သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအားကစားပွဲမှာ မြန်မာအမျိုးသား၊ အမျိုးသမီး ဘောလုံးအသင်းတွေ ရှုံးနိမ့်


တရုတ်ပြည် Jinhua မြို့မှာကျင်းပတဲ့ ဘောလုံးပွဲစဉ်တခုအတွင်း တွေ့ရတဲ့ ပွဲကြည့်ပရိတ်သတ်များ (စက်တင်ဘာ ၁၉၊ ၂၀၂၃)
တရုတ်ပြည် Jinhua မြို့မှာကျင်းပတဲ့ ဘောလုံးပွဲစဉ်တခုအတွင်း တွေ့ရတဲ့ ပွဲကြည့်ပရိတ်သတ်များ (စက်တင်ဘာ ၁၉၊ ၂၀၂၃)

တရုတ်နိုင်ငံ Hangzhou မြို့မှာကျင်းပနေတဲ့ ၁၉ ကြိမ်မြောက်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲတွေမှာတော့ မြန်မာအသင်းဟာ ဂျပန်အသင်းကို ၇ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အမျိုးသားဘောလုံးပွဲတွေ ဒုတိယအဆင့်ရှုံးထွက်ပွဲတွေကို ဒီနေ့ ကစားကြတာမှာ ဂျပန်က မြန်မာကို ၇ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားတာကြောင့် မြန်မာအမျိုးသားအသင်းဟာ ပြိုင်ပွဲကနေ ထွက်လိုက်ရပြီဖြစ်ပါတယ်။ ဒီပွဲမှာ ဂျပန်အသင်းက ပထမပိုင်းမှာ ၅ ဂိုးသွင်းခဲ့ပြီး၊ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးဘောလုံးပွဲတွေဘက်မှာတော့ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု E ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ်နဲ့ ဒီနေ့ ဖိလစ်ပိုင်အသင်း ကစားခဲ့တာမှာ ဖိလစ်ပိုင်က မြန်မာအမျိုးသမီးအသင်းကို ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။ ဖိလစ်ပိုင်အသင်းဟာ ပထမပိုင်း ၁၉ မိနစ်မှာ ပယ်နယ်တီရပြီတော့ ၁ ဂိုး ဂိုးမရှိနဲ့ ဥိးဆောင်ခဲ့ပြီး ဒုတိယပိုင်း မိနစ် ၆၀ နဲ့ ၆၁ မိနစ်တွေမှာ ဖိလစ်ပိုင်u နောက်ထပ်၂ ဂိုး ဆက်တိုက် သွင်းသွားလို့ နောက်ဆုံးမှာ ဖိလစ်ပိုင်က ၃ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။
မြန်မာ အမျိုးသမီးအသင်းပါဝင်တဲ့ အုပ်စု E မှာတော့ တောင်ကိုရီးယားက ဟောင်ကောင်ကို ၅ ဂိုး ဂိုးမရှိ နဲ့ နိုင်လိုက်တာကြောင့် ၊ ဒီအုပ်စုမှာ တောင်ကိုရီးယားက ၃ ပွဲစလုံး နိုင်ပြီး ၉ မှတ် အုပ်စု ပထမ ဖိလစ်ပိုင်က ၂ ပွဲနိုင် ၁ ပွဲ ရှုံး ၆ မှတ် နဲ့ အုပ်စု ဒုတိယ၊ မြန်မာက ၁ ပွဲ နိုင် ၂ ပွဲ ရှုံး ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာရှိနေပြီး၊ ဟောင်ကောင်ကတော့ ပွဲအားလုံးရှုံးလို့ တမှတ်မှ မရခဲ့ပါဘူး။

XS
SM
MD
LG