတြက္ သူတို႔အေနနဲ႔ စိုးရိမ္မကင္းျဖစ္ေၾကာင္း ဥေရာပေကာ္မရွင္က ျမန္မာအစိုးရကို ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ျမန္မာဘက္က ဒီကိစၥနဲ႔ ပတ္သက္လို႔ ဘာမွမလုပ္ခဲ့ပါဘူး။ ဒါေၾကာင့္ ဥေရာပေကာ္မရွင္က ျမန္မာကို အႏၲရာယ္ရွိတဲ့ႏိုင္ငံစာရင္းထဲကို သြင္းခဲ့တာျဖစ္ပါတယ္။"

ဒီလို အမည္မည္းစာရင္းထည့္သြင္းခံရတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံေရးမွာ အခက္အခဲေတြ ျဖစ္ေစၿပီး၊ ေဒၚေအာင္ဆန္းစုၾကည္အရပ္သားအစိုးရအတြက္ လည္း ဂုဏ္သိကၡာထိခိုက္ေစတယ္လို႔ Mark Farmaner ကေျပာပါတယ္။

၂၀၁၈ခုႏွစ္ကစၿပီး ဥေရာပသမဂၢက သူတို႔ရဲ႕ ဘဏ္၊ ေငြေၾကးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းအသစ္ေတြ ျပဌာန္းၿပီးေနာက္ပိုင္း ဘဏ္ ဥပေဒအားနည္းတဲ့ ႏိုင္ငံေတြကို အခုလိုမ်ိဳး မၾကာခဏ စာရင္းထုတ္ျပန္ခဲ့တာပါ။ အဲဒီစာရင္းမွာပါတဲ့ ႏိုင္ငံေတြအေနနဲ႔ ဒီလို အႏၲရာယ္ရွိတဲ့ ႏိုင္ငံစာရင္းကေန ပယ္ဖ်က္ႏိုင္ဖို႔ သူတို႔ရဲ႕ ဥပေဒေတြကို အသစ္ေျပာင္းလဲ ျပဌာန္းၿပီး ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ခဲ့တာေတြ ရွိတယ္လို႔ Mark Farm ကဆိုပါတယ္။

ဥေရာပသမဂၢရဲ႕ ဘဏ္နဲ႔ ေငြေၾကးလုပ္ငန္းေတြမွာ အႏၲရာယ္ရွိတဲ့ ႏိုင္ငံစာရင္းမွာ ျမန္မာအပါအဝင္ Bahamas, Barbados, Botswana, Cambodia, Ghana, Jamaica, Mauritius, Mongolia, Nicaragua, Panama နဲ႔ Zimbabwe စတဲ့ ၁၂ ႏိုင္ငံကို ၿပီးခဲ့တဲ့ သတင္းပတ္က သတ္မွတ္ခဲ့ေပမယ့္ တခ်ိန္တည္းမွာပဲ အရင္က သတ္မွတ္ခံထားရတဲ့ ႏိုင္ငံတခ်ိဳ႕ကို ပယ္ဖ်က္ခဲ့တဲ့ အထဲမွာ လာအိုစ္၊ သီရိလကၤာ ၊ အီသီယိုပီးယား စတဲ့ ေျခာက္ႏိုင္ငံ ပါဝင္ပါတယ္။

အခုလို ဥေရာပေကာ္မရွင္က ျမန္မာႏိုင္ငံကို အႏၲရာယ္ရွိတဲ့ စာရင္းမွာ ထည့္သြင္းခဲ့တဲ့ကိစၥဟာ စီးပြားေရးအရ အေရးယူပိတ္ဆို႔တာလည္းမဟုတ္သလို လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ ႏိုင္ငံေရး စတာေတြနဲ႔ ဘာမွ မသက္ဆိုင္ဘူးလို႔ Mark Farmaner ကဆိုပါတယ္။။ ဒါဟာ စီးပြားေရးအရ လုံၿခဳံမႈရွိေရးမွာ စည္းမ်ဥ္းစည္းကမ္းေတြ လိုအပ္ေနတာေၾကာင့္ ျဖစ္ၿပီး ျမန္မာအေနနဲ႔ ဘဏ္လုပ္ငန္းဆိုင္ရာ အားနည္းခ်က္ေတြကို ျပဳျပင္ေျပာင္းလဲႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း Mark Farmaner ကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

မြန်မာကို EU က ငွေမည်းခဝါချမှု အမည်မည်းစာရင်းထဲ ထည့်သွင်းရတာ ဘာကြောင့်လဲ

(Unicode)

မြန်မာ့ဘဏ်လုပ်ငန်း ဥပဒေ အားနည်းချက်ဟာ ဥရောပသမဂ္ဂအတွက် ဘယ်လို အန္တရာယ် ရှိနေလဲ။ ဘာကြောင့် မြန်မာကို ငွေမည်းခဝါချမှုနာမည်ပျက် စာရင်းမှာ ဥရောပကော်မရှင်က ထည့်သွင်း ခဲ့တာလဲ။

ဥရောပကော်မရှင်က အခုလို ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းထဲ မြန်မာကို ထည့်သွင်းလိုက်တဲ့အတွက် မြန်မာ့ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ထိခိုက်မှုတွေရှိမှာဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရအတွက်လည်း သိက္ခာကျဆင်းစေတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ငွေမည်း ခဝါချမှုှနဲ့ အကြမ်းဖက် အဖွဲ့တွေငွေကြေးထောက်ပံ့မှုတို့ကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နိုင်ရေး ဥရောပ ကော်မရှင်က အရေးယူဆောင်ရွက်မယ့်အထဲမှာ သူတို့ ဘဏ္ဍာရေးစနစ်အတွက် အန္တရာယ်ရှိတဲ့ နိုင်ငံ ၁၂ နိုင်ငံ စာရင်းအသစ်ကို မေလ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။

မြန်မာလို ဖွံဖြိုးဆဲနိုင်ငံမှာ ဘဏ်လုပ်ငန်း ဆိုင်ရာအားနည်းချက်ကြောင့် အကြမ်းဖက်မှု၊ ဒါမှမဟုတ် ရာဇဝတ်ကျူးလွန်ပြီး ရထားတဲ့ ငွေတွေကို ငွေပြောင်းငွေလှဲ လုပ်နိုင်တဲ့အတွက် ဥရောပနိုင်ငံတွေကိုခြိမ်းခြောက်မှု အလားအလာရှိနေတာကြောင့် ငွေမည်း ခဝါချမှုစာရင်းတွေကို ထည့်သွင်းခဲ့တာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က သုံးသပ်ပါတယ်။

"၂၀၁၈ခုနှစ်က ချမှတ်ခဲ့တဲ့ အီးယူ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း အသစ်တွေနဲ့ ညီမညီမြန်မာနိုင်ငံက ဘဏ်လုပ်ငန်း ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ဥရောပ ကော်မရှင်က သုံးသပ်ရာမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကိုတွေ့ရှိခဲ့တာပါ။ အကြမ်းဖက်သမားတွေ ဒါမှမဟုတ် မူးယစ်ဆေးရောင်းဝယ်သူတွေ ဒါမှမဟုတ် အခြား ရာဇဝတ်ကျူးလွန်သူတွေကနေ မြန်မာရဲ့ဘဏ်စနစ် အားနည်းချက်ကို အသုံးချပြီး သူတို့ရဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် အလွယ်တကူ လုပ်နိုင်ခဲ့ပါတယ်။ သူတို့မှာ တရားမဝင်ပိုက်ဆံတွေရှိနေတယ်ဆိုရင် မြန်မာနိုင်ငံက ဘဏ်ထဲမှာ အဲဒီပိုက်ဆံတွေကို ထည့်ပြီး သန့်ရှင်းတဲ့ငွေအဖြစ် သုံးနိုင်ဖို့ ပြင်ပနိုင်ငံတွေကို ငွေကြေးလွဲှဲပြောင်းနိုင်ပါတယ်။ တကယ်လို့ ရာဇဝတ်ကျူးလွန်သူတွေဆိုရင်တော့ ဒီပိုက်ဆံကို အပျော်စီးရွက်လှေ လိုမျိုး ဝယ်စီးနိုင်ပါတယ်။ တကယ်လို့ အကြမ်းဖက်အဖွဲ့အစည်းဆိုရင်တော့ ဗုံးတွေ ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့်ဒီလိုဘဏ်လုပ်ငန်းဆိုင်ရာ အားနည်းချက်ကို အသုံးပြုနေတဲ့ ရာဇဝတ်ကျူးလွန်သူတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကနေ ဥရောပနိုင်ငံတွေဆီ ငွေကြေးလွှဲပြောင်းမှုတွေလု ပ်လာမယ့်ကိစ္စ အလွန်အန္တရာယ်ကြီးတယ်လို့ ဥရောပကော်မရှင်က သုံးသပ်တာပါ။"

ဒီလို ငွေမည်းခဝါချမှု အန္တရာယ်စာရင်းမှာ မြန်မာကို ထည့်သွင်းခြင်းအားဖြင့် ဥရောပကော်မရှင်က ဘ ာတွေမျှော်လင့်ထားသလဲ။

Mark Farmaner ရဲ့ အမြင်ကတော့

"ဥရောပကော်မရှင်ဘက်ကမျှော်လင့်ထားတာ နှစ်ချက်ရှိပါတယ်။ ပထမတချက်ကတော့ မြန်မာနိုင်ငံဟာ ဘဏ္ဍာရေးစနစ်အားနည်းပြီး အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းထဲမှာ ပါနေတာကြောင့်မြန်မာနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ဥရောပ ဘဏ်တွေအားလုံး၊ ကုမ္ပဏီအားလုံးအနေနဲ့ သူတို့နဲ့ လုပ်ကိုင်နေသူတွေ၊လုပ်ငန်းတွေဟာ ရာဇဝတ် ကျူးလွန်မှုတွေနဲ့ ပတ်သက်မှုမရှိဘူးဆိုတာ သေချာစေရေး ပိုမို စစ်ဆေးလုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ ဒုတိယအချက်ကတော့ မြန်မာအစိုးရအနေနဲ့ သူ့ရဲ့ဥပဒေတွေကို ပြောင်းလဲလိမ့်မယ်လို့ ဥရောပကော်မရှင်က မျှော်လင့်တာပါ။"

ဒါအပြင် ဥရောပကော်မရှင်ဘက်က ဒီလိုအရေးယူဆောင်ရွက်တာတွေမတိုင်ခင်မှာ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းစနစ်အားနည်းချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ဆွေးနွေးပြီး အပြောင်းအလဲတွေလုပ်ဖို့ တိုက်တွန်းခဲ့ပေမယ့် မြန်မာဘက်က လိုက်နာ လုပ်ဆောင်နိုင်ခဲ့ဲခြင်း မရှိဘူးဆိုတာ အထင်အရှားတွေ့ရကြောင်း Mark Farmaner ကပြောပါတယ်။

" မြန်မာအနေနဲ့ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးလုံခြုံမှုရှိအောင် စည်းမျဉ်းစည်းကမ်းတွေလိုက်နာရေးမှာ မြန်မာဘက်က လုပ်ဆောင်နိုင်ခြင်းမရှိတဲ့အတွက် သူတို့အနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း ဥရောပကော်မရှင်က မြန်မာအစိုးရကို ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာဘက်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှမလုပ်ခဲ့ပါဘူး။ ဒါကြောင့် ဥရောပကော်မရှင်က မြန်မာကို အန္တရာယ်ရှိတဲ့နိုင်ငံစာရင်းထဲကို သွင်းခဲ့တာဖြစ်ပါတယ်။"

ဒီလို အမည်မည်းစာရင်းထည့်သွင်းခံရတဲ့အတွက် မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးမှာ အခက်အခဲတွေ ဖြစ်စေပြီး၊ ဒေါ်အောင်ဆန်းစုကြည်အရပ်သားအစိုးရအတွက် လည်း ဂုဏ်သိက္ခာထိခိုက်စေတယ်လို့ Mark Farmaner ကပြောပါတယ်။

၂၀၁၈ခုနှစ်ကစပြီး ဥရောပသမဂ္ဂက သူတို့ရဲ့ ဘဏ်၊ ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအသစ်တွေ ပြဌာန်းပြီးနောက်ပိုင်း ဘဏ် ဥပဒေအားနည်းတဲ့ နိုင်ငံတွေကို အခုလိုမျိုး မကြာခဏ စာရင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီစာရင်းမှာပါတဲ့ နိုင်ငံတွေအနေနဲ့ ဒီလို အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းကနေ ပယ်ဖျက်နိုင်ဖို့ သူတို့ရဲ့ ဥပဒေတွေကို အသစ်ပြောင်းလဲ ပြဌာန်းပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့တာတွေ ရှိတယ်လို့ Mark Farm ကဆိုပါတယ်။

ဥရောပသမဂ္ဂရဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေမှာ အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာအပါအဝင် Bahamas, Barbados, Botswana, Cambodia, Ghana, Jamaica, Mauritius, Mongolia, Nicaragua, Panama နဲ့ Zimbabwe စတဲ့ ၁၂ နိုင်ငံကို ပြီးခဲ့တဲ့ သတင်းပတ်က သတ်မှတ်ခဲ့ပေမယ့် တချိန်တည်းမှာပဲ အရင်က သတ်မှတ်ခံထားရတဲ့ နိုင်ငံတချို့ကို ပယ်ဖျက်ခဲ့တဲ့ အထဲမှာ လာအိုစ်၊ သီရိလင်္ကာ ၊ အီသီယိုပီးယား စတဲ့ ခြောက်နိုင်ငံ ပါဝင်ပါတယ်။

အခုလို ဥရောပကော်မရှင်က မြန်မာနိုင်ငံကို အန္တရာယ်ရှိတဲ့ စာရင်းမှာ ထည့်သွင်းခဲ့တဲ့ကိစ္စဟာ စီးပွားရေးအရ အရေးယူပိတ်ဆို့တာလည်းမဟုတ်သလို လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေး စတာတွေနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ Mark Farmaner ကဆိုပါတယ်။။ ဒါဟာ စီးပွားရေးအရ လုံခြုံမှုရှိရေးမှာ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်နေတာကြောင့် ဖြစ်ပြီး မြန်မာအနေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အားနည်းချက်တွေကို ပြုပြင်ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း Mark Farmaner ကပြောပါတယ်။

XS
SM
MD
LG