သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဦးသိန်းစိန် ခရီးစဉ် တရုတ်နိုင်ငံခြားရေးဌာနရှင်းလင်း


မှတ်တမ်းဓာတ်ပုံ - သမ္မတကြီးဟောင်း ဦးသိန်းစိန်။
မှတ်တမ်းဓာတ်ပုံ - သမ္မတကြီးဟောင်း ဦးသိန်းစိန်။

မြန်မာသမ္မတဟောင်းဦးသိန်းစိန်နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Wang Yi တို့ တနင်္ဂနွေနေ့ မှာတွေ့ဆုံခဲ့ကြတုန်းက ၂ နိုင်ငံစီးပွါးရေးဆက်ဆံမှုတွေ ဆက်လက်တိုးတက်ရေးကိစ္စတွေအပြင် တရုတ်နဲ့ မြန်မာ၂နိုင်ငံလုံး စိုးရိမ်ပူပန် နေကြတဲ့ မြန်မာပြည်ရဲ့ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာဘင်္ဂလား ဒေ့ချ်ဆက်ဆံရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြ တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ် Lu Kangက မနေ့ကကျင်းပတဲ့ နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲ အတွင်း သတင်းထောက် တဦးရဲ့မေးမြန်းချက်ကိုဖြေကြားတဲ့ အထဲမှာ အခုလိုပြောခဲ့တာပါ။

ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရင်းနှီးမှုအရ နိုင်ငံခြားရေးဝန်ကြီး Wang Yiနဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွါးရေးမှာ အဓိကကျတဲ့ လုပ်ငန်းတွေကို ထည့်သွင်းအကောင်အထည်ဖေါ်ရေးနဲ့ တရုတ်မြန်မာ စီးပွါးရေးပေါင်းစပ်မှုတွေကို ဆက်ပြီး တည်ဆောက်သွားဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ချ် ၂ နိုင်ငံဆက်ဆံရေး ပိုပြီးကောင်းမွန်ဖို့ကို တရုတ်နိုင်ငံက အားပေးထောက်ခံတယ် လို့လည်းဆိုပါတယ်။ ဦးသိန်းစိန်က လက်ရှိသမ္မတမဟုတ်ပဲနဲ့ ဘာကြောင့် အခုလိုတွေ့ဆုံတာလဲ ဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကိုတော့ ဦးသိန်းစိန်ဟာ တရုတ်ပြည်သူတွေ ရဲ့ မိတ်ဆွေဟောင်းတဦး ဖြစ်တဲ့အကြောင်း မိတ်ဟောင်းဆွေဟောင်းကို တရုတ်တွေက ဘယ်လိုဆက်ဆံသလဲ ဆိုတာကိုလည်း သဘောပေါက်မှာဖြစ်တဲ့အကြောင်း၊ လက်ရှိသမ္မတ မဟုတ်ပေမဲ့လည်း တရုတ်နဲ့ မြန်မာဆက်ဆံရေးကို ပိုကောင်းအောင် ဦးသိန်းစိန်ဘက်က ကြိုးစားနေ သရွေ့ တရုတ်ဘက်က သူ့ကို လိုလိုလားလား ဆက်ဆံနေမှာပဲလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် Lu Kangက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG