သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်ဆာကင်းလွတ်ခွင့်ပေးဖို့ စာပေစိစစ်ရေး ကြေညာ


မြန်မာနိုင်ငံမှာ ပုံနှိပ်ဖြန့်ဝေနေတဲ့ စာနယ်ဇင်းတွေကို ဆင်ဆာတည်းဖြတ်မှုတွေ မလုပ်တော့ဘူးလို့ မြန်မာနိုင်ငံ စာပေ စိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပုံနှိပ်ဖြန့်ဝေနေတဲ့ စာနယ်ဇင်းတွေကို ဆင်ဆာတည်းဖြတ်မှုတွေ မလုပ်တော့ဘူးလို့ မြန်မာနိုင်ငံ စာပေ စိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပုံနှိပ်ဖြန့်ဝေနေတဲ့ စာနယ်ဇင်းတွေကို အခုအခါ ဆင်ဆာတည်းဖြတ်မှုတွေ မလုပ်တော့ဘူးလို့ မြန်မာနိုင်ငံ စာပေ စိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက ကြေညာလိုက်ပါတယ်။ စာနယ်ဇင်း လုပ်ငန်းတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေတယ်လို့ သတင်းမီဒီယာ လွတ်လပ်ခွင့် စောင့်ကြည့်သူတွေရဲ့ ဝေဖန်တာကို ခံနေရတဲ့ မြန်မာနိုင်ငံမှာ အခုလို လျှော့ပေါ့မှုတွေ ရှိလာပေမဲ့လို့ ကန့်သတ်မှုတွေကတော့ အဆုံးသတ်သွားတာတော့ မဟုတ်သေးဘူး လို့လည်း မြန်မာ့စာနယ်ဇင်း လောကက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီကနေ့ ရန်ကုန်မှာပြုလုပ်တဲ့ စာပေစိစစ်ရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုရဲကျော်အောင် က တင်ပြပေးထားပါတယ်။

ဒီကနေ့ မှာ တော့ စာပေစိစစ်နဲ့ မှတ်ပုံ တင်ဌာန က တာဝန်ရှိပုဂ္ဂိုလ်တွေ က ပြည်တွင်းမှာ ထုတ်ေ၀ နေတဲ့ သတင်းနဲ့ ဘာသာရေးဆိုင်ရာ ဘာသာရပ်တွေ ကို တာဝန်ယူ လုပ်ကိုင်နေကြတဲ့ အယ်ဒီတာတွေ ကို ခေါ် ယူ ပြီး သတင်းနဲ့ဘာသာရေး ဆိုင်ရာ စာပေတွေ ကို ရုံးတင် ဖို့ မလိုတော့ ဘူး လို့ပြောကြား လိုက်ပါတယ်။

အခု လို သတင်း နဲ့ ဘာသာရေးဆိုင် ရာ စာပေ တွေ ကို ၁၉၆၂ ပုံနှိပ်အက်ဥပဒေရဲ့ ညွန်ကြားချက် အမှတ် ၅၁ အရ အခု လို စာပေစိစစ်ရေး တင်ပြဖို့ မလိုပဲ ထုတ်ေ၀ ခွင့် ပြုလိုက်တာ လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်သူ့ ဆက်ဆံရေးဌာန ရဲ့ ဒု-ညွှန်ချုပ်လည်းဖြစ် စာပေစိစစ်ဌာနရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဦးတင့်ဆွေက ဗွီအိုအေနဲ့ သီးခြား မေးမြန်းမှုမှာ ပြောကြားလိုက်တာပါ။

“ပြုပြင်ပြောင်းလဲရေး ပဉ္စမအဆင့်ကို ကျနော်တို့ ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။ အဲ့ဒီ့အတွက် ဂျာနယ်လစ်တွေရော ထုတ်ဝေသူတွေရော အားလုံး တစ်ရာလောက် လာတက်တာ ရှိပါတယ်ခင်ဗျ။ အဲ့ဒီ့မှာ ကျနော်တို့ အဓိက ဆုံးဖြတ်တာ ကတော့ တင်-ထုတ် စနစ်အနေနဲ့ ကျန်နေတဲ့ ဘာသာရပ်နှစ်ခုပေါ့။ နိုင်ငံရေးနဲ့ ဘာသာရေး ဘာသာရပ် နှစ်ခုပေါ့ အဲ့တာနဲ့ ပတ်သတ်လို့ ဂျာနယ်တွေက ကျနော်တို့ ၈၆စောင်လောက် ရှိပါတယ်။ မဂ္ဂဇင်းတွေ ၅၅စောင် လောက်ရှိပါတယ်။ နောက်တခါ နိုင်ငံရေး ဘာသာရေးနဲ့ပတ်သတ်လို့ အထွေထွေ ထုတ်ဝေသူတွေ ရှိပါတယ်။ နောက်တစ်ခါ ပြက္ခဒိန်တို့ ပို့စကဒ်တို့ သဝဏ်လွှာတို့ စသဖြင့်ပေါ့။ အဲ့တာတွေ အားလုံးကို ယခင် တင်-ထုတ်စနစ်ကနေ ထုတ်-တင်စနစ်ကို ကျနော်တို့ ခွင့်ပြုတယ်ပေါ့ ခင်ဗျာ။အဲ့တာတွေ ခေါ်ယူပြီးတော့မှ ကြေညာချက်ပေးတာပါ”

သတင်းဂျာနယ်တွေ နဲ့ ဘာသာရေးဆိုင်ရာ တွေကို စာပေစိစစ်ကို တင်ပြခဲ့ ရတာ ဟာ ၁၉၆၂ ခုနှစ် ကနေ အခု အချိန်ထိ ဆို နှစ်ပေါင်း ၂၀ ကျော် ရှိခဲ့ပါပြီ။ သတင်းဂျာနယ်တွေနဲ့ဘာသာရေးဆိုင်ရာ စာပေ ထုတ်ေ၀ ခွင့်တွေ ကို စာပေ စိစစ်ရေး ကြိုတင် တင်ပြစရာ မလိုတော့ ပေမဲ့ ၁၉၆၂ ဆိုင် ရာ ပုံ နှိပ် ဥပဒေ ကြီး ရှိနေသေး တာကြောင့် မိမိ စိတ်ကြိုက်ရေးသားခွင့်ဆိုင်ရာ စာပေ လွတ်လပ်ခွင့် ရတာတော့ မဟုတ်သေးဘူး လို့ ယခင် ပြည်ပမှာ အခြေစိုက် ခဲ့ ပြီး အခုပြည်တွင်းမှာ သတင်းဂျာနယ် ထုတ်ေ၀ တော့မယ့် Mizzima သတင်းဌာန က စီမံ ခန့်ခွဲမှု ဒါရိုက်တာ ဦးစိန်ဝင်း က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒီလိုလုပ်လို့ အခြေအနေဟာ လုံးဝပြောင်းလဲသွားသလား။ တခြားပိုင်း ဥပဒေရေးရာပိုင်း နောက်ပြီးတော့ ဆင်ဆာအပိုင်းမှာ လုံး၀ ပြောင်းလဲသွားသလားတော့လည်း မဟုတ်သေးဘူးဗျ။ ဆင်ဆာဘုတ် ကိုတော့ ကြိုတင်ပြီးတော့ ဖျက်လိုက်ပြီ။ ဒါပေမယ့် စောင့်ကြည့်မယ်။ ဈေးကွက်ဖြန့်ထားပြီးသားကို စောင့်ကြည့်မယ်။ အဲ့ဒီ့မှာ ၁၉၆၂ ပုံနှိပ်ဥပဒေနဲ့ ငြိစွန်းတာ ရှိရင် အရေးယူခံရလိမ့်မယ်။ ပုံနှိပ်ဥပဒေ အစိုးရက ပြဌာန်းဖို့ လုပ်နေတာပေါ့နော်။ ပုံနှိပ်ဥပဒေ လွှတ်တော်မှာ စိစစ်ပြီး ပြဌာန်းဖို့ လုပ်နေတယ်။ အဲ့ဒီ့ဟာ မလာခင်မှာ ၆၂- ဥပဒေကို မဖျက်သိမ်းသေးပဲ ယာယီအနေနဲ့ ထားထားဦးမယ်ပေါ့နော်။ အဲ့လိုမျိုးဆိုတဲ့အခါကျတော့ စာပေလွတ်လပ်မှုနဲ့ ပတ်သက်ရင်တော့ မရှိသေးဘူးပေါ့ဗျာ။”

စာပေစိစစ်ရေး ကို စာ မူတွေ တင်ပြ စရာ မလို တော့ ပဲ ထုတ်ေ၀ ခွင့် ရရှိတာကြောင့် အရင် ကလို မိမိ ရေး သား ဖော်ပြ လို တဲ့ သတင်းတွေ ကို အချိန်နဲ့တပြေးညီ ဖော်ပြခွင့် ရရှိ လာ နိုင်တယ် လို့ လည်း ပြည်တွင်းမှာ သတင်းဂျာနယ် ထုတ်ေ၀ နေတဲ့ Open သတင်းဂျာနယ် အယ်ဒီတာချုပ် လည်းဖြစ် ထုတ်ဝေသူ လည်း ဖြစ်တဲ့ ဦးသီဟစော က အခု လို ပြောပြပါတယ်။

“ဖြုတ်ခိုင်းရင် ဖြုတ်ရတာတို့ ရွှေ့ခိုင်းရင် ရွှေ့ရတာတို့ ဒါတွေအကုန်လုံးက ကိုယ့်သဘောနဲ့ ကိုယ်လုပ်ခွင့်ရှိ လာတာပေါ့နော်။ အရေးကြီးတာတော့ ကိုယ့်စိတ်ကြိုက်ရေးပေါ့။ ဘယ်လိုပြောမလဲဆိုလို့ရှိရင် အဖုံးတို့ ဘာတို့ ကိုယ်ထားချင်တာကို ကိုယ့်ဘာသာလုပ်ပေါ့”

စာပေ စိစစ်တဲ့ လုပ်ငန်းတွေ ကို အခု လဝက် က စပြီး လုပ် ကိုင် စရာ မလိုတော့တဲ့ စာ ပေ စိစစ် နဲ့ မှတ်ပုံ တင် ဌာ န ဟာ အခု ဆိုရင် စာပေ ထုတ်ေ၀ ခွင့်ဆိုင်ရာ မှတ်ပုံ တင်တာတွေ နေ့ စဉ် ထွက်ရှိ တဲ့ ဂျာနယ်တွေ အလိုက် မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်တွေ ကို လုပ်ဆောင် သွားမယ်လို့ ဦးတင့်ဆွေ ကဗွီအိုအေ နဲ့ သီးခြားမေးမြန်းမှု မှာ ဖြေကြားခဲ့ပါသေးတယ်။

“ နိုင်ငံတွင်းမှာ ထုတ်တဲ့ ထုတ်ဝေတာတွေ အားလုံးကို မှတ်ပုံတင်တဲ့ စနစ်ပေါ့။ ဒီစနစ်က ယခင်လည်း ကျနော်တို့ လုပ်တော့လုပ်ပါသေးတယ်။ သို့သော် ယခုအခါ ဒါက ပိုပြီးတော့မှ အဓိကဖြစ်လာတာပေါ့။ အခု နေ့စဉ် ထုတ်ဝေတာတွေ အားလုံးကို မှတ်ပုံတင်တဲ့စနစ်လုပ်ပါမယ်။ ပြီးရင် ပုံနှိပ်သူ ထုတ်ဝေသူတွေရဲ့ ထုတ်ဝေခွင့်တွေကို မှတ်ပုံတင်တာလုပ်ပါမယ်။ ဒီစနစ်နှစ်ခုကတော့ ကျနော်တို့ရဲ့ အဓိက တာဝန်တွေ ဖြစ်လာပါမယ် ခင်ဗျ။”

၁၉၆၂ က ကျင့် သုံး ခဲ့ တဲ့ စာ ပေ ဆိုင်ရာ ကိစ္စ တွေ ကို တစ်ဖက်သက် ဖိနှိပ်တဲ့ ဒီဥပဒေ ကို အစား ထိုးမယ့်ပုံနိပ်ဥပဒေ သစ် တစ်ရပ်ကို သြဂုတ်လ ၇ရက်နေ့ မှာ နိုင်ငံတော် သမ္မတ ရုံး ကို တင် ပြ ပြီး လွှတ်တော် မှာဆွေးနွေးတော့ မှာ ဖြစ်တယ် လို့ ဦးတင့်ဆွေ က ဗွီအိုအေကို ပြောခဲ့ ပါသေးတယ်။

သတင်းမီဒီယာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံမှာ မကြာသေးခင်တုန်းက အမြုတေ စာနယ်ဇင်း ကောင်စီတစ်ခု အဖြစ်နဲ့လည်း ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့တာလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကောင်စီ ဖွဲ့စည်းပေးခဲ့မူ မှာ စာနယ်ဇင်းသမားတွေနဲ့ မူလက ဆွေးနွေးတိုင်ပင်ခဲ့တဲ့ အချက်တွေ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ကန့်ကွက်မူတွေ လည်း ရှိခဲ့ပါတယ်ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG