သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သိပ္ပံပြိုင်ပွဲဝင်မယ့် မြန်မာကျောင်းသား ထိုင်း နိုင်ငံသားပေး


ကန်သိပ္ပံပြိုင်ပွဲဝင်မယ့် မြန်မာကျောင်းသား
ကန်သိပ္ပံပြိုင်ပွဲဝင်မယ့် မြန်မာကျောင်းသား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Terra Science and Education တာရာသိပ္ပံနဲ့ နည်းပညာအဖွဲ့က ကျင်းပတဲ့ Genius Olympiad ၂၀၁၉ ပြိုင်ပွဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သိပ္ပံ နည်းပညာဆိုင်ရာ ပရောဂျက်တွေ တင်ပြတာတွေကို ယှဉ်ပြိုင်ဖို့အတွက် မြန်မာ ရွှေ့ပြောင်းကလေးငယ် ဖြစ်တဲ့ ရနောင်းမြို့က Ms Yonladee Phiyatat ယွန်းလဒီ ပီယတတ် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မအေးမာက သတင်းပေး ပို့ထားပါတယ်။

ထိုင်းတောင်ပိုင်း ရနောင်းမြို့က ယွန်းရဒီ ပီယတတ် ဆိုတဲ့ အထက်တန်း ကျောင်းသူလေးဟာလည်း အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပမယ့် Genius Olympaid လူငယ် သိပ္ပံပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံကူးလက်မှတ် ခိုင်ခိုင်မာမာမရှိတာကြောင့်၊ အမေရိကန်နိုင်ငံက ပြိုင်ပွဲက ပယ်ချထားတာပါ။ ဒီနောက်မှာတော့ သူမဟာ နိုင်ငံမဲ့အဖြစ်ကနေ ထိုင်းနိုင်ငံသား ပေးခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံမှာ ဇွန်လ ၁၉ ရက်နေမှာ ကျင်းပမယ့် ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခွင့် ရလို့ အခု သွားရောက် ပြိုင်ဖို့အတွက် အမေရိကန် ရောက်နေပြီလို့ မိခင်ဖြစ်သူ ဒေါ်မြသီတာက ပြောပြပါတယ်။

“သိပ္ပံဘာသာနဲ့ ပတ်သက်ပြီး သွားတာ သိပ္ပံပညာ စက်ပစ္စည်းပေါ့။ အမှိုက်တွေကို ခွဲထုတ်တဲ့ စက်ပစ္စည်းကို ကွန်ပြူတာနဲ့ ထိန်းချုပ်တာပေါ့။ ဒီပစ္စည်းကို သူတို့ ကိုယ်တိုင် လုပ်တာတော့ မဟုတ်ဘူး။ ဆရာတွေက ထွင်တာ သူတို့က အုပ်စုလိုက် ပူးပေါင်းပါကြတာ သူတို့ကို ဆရာတွေ ရွေးချယ်တာပါ။”

မြန်မာရွှေ့ပြောင်းကလေးငယ် Ms Yonladee Phiyatat ယွန်းလဒီ ပီယတတ် ဟာ ငယ်ငယ်ထဲက ကျောင်းမှာ ထူးချွန်တဲ့ ကလေး ဖြစ်တာကြောင့် မြို့နယ်ကနေ တနိုင်ငံလုံးအဆင့် အင်္ဂလိပ်စာပြိုင်ပွဲမှာလည်း ပထမ ရရှိခဲ့သူ ဖြစ်ပါတယ်။ အခက်အခဲတွေကြား ပြိုင်ပွဲဝင်ဖို့ လုပ်တဲ့အခါမှာ နိုင်ငံမဲ့ ဖြစ်တာကြောင့် နိုင်ငံကူးစာအုပ် ရဖို့ကအစ အခက်အခဲတွေ ရှိခဲ့တာပါ။ ပြိုင်ပွဲကိုလည်း အဆင့်ဆင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပုံကိုလည်း ပြောပြခဲ့ပါတယ်။

“ကျမတို့ကလေ ရွှေ့ပြောင်းအလုပ်သမားတွေပေါ့။ သူက ထိုင်းနိုင်ငံမှာ မွေးတာ။ ကိုယ်ကတော့ ဗီဇာနဲ့ ပတ်စပို့နဲ့ နေတယ်။ ကလေးတွေက ပန်းရောင်ကဒ် ခုနစ်နဲ့ စတယ်။ သူတို့ကတော့ ငယ်ငယ်ထဲက ဒီမှာကျောင်းနေတယ်။ စာတော်လာတယ်။ ဒီလိုပြိုင်ရင်းနဲ့ Genius Olympaid မှာ ပြိုင်ခွင့် ရလာတယ်။ ပေါ့ပေါ့ပါးပါး နိုင်တာတော့ မဟုတ်ဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြိုင်ရတာ မြို့နယ်ကနေ အဆင့်ဆင့်ပြိုင်တာ သူကနိုင်တယ်။ နိုင်ပြန်တော့လည်း အမေရိကားဘက်ကနေ အဖွဲ့တွေကို ပြန်ရွေးတာ ပြန်တယ်။ သူက ဗွီဒီယို Call ခေါ်ပြီး ရွေးချယ်ပြီး ပြန်ခေါ်ပေးတာပါ။”

Genius Olympaid ပြိုင်ပွဲဆိုတာဟာ တကမ္ဘာလုံးက ကျောင်းသားတွေက ဝင်ရောက် ပြိုင်ဆိုင်ရတဲ့ သိပ္ပံဆိုင်ရာ ပြိုင်ပွဲဖြစ်ပါတယ်။ Genius Olympaid ဆိုတဲ့ ပညာရေး ရန်ပုံငွေအဖွဲ့ဟာ အခြေခံ သိပ္ပံပညာ၊ အနုပညာ၊ ဖန်တီးရေးသားမှု၊ အင်ဂျင်နီယာပညာရပ်၊ စီးပွားရေးလုပ်ငန်းတွေ ဖွံဖြိုးရေး စတာတွေတဆင့် ကမ္ဘာတဝန်းလုံးက လူငယ်တွေ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရေရှည်ဆောင်ရွက်နိုင်ဖို့ အားပေးတဲ့ အစီအစဉ်တရပ်လည်း ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG